ဗိုက်ပူနေတဲ့ဘော်ဒါတွေအတွက် ငွေမကုန်စေဘဲ ဗိုက်ချတဲ့နည်းလမ်း

ငွေမကုန်ပဲ ဗိုက်ရွှဲတာပိန်ပြီး လှချင်လား နည်းပေးမယ်လေ။ “ဗိုက်ကျသွားတယ်”” ဘာဆေးစားလဲ”။ မေးသူများလာလို့။ တကယ်က ဆေးမလိုပါဘူး။ လေ့ကျင့်ခန်းလည်းမလုပ်ဘူး။ အစားလည်းမလျှော့ဘူး။ ရေနွေးပဲသောက်တာပါ။

အိပ်ယာထတာနဲ့ ဘာမှမလုပ်ခင် ရေနွေးပူကို အအေးခံပါ။ ခပ်ပူပူလေးနဲ့ သောက်ကောင်းရုံဖြစ်ပြီဆို ငါးကြင်းဖန်ခွက် နှစ်ခွက်စာလောက် တစ်ခါတည်း သောက်ချလိုက်။ အစမှာသူများတွေ ခက်တယ်ပြောပေမဲ့ ကျွန်တော်ကတော့ အခုဆို တစ်ဖလားလောက်လည်း သောက်နိုင်တယ်။

ပုံမှန်တော့ ခွက်ကြီးနှစ်ခွက်စာပဲ သောက်တယ်။ သောက်ပြီး နာရီဝက်လောက်မှ အစားစားရမယ်တဲ့။ ကျွန်တော်ကတော့ ဆယ်မီးနစ်လောက်ဆို စားလိုက်တာများတယ်။ အဆာပြေကိုလည်း အဝပဲစားတာ။ အဓိပ္ပါယ်က လေထိုးတံလို အူထဲက အစာဟောင်းတွေကို ရေနွေးလောင်းချပြီး အစာနဲ့ဖိချလိုက်တော့ အောက်ကိုထွက်လာတာပေါ့။

ဝမ်းချူပ်တတ်သူတွေက ညအိပ်ယာဝင်ရင် ဝမ်းပျော့ဆေး တစ်ခုခုစားပေါ့။ ကျွန်တော်တော့ ဝမ်းချူပ်လို့ မုံရွာ ဆရာမိုး ညတိုင်းစားတယ်။ ဒါကြောင့် ရေနွေးသောက်ပြီးတာနဲ့ ဝမ်းပျော့ ပျော့သွားတယ်။ ဝမ်းထဲမှာ အစာဟောင်း ကုန်အောင်သွား တယ်။

ဝမ်းသွားပြီး ဝမ်းစင်သွားတော့ နေရတာပေါ့သွား၊ ရှင်းသွားတာပေါ့။ တစ်ရက်နှစ်ရက်နဲ့ မသိသာပါဘူး။ တစ်ပါတ် လောက် ဆိုရင်ကို သိသာလာပြီ။ တကယ်က ဗိုက်ရွှဲတာက အသက် ကြီးလာတော့ လှုပ်ရှားမှုနဲလာပြီး အဆီများလာတာရယ် လေပွ တာရယ်ကအဓိကပဲ။

ရေနွေးသောက်တော့ လေလဲ မပွတော့ဘူး။ ဝမ်းသွားရင်လည်း ပျော့ပြီး အဆီတွေ၊ အပြစ်အချွဲတွေပါ ပါလာတာ။ အနံ ကလည်း လတ်လတ်ဆတ်ဆတ်မျိုး မဟုတ်ဘူး အောက်သိုးသိုးနဲ့ပေါ့။ အပုတ်အစပ်တွေရှင်းသွားတာနဲ့ လေလည်း မပွ တော့ဘူး။

အူထဲမှာ အဆီတွေမနေတော့တာနဲ့ ဗိုက်ထဲ ၊ သွေးထဲကပါ အဆီတွေလျှော့လာတာ သွေးကအဆီနဲ့ပြီး သွက်လာတယ်
ပေါ့ပါးလာတယ်။ လူလည်းမလေးတော့ဘူး။ နှလုံးလည်းပိုကောင်းလာတယ်။ တစ်ကိုလုံးမှာ အပူအောင်းတာ မပွင့်တာ မရှိတော့ပဲ လန်းဆန်းလာတာပေါ့။

နေ့လည်စာလည်းအဝစား ညစာလည်းစားပါ။ ညစာကတော့ နဲနဲလျော့နိုင်တာပိုကောင်းတယ်။ များများစားချင်ရင် စောစော စားပေါ့။ အဓိက အစာနဲ့ အိပ်ရင် မကောင်းတာပါ။ အစာအိမ်လည်း ပန်းတယ်။ အဆီခဲတယ်။ ပိုထိရောက်ချင်ရင် ရေနွေး ထဲကို သံပုရာသီး တစ်ခြမ်းလောက်ထည့်သောက်ပေါ့။

အရေးကြီးတာက ညအိပ်ခါနီးအစာမစားတာ ဘယ်အချိန်ဖြစ်ဖြစ် အစာစားပြီးစမှာ ရေခဲရေတို့ ရေခဲမုန့်စသည်ကို ရှောင်လိုက်ပါ။ ဒါက အဆီတွေခဲစေတယ်။ ပိုပြီးထိရောက်ချင်ရင် ဆေးပါကူလိုက် ဒါဆိုငွေတော့ နဲနဲကုန်မယ်။ ပြထားတဲ့ အိုဘီလစ်ဆိုတာက အူထဲက အဆီတွေ အပုတ်အချွဲတွေ အကုန်ရှင်းပေးတယ်။

