ပေါင်(၂၀၀)ကျော်လောက် ဖြစ်သွားတဲ့ ခန္ဓာကိုယ်ကနေ ယခုလက်ရှိ သွယ်လျတဲ့ ခန္ဒာကိုယ်ရအောင် စမိုင်းမှာ အပြင်းအထန် ကြိုးစားခဲ့ရပါတယ်။

84 Shares

မော်ဒယ်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ စမိုင်းလ်ဟာ သမီးလေးနှစ်ယောက် မွေးပြီးတဲ့နောက်ပိုင်းမှာ သူမရဲ့ ခန္ဓာကိုယ်ဟာ အဆမတန်ဝခဲ့ပါတယ်။ ပေါင်(၂၀၀)ကျော်လောက် ဖြစ်သွားတဲ့ ခန္ဓာကိုယ်ကနေ ယခုလက်ရှိ သွယ်လျတဲ့ ခန္ဒာကိုယ်ရအောင် စမိုင်းမှာ အပြင်းအထန် ကြိုးစားခဲ့ရပါတယ်။ စမိုင်းလ်တစ်ယောက် အခုလိုမျိုး ခန္ဓာကိုယ် ရအောင် ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတဲ့အကြောင်းကို ဗီဒီယိုဖိုင်လေး တင်ပြီး ပြောထားပါတယ်။

သူမဖေ့စ်ဘွတ်ပေ့ခ်ျမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ ပေါင်(၂၀၀)ခန္ဓာကိုယ်ကနေ အလေးချိန်လျှော့ချသွားဖို့အတွက် အပြင်းအထန် လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ ပုံရိပ်တွေ၊ အစားအသောက်ပုံစံလေးတွေကို အကုန်လုံးကို မှတ်တမ်း တင်ထားခဲ့တာ ဖြစ်ပါတယ်။ စမိုင်းလ်ဟာ အဲ့ဒီဗီဒီယိုဖိုင်ကို ဖေဖော်ဝါရီ(၆) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ခဲ့တာဖြစ်ပြီး အခုချိန်မှာ ဗီဒီယိုဖိုင်ကြည့်ရှုသူဦးရေက ၂သိန်း ကျော်ရှိခဲ့လို့ နေပါပြီ။

ဒီလိုခန္ဓာကိုယ်ရဖို့အတွက် ကြိုးစားခဲ့ရတဲ့ စမိုင်းလ်မှာ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်လေး တစ်ခုရှိပါတယ်။ အဲ့ဒါက “ဘယ်တော့မှစိတ်ဓါတ်မကျပါနဲ့.. မဖြစ်ဘူးဆိုတာမရှိဘူး အဓိကကစိတ်ပဲ ဘာမဆိုစိတ်ဆောင်ရင်ဖြစ်နိုင်ပါတယ်” ပါတယ်ဆိုတဲ့ စကားလေးပါ။

သရုပ်ဆောင် စမိုင်းလ်မှာ မကြာခင်မှာလည်း “ဝသောသူကိုကြင်နာပါ” ဆိုတဲ့ စာအုပ်ကို ထွက်ရှိတော့မှာပါ။ အဲ့ဒီစာအုပ်ထဲမှာလည်း ဝနေတဲ့အချိန်မှာ သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ ပြောင်းလဲဖို့အတွက် ဘယ်လိုတွေ ကြိုးစားခဲ့ရလဲဆိုတဲ့ အကြောင်းတွေကို မျှဝေထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုယ်တိုင် ကြုံတွေ့ခံစားထားရတာကို ရေးသားဖော်ပြထားတဲ့ စမိုင်းလ်ရဲ့ “ဝသောသူကိုကြင်နာပါ” ဆိုတဲ့ စာအုပ်က ဖေဖော်ဝါရီ(၁၀) ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။ စာအုပ်ထွက်တဲ့နေ့မှာ စမိုင်းလ်က ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

စမိုင်းလ်ရဲ့ “ဝသောသူကိုကြင်နာပါ” စာအုပ်ကို ဖေဖော်ဝါရီ(၁၀) ရက်နေ့တွင် ရန်ကုန်မြို့ ၊ Junction City တွင် နေ့လည် (၂)နာရီမှ (၅)နာရီအထိ စမိုင်းလ်ကိုယ်တိုင် လက်မှတ်ရေးထိုးပေးပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။

သရုပ်ဆောင်စမိုင်းလ်(Smile)ဟာ အခုဆိုရင် စမိုင်းလ်ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ ဦးဆောင်နေသလို ပရိသတ်နဲ့ အဆက်အသွယ်မပြတ်ဖို့ သရုပ်ဆောင် အလုပ်တွေပါ ပြန်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီနောက် အလှူအတန်းတွေလည်း မကြာခဏဆိုသလို ဆောင်ရွက် နေတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ သူချစ်ရတဲ့ ခင်ပွန်းရယ်၊ သမီးလေး နှစ်ယောက်ရယ် နဲ့ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။

Crd:smile

84 Shares

Add a Comment

Your email address will not be published. Required fields are marked *