ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် စာပေစကားဝိုင်း မြိတ်တက္ကသိုလ် တွင်ကျင်းပ
|ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ် စာပေစကားဝိုင်း မြိတ်တက္ကသိုလ် တွင်ကျင်းပ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲
မြိတ် ဖေဖော်ဝါရီ ၈
ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြိတ်တက္ကသိုလ်နှင့် မြိတ်မြိုနယ် စာရေးဆရာ အသင်းတို့ပူးပေါင်းကာ စာပေစကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ မြိတ်တက္ကသိုလ်တာဝန်ခံပါမောက္ခချုပ် ဒေါက်တာနီနီဦးက အဖွင့်အမှာ စကားပြောကြားကာ စာရေးဆရာမ တက္ကသိုလ်မမိုးမြေမှ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်ဓာတ်၊ လွတ်လပ်ရေးအရယူနိုင်ရေး ကြိုးပမ်းမှုနှင့် အတုယူဖွယ် ဂုဏ်ရည်ကို ပညာပေးဟောပြောသည်။
ထိုနောက် စာရေးဆရာမတက္ကသိုလ်မမိုးမြေ၊ မြိတ်တက္ကသိုလ် မြန်မာစာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဇော်ဝင်း၊ မြိတ်တက္ကသိုလ်သမိုင်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသဇင်၊ မြိတ်မြို့နယ်စာရေး ဆရာအသင်းမှ စာရေးဆရာ မိုးမြင့်မိုး၊ စာရေးဆရာလရိပ်သစ်၊ ဓာတုဗေဒအထူးပြုကျောင်းသား မောင်ဟိန်းထက်စိုးနှင့် မြန်မာစာအထူးပြုကျောင်းသူ မရွှန်းလဲ့မေတို့က လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်းဆန်း၏ ငယ်စဉ်ဘ၀ကတည်းက ရိုးရိုးကျင့် မြင့်မြင့်ကြံတတ်ပုံ၊ မိမိနိုင်ငံလွတ်လပ်ရေးကိုသာ အာရုံစူးစိုက် ဆောင်ရွက်ပုံ၊ အာဏာအသုံးပြု အခွင့်အရေး မယူတတ်ပဲ ကိုယ်ကျင့်တရားမြင့်မြတ်ပုံကို စာပေစကားဝိုင်း ဆွေးနွေးကြသည်။
ထို့နောက် မြိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၀န်ထမ်းများ က ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘ၀ ဖြစ်စဉ်များ၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ရဲရင့်ပြတ်သားသည့် မိန့်ခွန်းများ၊ အတုယူဖွယ်ဂုဏ်ရည်များကို ပိုစတာများ၊ မှတ်တမ်း ဓာတ်ပုံများဖြင့် ပြသကြကာ စာရေးဆရာများ ထုတ်ဝေရေးသားထား သည့် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း စာအုပ်များကို နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Credit
ဇော်မျိုးနိုင်