ကျပ်သိန်း ၂ သောင်းခွဲဆိုပြီး မိုးယံ ဂျင်းမမိစေဖို့ ထီမထိုးခင် အမှီသတိပေးလိုက်ပါတယ်

4 Shares

မိုးယံ ဂျင်း မမိကြဖို့👇အိမ်က အမေ က မသိလို့ ထိုးလာတယ် ၁ ထောင်တန် ထီ ၁၀ ရွက် ၁၁၀၀၀ တဲ့ ထီလက်မှတ် မကြည့်သေးခင် အော် အင်း တစောင် ၁၀၀ အမြတ်တင် ပေးရမှာပဲလေ ဆိုပြီး နေလိုက်တယ်ပြီးမှ ထီလက်မှတ်ပုံစံ မြင်ဖူးချင်တာနဲ့ထီဂဏန်း ကြည့်ချင်တာနဲ့ တောင်းကြည့်တော့
ဟိုက်🙄 သိန်း ၂သောင်းငါးထောင်ဆိုပါလားးးဟ ကိုယ်သိထားတာ သိန်း ၁သောင်းငါးထောင်ထီ ပါဆိုပြီး စာတွေ သေချာလိုက်ဖက် ထီလက်မှတ်တွေ ထုတ်စစ်မှ အော် သိလိုက်ပြီ အဖြေ က????? မသိနားမလည်တဲ့ လူတချို့ (ကိုယ့်အမေ အပါအဝင်) ကို ဂျင်း အတောက်လိုက် ထည့် တဲ့ ဖြစ်စဉ်

၁၀၀၀ တန် လက်မှတ် ၉ရွက် ထည့် ၅၀၀ တန် လက်မှတ် ၁ ရွက် ညှပ်ပြီး ၁၀၀၀တန် ထီ အမြင့်ဆုံးဆု သိန်း၁သောင်းခွဲ ၅၀၀တန် ထီ အမြင့်ဆုံးဆု သိန်း၁သောင်း စုစုပေါင်း သိန်း ၂သောင်းခွဲ နဲ့ မက်လုံးပေးရောင်း (လူတယောက်က ၂မျိုးပေါင်း တခါထဲတွဲပြီး ပေါက်နိုင်တယ်ပေါ့ အားးးဂျီးးးးးနဲ့😝ဗုဒ္ဓစကား ဌားပြောရရင် ဗြမ္မာပြည်က ပစ်ချလိုက်တဲ့ အားတချောင်း နဲ့ လူပြည် က ထောင်ထားတဲ့ အပ်တချောင်း အပ်ထိပ်ဖျားခြင်း ထိဖို့ က လွယ်ချင်လွယ်ဦးမယ်၂မျိုးပေါင်း သိန်း၂သောင်းခွဲ တပြိုင်တည်းပေါက်ဖို့ လေးသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း ဘဝဆက်တိုင်း လူပြန်ဖြစ် ထီထိုးနေရင်တောင် မဖြစ်နိုင် 😂)

၁၀စောင်ဈေး ၁၁၀၀၀ ပေးရတဲ့ ဈေးမှာ ၁၀၀၀တန်လက်မှတ် ၉စောင်အတွက် ၁၁၀၀ပေး ထိုးလိုက်ရတာ မပြောလိုပေမယ့် ၅၀၀တန်လက်မှတ် ၁စောင်ပါတာကို ၁၁၀၀ကျပ်ပေးထိုးလိုက်ရတာတော့ ပြောရတော့တာ☹️ ၅၀၀တန်ကို ၁၁၀၀ ရောင်း အမြတ် ၆၀၀ ယူလိုက်တာ တရွက် ၆၀၀ မြတ် ထီလက်မှတ်ပေါင်း သန်းပေါင်းများစွာ အားးးလားးလားးး မိုက်ရိုင်းချက်ပဲ😡

ထီကံစမ်းတက်သော မိတ်ဆွေတို့ ၅၀၀တန် ထီလက်မှတ် သီးသန့်ပါတာ ၁၀၀၀တန် ထီလက်မှတ် သီးသန့်ဖြစ်တာပဲ ထိုးကြပါလို့ နှိုးဆော်ရင်း စကားမစပ် 👇 ဘာပြောင်းမယ် ညာပြောင်းမယ် ပြောင်းလဲချိန်တန် စဉ်းစားချိန်တန်ပြောင်းစားချိန်တန် ပေါင်းစားချိန်တန်နေကြသော သက်ဆိုင်ရာ လူကြီးမင်းများ😝 ပြည်သူတွေအပေါ် တကယ် စေတနာထားတာ သက်သေပြချင်ရင် ထီလောကရဲ့ မသမာမှုတွေကို အရင် ထိထိရောက်ရောက် အရေးယူပါ

ကောင်းချင် စေတနာထားချင် ပြောင်းလဲချင်ရင် လွယ်လွယ်လေးပါ စာအုပ်ဈေးကွက်ကို ဥပမာယူ ဝယ်ဖတ်သူလက်ထဲ စာအုပ်ထဲမှာရေးထားတဲ့ တန်ဖိုးအတိုင်း ရောက်ရှိ ဖတ်ကြရတာပဲ👍ထွက်ပေါက်တခု အလို့ငှာ မျော်လင့်ချက် တခု အလို့ငှာသာမန်လူတန်းစားနဲ့ ဆင်းရဲသားပြည်သူတွေ ထီလက်မှတ် ဘယ်ဈေးဖြစ်ဖြစ် ထီကံစမ်းနေကြတာပါ ထီလုပ်ငန်းရှင်တွေ နဲ့ ပေါင်းစား ရိုက်စား တနင့်တပိုးစားနေတာတွေပြင်ပြီး ထီလက်မှတ်ဈေး တခုတည်း အရင် ပြောင်းလဲချိန် တန် ပေး ကြပါဦးလို့ တိုက်တွန်းရင်း

crd:bahuthuta

4 Shares

Add a Comment

Your email address will not be published. Required fields are marked *