ကြောက်စရာ အမြန်လမ်းဖြစ်ရပ်..။ ယာဉ်မောင်းအား ဓါးနဲ့ထိုးပြီး ကားယူမောင်းပြေးမှု

21 Shares

အမြန်လမ်းမှာယာဉ်မောင်းအား ကားငှားလာသူများမှ ဓါးနဲ့ထိုးပြီးကားယူပြေး

ဖေဖော်ဝါရီလ(၆)ရက်နေ့ ညနေ(၀၅၀၀)နာရီချိန်ခန့််က နေပြည်တော်တွင် ကျောက်ပန်းချီကားများ တင်ရန် တောင်ဥက္ကလာပ နန္ဒဝန်ဈေး

အနီးရှိ အငှားယာဉ် ဂိတ်မှအငှါးလိုက်ပါလာသည့် ယာဉ်မောင်း ကိုဝင်စိုး. (၃၄)နှစ်. (၆)ရပ်ကွက် တောင်ဥက္ကလာပ. ရန်ကုန်မြို့ နေ သူမောင်းနှင်သော 8G/9727. Light truck အဖြူရောင်ယာဉ်သည်.

ငှားရမ်းသူ. ကျား(၂)ဦး(စိစစ်စဲ) လိုက်ပါလျက်. ည(၁၀၃၀) နာရီချိန်တွင် ဖြူးတွင်ထမင်းစားပြီး. ဆက်လက် ထွက်ခွာရာ. မိုင်တိုင် ၁၇၉/၁နှင့်

၁၇၉/၂. အကြား လမ်းဘေး မြေသားလမ်းတွင် ရပ်တန့်ရပ်နား ရ်ျ. ယာဉ်ပေါ် ပါသူ များနှင့်အတူ ဘီယာ အတူတူ ထိုင်သောက်ရင်း. မှ

ဖေဖေါ်ဝါရီလ(၇) ရက် နံနက်(၀၂၀၀) နာရီခန့်လောက်တွင် ယာဉ်မောင်းအား. ကားငှား လာသူ များမှ. ဒါးနှင့် ထိုးရ်ျ ယာဉ်ကိုမောင်းနှင်သွားသည်ကို တွေ့ရှိကြောင်း

ခရီးသွားယာဉ်(၁)စီးမှ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ သို့  သတင်းပေးပို့ သဖြင့်. အခင်းဖြစ်ရာ နေရာသို့ . အမြန်လမ်းမကြီး ရဲတပ်ဖွဲ့  သာဂရ စခန်းမှ တပ်ဖွဲ့ ဝင်များ သွားရောက်စစ်ဆေးရာ.

ယာဉ်မောင်း ကိုဝင်းဆွေ အား ဝမ်းဗိုက် ဒဏ်ရာ(စိုးရိမ်ရ) တွေ့ ရှိသဖြင့်. လူနာ ကို ဆေးရုံသို့  နံနက်(၀၂၃၀) နာရီတွင် ပို့ ဆောင် ထားရှိပြီး တရားခံ နှင့်ယာဉ်အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်.

ကနဦး ဒဏ်ရာရရှိသူထွက်ချက်အရ ခေတ္တရပ်နား စဉ်စကားများရာမှ. ဒါးဖြင့်ထိုးကာ လက်လွန်၍ ကားယူကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Crd:အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

21 Shares

Add a Comment

Your email address will not be published. Required fields are marked *