လေးဆယ်ကျော်လို့ အဆီများသူတိုင်း နေ့တိုင်းသောက်လို့ရတယ်။ နေ့လည်စာမစားခင် နာရီဝက်တစ်လုံး ညစာမစားခင် နာရီဝက်အလိုတစ်လုံးပေါ့။ တစ်ကဒ်ကိုခြောက်ထောင်လောက်ရှိတယ်။ ဆယ်လုံးပါတယ်။ တစ်ရက်တစ်ထောင်လောက် ကုန်မှာပေါ့။ ဆေးကောင်းချက်က ရက်စက်တယ်။ တစ်ပါတ်လောက်သောက်ပြီးရင် အိမ်သာတက်ရင် ပိုနံလာတယ်။ အဆီတွေပါ ပါလာတော့တာ။ ရေနဲ့ လက်ကိုအလွယ်ဆေးလို့မပြောင်ဘူး။ ချွဲနေတော့ ဆပ်ပြာနဲ့မှပြောင်မှာ။

လေလည်ရင်တောင် သတိထား အဆီတုံးလေးတွေ လေနဲ့ရောပြီး ထွက်လာတတ်တယ်။ တစ်ပါတ်လောက်ဆို
အနံ့က ပုံမှန်အနံ့ ဖြစ်သွားပြီး ဝမ်းပျော့ပျော့နဲ့ နေ့စဉ်စားနေတဲ့ အဆီတွေပဲကျတာပေါ့။ တစ်လသောက်ဖူးပါတယ်။ နောက်တော့ ငွေမကုန်ချင်လို့ ရေနွေးတစ်မျိုးတည်းပဲ ဆက်သောက်တာ လမ်းလျှောက်တာဖြစ်ဖြစ် လေ့ကျင့်ခန်း
တစ်ခုခုနဲ့ တွဲနိုင်ရင် ပိုကောင်းတာပေါ့။

ကျွန်တော်ကတော့ ပျင်းလို့ ဘာလေ့ကျင့်ခန်းမှ မလုပ်ဘူး။ အခုဆို ရေနွေးသောက်တာ လေးလလောက်ရှိသွားပြီ။ ကျွန်တော့လို ရုပ်နဲ့လုပ်စားရတဲ့သူတွေအတွက် ဗိုက်မရှိမှဖြစ်မှာမို့ ကိုယ်တွေ့ နည်းကောင်း အလွယ်စားလေးကို ပြောပြပေးလိုက်တာပါ။

အားလုံးကို ကိုယ့်လို လှစေချင်လို့ပါ။ အသက်ဥာဏ်စောင့်တာနော်။ ဝမ်းထဲ အပူ၊ အပုတ်ကင်းရင် သွေးတိုး၊ ဆီးချို၊ နှလုံးအပါအဝင် အစစ ကျမ္မာလာပြီး အသက်ရှည်စေဖို့က ကိုယ်တိုင်ပဲ ဂရုပြုကြရမှာပါ။ ဒါကြောင့် ဗိုက်ပူတာပျောက်ပြီး
သက်ရှည် ကျမ္မာ ကြပါစေလို့။

မေတ္တာဘလပွဖြင့်။
**********
ကော်မင့်မှာမေးလာတာမို့ ထပ်ပြောပါရစေ။ ဒီရေနွေးနည်းက ဂျပန်ဆေးနည်းပါ။ မတ်ခွက်ကြီး တစ်ခွက်တည်းဆို မထူးခြားပါဘူး။ သူတို့တိုင်းပြည်က အအေးပိုင်းမို့ မြန်မာမှာ ပူတဲ့ရာသီဆို မပူလည်းရတယ်။ မအေးပဲ နဲနဲနွေးရုံလေးဆို ရပါတယ်။

ခုလိုမနက်အေးရင် ရေနွေးကောင်းတယ်။ ပူတဲ့ရာသီမှာ ရေအေးနှစ်ခွက်သောက်လည်း အဆီကျပါတယ်။ ခွက်သေးရင် တော့ အဆီမကျဘူးနော် ငါးကြင်းဖန်ခွက် နှစ်ခွက်လောက် အိပ်ယာထတာနဲ့သောက်ရင် ပူပူအေးအေး အဆီကျကြောင်းပါ။

တစ်ချို့ အပူများတဲ့သူတွေဆို ရေပူသောက်ရင် အပူများလာတာတို့ ဝမ်းချူပ်တာတို့ဖြစ်တတ်လို့ အပူများလာတယ်ဆိုရင် အပူလည်း ကန်တတ်တယ်။ ဒါဆိုမကောင်းဘူး ရေအေးပြောင်းသောက်ပါ။

တစ်ယောက်နဲ့တစ်ယောက်ပုံစံမတူတာနဲ့ ရာသီဥတာအပူအအေးကိုကြည့်ပြီး သင့်သလိုသုံးကြဖို့ပါ။ လူကြီးတွေ တအား အဆီများတဲ့သူတွေ အတွက် ဆေးကိုပါတင်ပေးတာပါ။ တကယ်က ဆေးမလိုပဲ ရေနွေး၊ ရေအေးနဲ့ပဲ အိပ်ယာထ များများ သောက်တာနဲ့ အဆီတကယ်ကျပါတယ်။

အပူမကြိုက်လည်း ရေကျက်အေးကောင်းတယ်။ လေမပွဘူး။ အိပ်ယာထရေသောက်နဲရင် အဆီမကျပါဘူး။ မြန်မြန်ကျချင် များများသာသောက်ပါဗျား။

Credit – Khin Maung Aye

5 Shares

Add a Comment

Your email address will not be published. Required fields are marked *