ရန်ကုန် အောင်​မင်္ဂလာ ကားဝင်း​က စိုးရိမ်​စရာဖြစ်​လာ

ရန်ကုန် အောင်​မင်္ဂလာ ကားဝင်း​က စိုးရိမ်​စရာဖြစ်​လာ

မင်းမဲ့ တိုင်းပြည်ကဲ့ သို့ ဖြစ်နေသော ရန်ကုန် အောင်မင်္ဂလာ ကားဝင်း အဝင်ပေါက်က ၃ ချပ် လိမ်

သို့
ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့်တကွ
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ အရာရှိများ ခင်မျာ

အောင်မင်္ဂလာကားဝင်း အဝင်ပေါက် YBS ၁၇ YBS ၃၅ ကားဂိတ်တွင် မနက် ၂ နာရီမှ မနက် ၅ နာရီ အချိန်တိုင်း အများပြည်သူအား လိမ်လည် လှည့်ဖျားပြီး အုပ်စုလိုက် အဖွဲ့လိုက် ညစ်ပတ်ကာ တောနယ်မှ ရန်ကုန်မြို့ပေါ်သို့ ဈေးဝယ် တက်လာသော မိန်းကလေးငယ်များ အဒေါ် အရွယ် များအား..

မထိုးချင်ပါဘူး မသိပါဘူး မထိုးပါဘူး ပြောလဲမရ အတင်း ထိုးခိုင်းပြီး အတင်း စားတယ် စားတယ် ဆိုကာ တောနယ်က ဈေးဝယ်ဖို့ ချွေးနဲစာလေးတွေ စုဆောင်းလာ သမျှကို ပေါ်တင် ဓားပြတိုက် သလို နေ့စဉ် တိုက်ယူနေ သည်မှာ အချိန်ကာလ အတော် ကြာနေပါပြီ ။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ အနေနဲ့ ထိုမျှ မင်းမဲ့တိုင်းပြည် ကဲ့သို့ ပြုမူနေကြသော အဖွဲ့ အုပ်စု များကို မျက်စိ လျှမ်း၍ပဲ မမြင်လေ သလား တမင် မမြင်ချင်ယောင်ပဲ ဆောင်ပေးနေ သလား မေးခွန်း ထုတ်စရာ ဖြစ်လာ ပါတယ်

ဓာတ်ပုံလဲ သူတို့ကို မရိုက်ရဲပါဘူး ။ ဓားထိုးခံရမှာ သိနေလို့ပါ ။ အနားက တက္ကစီ ဈေးဆိုင် အကုန်လုံး သူတို့ လူချည်းပါပဲ ။ အနည်းဆုံး သူတို့အဖွဲ့ဟာ လူ ၂၀ အထက်မှာရှိပါတယ် ။

မယုံရင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အနေနဲ့ အသွင်ယူပြီး စောင့်ကြည့် ကြည့်ပါ ။ ည ၁၂ နာရီ ကနေ မနက် ၅ နာရီ ဝန်းကျင် လာသမျှ လူတွေကို အတင်း အနုကြမ်း စီးသလို မထိုးလဲ ထိုးတယ် မငြင်းနဲ့ဆိုပြီး အတင်း အနိုင်ကျင့် လုယူနေ ကြတာပါ ။

တလောကဆိုတောကနေ ဈေးဝယ်ရအောင် ရန်ကုန် တက်လာတဲ့ ကောင်မလေးကို မထိုးပဲနဲ့ နင်ထိုးတယ် ပြောပြီးကာမှ မငြင်းနဲ့ ဆိုပြီး ဆွဲကြိုး ၈ သိန်းတန် ခန့်ကို အတင်း လုယူ ဝိုင်း အနိုင်ကျင့် ကြပါတယ် ။

ကောင်မလေးမှာ မလုပ်ကြပါနဲ့ ဦးကြီးတို့ရယ် သမီး ဆွဲကြိုး ပြန်ပေးကြပါ တက်ခမန်း ငိုယိုပြီးတောင်း ပေမဲ့ သူတို့ အဖွဲ့ထဲက ကောင်တွေက နင် ဘာလူပါး ဝတာလဲ ဆိုပြီး ဆံပင် စောင့်ဆွဲ ပါးတောင် ရိုက်ပစ် ပါသေးတယ်

အားလုံးက မြင်ပေမဲ့ ဝင်မပြောရဲ ပါဘူး သူတို့အဖွဲ့က အနည်းဆုံး ၂၀ အထက်မှာ ရှိတယ်

အနားက ဈေးဆိုင် တက္ကစီသမားတွေက စ သူတို့လူတွေ ပါပဲ နောက်ဆုံး ကောင်မလေးကို ကန်ပြီး ဆွဲကြိုး လိမ်ယူပြေးတဲ့ကောင်ကြီးဟာ သူတို့ကို အသင့်စောင့် နေတဲ့ taxi CC 8853 ပေါ် တက်ပြီးလစ်ပြေး ပါတော့တယ် ။

ဒါမဲ့ နောက်နေ့ ထပ်ပြီး နယ်က တက်လာတဲ့ တောသူ တောင်သားတွေရဲ့ ချွေးနဲစာကို ထပ်လိမ်စားဖို့ အခုလောက်ဆို ရောက်နေ ပါပြီ

Crd တာဝန်သိ ပြည်သူတဦး

52 Shares

Add a Comment

Your email address will not be published. Required fields are marked *