မကြာခင် မင်္ဂလာဆောင်တော့မဲ့ အဆိုတော်ဝန တို့ချစ်သူနှစ်ဦးရဲ့ Pre Wedding ပုံရိပ်များ

သိပ်မကြာခင် အစွံထုတ်တော့မယ့် အဆိုတော် ဝနရဲ့ တမူထူးခြားအောင်လှတဲ့ Pre Wedding ပုံရိပ်များ

သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ရင်ထဲ နေရာအပြည့်ဝင်ယူနိုင်ခဲ့တဲ့ အဆိုတော်ဝနကတော့ မင်္ဂလာပွဲကို ကျင်းပဖို့ တာဆူနေခဲ့တဲ့ မနှစ်တည်းကပါ။ ချစ်သူသက်တမ်း (၉) နှစ်ကျော်လာအောင် ခိုင်မြဲစွာတည်ဆောက်ထားနိုင်တဲ့ သူတို့ရဲ့ Relationship ကိုလည်း ပရိသတ်တွေက ချီးကျူးသဖွယ် အားကျခဲ့ကြတာတွေ့ရပါတယ်။ မအားလပ်တဲ့ အလုပ်တွေကြောင့် မင်္ဂလာပွဲကို ၂၀၁၈ ထဲမှာ ကျင်းပဖို့ လျာထားခဲ့ပေမယ့် ၂၀၁၉ ကိုပြောင်းရွှေ့လိုက်ရတာဖြစ်တယ်လို့ ဝနကမီဒီယာတွေမှာပြောဖူးပါတယ်။

မြစ်ကြီးနားဇာတိမှာမွေးဖွားခဲ့တဲ့ ချစ်သူလေးကိုရထားတဲ့ အဆိုတော် ဝနကတော့ သူတို့ မင်္ဂလာဦးအကြိုပုံရိပ်လေးတွေကိုလည်း မြစ်ကြီးနားရဲ့အလှအပတွေကြားမှာ သွားရောက်ရိုက်ကူးထားတာတွေ့ရပါတယ်။ အင်မတန် ရိုမန်တစ်ဆန်လွန်းလှတဲ့ ချစ်သူနှစ်ဦးရဲ့ Pre Wedding ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။

ဝနတို့ ချစ်သူ (၂) ဦး ပျော်ရွှင်စွာနဲ့ သက်ထက်ဆုံးတိုင် ပေါင်းသင်းသွားနိုင်ကြပါစေ။

source:wanna

143 Shares

Add a Comment

Your email address will not be published. Required fields are marked *