ဇွဲကပင်တောင်ပေါ်က မှန်တံတား မှန်သားများ တပ်ဆင်မယ့် အဆင့်အထိ ရောက်ရှိလို့နေပါပြီ။

ကရင်ပြည်နယ်ရဲ့ အထင်ရှားဆုံးဖြစ်တဲ့ ဆံတော်ရှင်ဇွဲကပင်တောင်ပေါ်မှာ မှန်သားနဲ့ပြုလုပ်ထားတဲ့ view point တစ်ခုကို

၂၀၁၈ နှစ်ကုန်ပိုင်းလောက်ကစပြီး အကောင်အထည်ဖော်နေတာ အခုဆိုရင် မှန်သားများကို တပ်ဆင်မယ့် အဆင့်အထိ ရောက်ရှိလို့နေပါပြီ။

အလွန်တရာမှ လှပမှုရှိတဲ့ ဇွဲကပင်တောင်ထိပ်အပေါ်မှအမြင့်ကို မှန်သားတွေနဲ့အခင်းခင်းထားတဲ့ကြမ်းပြင်ပေါ်မှာ အသည်းအေးအေးနဲ့

ကြည့်ရှု့နိုင်တော့မှာပါ။ခန့်မှန်း ခြေ တပေါင်းလပြည့်နေ့ ဇွဲကပင်တောင်တက်ပွဲအမှီပြီးစီးဖို့ လုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။

တစ်ဆက်တည်းမှာပဲ ယခုလိုတပ်ဆင်နေမှုကို အမြင် (၂) မျိုးရှိနိုင်ပါတယ်။အရည်အသွေးပိုင်းဆိုင်ရာနဲ့ဘေးကင်းလုံခြုံမှုကို ဝေဖန်အကြံပြုသူတွေနဲ့ ယခုလို တပ်ဆင်မှုကို လိုက်လိုက်လှဲလှဲကြိုဆိုသူတွေဆိုပြီး အမြင် (၂) မျိုးရှိမှာပါ။

ဘားအံမြို့ ဇွဲကပင်တောင်ခြေအနီးတစ်ဝိုက်က ရွာသူရွာသားတွေကတော့ ချွေးတွေ အချိန်တွေ ပေးဆပ်ရင်း ချွေးတလုံးလုံးနဲ့မမောနိုင်မပန်းနိုင်

ပျော်ရွှင်ဖွယ်အတိရှိတဲ့ အပြုံးတွေနဲ့ ဇွဲကပင်တောင်တက်ရောက်လာသူအားလုံး နောင်အခါ မှန်သားကြမ်းခင်းနဲ့ view point

ပေါ်ကနေသံလွင်မြစ်နဲ့တောင်တန်းတွေအလှကိုတဝကြီး အသည်းတအေးအေးကြည့်ရဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။

ယခုလုပ်ဆောင်မှုတွေကို သွားရောက်လေ့လာသူများ အနေနဲ့လဲ သွားရောက်လေ့လာကြည့်ရှု့နိုင်ပါကြောင်း

Photo – ဦးနန္ဒိယ ဇွဲကပင် ကရင်ပြည်နယ် ဘားအံမြို့တော် – Zin Moe

28 Shares

Add a Comment

Your email address will not be published. Required fields are marked *