အချစ်ဆိုတာ…အချစ်ကြောင်းသိချင်သူများအတွက်

အချစ်ဆိုတာ…
။။။။။။။။။။။။။။။။။
ကျောင်းသား တစ်ယောက်က ဆရာမကို အချစ်ဆိုတာ ဘာလဲလို့ မေးလိုက်ပါတယ်။
အဲဒီအခါ ဆရာမက ဒီအဖြေကို ဖြေဖို့အတွက် မင်း
ဂျုံခင်း တစ်ခုကို သွားပြီး အရှည်ဆုံး ဂျုံပင်ကို ငါ့ဆီကို ယူလာခဲ့လို့
ပြောလိုက်တယ်။

ကျောင်းသားလေးက ဂျုံခင်းကိုသွားတယ်။ ရောက်ရောက်ချင်းမှာပဲ ဂျုံခင်းစပ်က အရှည်ဆုံး အပင်လို့ ထင်ရတဲ့ ဂျုံပင်ကို နုတ်လိုက်တယ်။ ဒါပေမယ့် ကျောင်းသားလေးဟာ သူ့ထက် ရှည်တယ်လို့ ထင်ရတဲ့ ဂျုံပင်ကိုထပ်ပြီး တွေ့ပြန်တယ်။ ဂျုံခင်းတစ်ဝက်လောက် ရောက်တဲ့အထိသူ့မှာ ရွေးချယ်လို့ မရဘူး ဖြစ်နေပါရော။ ဟိုအပင် ကြည့်တော့လည်း ပိုရှည် သလိုလို၊ ဒီအပင် ကြည့်တော့လည်း ရှည်သလိုလို ဖြစ်နေတာလေ။

ဂျုံခင်းအဆုံးကို ဆက်ပြီး မသွားတော့ဘူးလို့ ကျောင်းသားလေးက
ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ အလယ်မှာပဲ သူ့အတွက် အရှည်ဆုံးလို့ထင်ရတဲ့ ဂျုံပင်ကို ရွေးချယ် လိုက်ပါတော့တယ်။

အဲဒီနောက် သူ့ဆရာမဆီကို ပြန်လာခဲ့ပါတယ်။ ဆရာမဖြစ်သူက အဲဒါ အချစ်ပဲလို့ပြောလိုက်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ကိုယ်ရွေးချယ် လိုက်တဲ့ အရာထက် ကောင်းတဲ့ဟာတွေ ရှိပါသေးလားလို့ စိတ်ထဲမှာမကျေမနပ် ဖြစ်နေတတ်တယ်လို့ ဆရာမက ပြောလိုက်ပါတယ်။

သင်ခန်းစာ- အချစ်ဆိုတာ တကယ်တော့ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်စေမယ့် ရွေးချယ်မှု တစ်ခု ဖြစ်ပါတယ်။

Credit: yoyralay

2 Shares

Add a Comment

Your email address will not be published. Required fields are marked *