တနင်္လာ သားသမီးတို့ အ​ကြောင်း
*********************

တနင်္လာတွေဟာမိတ်ဆွေပေါများတယ်
လူချစ်လူခင်လည်း ပေါများတဲ့နေ့နာမ်
ပိုင်ရှင်တွေဖြစ်တယ်ဒေါသထွက်တတ်ပေမဲ့ အပြင်မှာ ထုတ်ပြီးအရမ်းမပွားပါဘူး
မိသားစုအပေါ်မှာဆိုရင်တော့ နဲနဲစိတ်မရှည်တတ်ဘူး

အစွဲအလန်းကြီးပါတယ် တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာပဲ စွဲလမ်းနေတတ် တယ်စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တာ တနင်္လာပါ ခင်ရတဲ့ အပေါင်းအသင်းနဲ့ စကားပြောနေချိန် စိတ်ရှည်စွာနဲ့ စိတ်ဝင်တစား လက်ခံ နားထောင်ပေးတတ်တယ်

ကိုယ်ကိုယ်တိုင်လည်း ပျော်ရွှင်စွာနဲ့နေတတ်သလို သူများကိုပျော်ရွှင်မှုတွေ တခါတရံ ဖန်တီးပေးတတ်တယ်

တနင်္လာတွေက သူငယ်ချင်းတွေ မိတ်ဆွေတွေကိုမက်မောစွာနဲ့ ခင်တွယ်တတ် တယ် အလုပ်လုပ်တဲ့နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်

စိတ်ကူး အမြင်ကျယ်တယ်ဘူးဆို ဖရုံမသီးတတ်ဘူး ဖြစ်ချင်တာကို အမြန်ဆုံး အကောင်အထည်ဖော်ရမှကျေနပ်တာ တနင်္လာပါ

တခါတလေတော့ အလုပ်လုပ်တဲ့နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ
နဲနဲလေး လွဲချော်နေတတ်တယ်

တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာ တစ်ခုခုတွေ့မြင်ရရင် သနားတတ်တယ် တတ်နိုင်ရင် ကူညီလိုတဲ့စိတ်အပြည့်အဝရှိပါတယ်
သို့ပေမဲ့ ကိုယ်မကြိုက်တဲ့အရာဆိုရင်တော့ စိတ်လက်ပြတ်သားတယ်

လူတစ်ယောက်ကိုခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ပေါင်းသင်းတတ်ကြပါတယ်

ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင်မမေ့တတ်စွာနဲ့လိုက်လျောညီထွေစွာခင်မင်တတ်တယ်ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာတနင်္လာပါ

တနင်္လာတွေဟာ လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျလေ့လာတတ်တယ်
စကားပြောတဲ့နေရာမှာ ပွင့်လင်းမှုရှိတယ်

ကိုယ်မကြိုက်တဲ့ အရာတွေကိုပြောချင် တဲ့စကားရှိရင် အားမနာတမ်း တိုက်ရိုက်ပြောတတ်တာတနင်္လာပါ

တနင်္လာတွေဟာမှန်နေရင်ဘာကိုမှဂရုမစိုက်ပဲနေသလောက်မှားနေရင်တော့ တောင်းပန်ဖို့လည်းဝန်မလေးတတ်ဘူး

အပေါင်းအသင်းတွေ ကြားမှာလည်း ယုံကြည်မှုအပြည့်အဝ ရှိရှိနဲ့ နေတတ်တာတနင်္လာပါ

တနင်္လာလေးတွေဟာ စိတ်ကူးယဉ်ဆန်တယ် အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုသုတတွေကိုလေ့လာရတာနှစ်သက်တဲ့နေ့နာမ်တွေပါ

တနင်္လာရဲ့အချစ်ရေးကတော့ ချစ်သူရဲ့ချော့တာလေးကိုနှစ်သက်ပေမဲ့
ကိုယ်ကလိုက်ပြီး ချော့နေရတဲ့အနေအထား

တနင်္လာသားသမီး​လေး​တွေက​တော့ စိတ်​ဆိုး စိတ်​​ကောက်​နိုင်​လွန်း​တဲ့သူ​တွေပါသူတို့​လေး​တွေက က​လေးဆန်​တယ်​အ​ပျော်​မက်​တယ်။

စိတ်​ဆိုးလွယ်​ စိတ်​​ကောက်​လွယ်​သလို စိတ်​​ပြေလည်း လွယ်​ကြတယ်​မိဘအ​ပေါ်ဆို နည်းနည်း​လေး ဆိုးလိုက်​ရမှသူငယ်​ချင်း​တွေအ​ပေါ်လည်း အမြဲအနိုင်​ယူကြတယ်​ပင်​ကိုယ်​ညဏ်​ထက်
သန်​တယ်​ အသစ်​အဆန်း​တွေကိုလည်း စိတ်​ဝင်​စားကြတယ်​ပညာ​ရေးမှာ ကံ​ကောင်း​ပေ​မဲ့ ကြိုးစားအားထုတ်​မှု သိပ်​မရှိတတ်​ကြဘူး။

အနုပညာ​သွေးပါတယ်​သီချင်း​တွေကို အ​ဖော်​ပြုတတ်​တယ်​ဘယ်​အရာဖြစ်​ဖြစ်​ သူ​တို့​လေး​တွေက ဦးစား​ပေးခံချင်​ကြတယ်​။

ချစ်​သူများတယ်​အချစ်​​ရေးမှာ ကံသိပ်​မ​ကောင်းဘူးဒါ​ပေမဲ့ ကိုယ့်​အချစ်​ကို အားငယ်​​နေတတ်​တဲ့သူမျိုး​တော့ မဟုတ်​ဘူး(အများစုကရည်းစားများကြတယ်) ဒီအချက်​ကလည်း စန်းပွင့်​လွန်းတဲ့ သူတို့​လေး
တွေရဲ့အချက်​နဲ့ဆိုင်​တယ်​စိတ်​ကူးယဉ်​တတ်​ကြတယ်
အ​ကောင်းဆုံးဆိုတာ​တွေကိုပဲ သ​ဘောကျတတ်​ကြတယ်​နည်းနည်း။

လေးအပြိုင်​အဆိုင်​​တွေရှိတတ်​ကြတယ်​ဒါ​ပေမဲ့ သူတို့ကပဲ နိုင်​တတ်​ကြတယ်​အ​ပေါင်းအသင်းမက်​တယ်​လက်​ဖွာတယ်​မနှ​မြောတတ်​ဘူးဒါ့​ကြောင့်​ အ​ခြွေအရံ ​ပေါတယ်​​ဒေါသမကြီး။

ပေမဲ့ အငြိုး​တော့ကြီးတယ်​ သူတို့​လေး​တွေရဲ့ အထူးခြားဆုံးအချက်​က က​လေးဆန်​ပြီး ချစ်​စရာ​ကောင်းတာပါပဲ။

�BhoneMyint�credit
#ဦးဘုန်း

တိုက်ဆိုင်ရင် Like & share & Followed

9 Shares

Add a Comment

Your email address will not be published. Required fields are marked *