Line Walker – 2 ဇာတ်ဝင်ခန်း အစမ်းလေ့ကျင့်မှု မဟာဗန္ဓုလပန်းခြံလမ်းနှင့် အနော်ရထာလမ်းကြားရှိ City Star ဟိုတယ်အနီးပြုလုပ်

Line Walker – 2 ဇာတ်ဝင်ခန်း အစမ်းလေ့ကျင့်မှု မဟာဗန္ဓုလပန်းခြံလမ်းနှင့် အနော်ရထာလမ်းကြားရှိ City Star ဟိုတယ်အနီးပြုလုပ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

ရန်ကုန် ဖေဖော်ဝါရီ ၁၇

ဟောင်ကောင်ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနှိမ်နင်းမှုကို ဇာတ်လမ်း ဆင် ရိုက်ကူးတင်ဆက်ထားသည့် Line Walker -2 (Operation Midnight Shadow) ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင် ခန်းတစ်ခန်း အစမ်းလေ့ကျင့်မှုကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံလမ်းနှင့် အနော်ရထာလမ်းကြားရှိ City Star ဟိုတယ်အနီး ပြုလုပ်သည်။

ကျောက်တံတားမြို့နယ် အမှတ်(၂) ရပ်ကွက်မှ ဦးဖုန်းကျော်မြင့်က “ဒီနေရာ မှာ ရုပ်ရှင် လာရောက်ရိုက်ကူးတဲ့အတွက် ရပ်ကွက်နေပြည်သူတစ်ယောက်အနေနဲ့ ဝမ်းသာပါတယ်။ တစ်ခါမှလည်း မမြင် ဖူးဘူး။ ရိုက်ကူးရေးအဖွဲ့တွေက မနက် ၇ နာရီ လောက်ကတည်းက လာတယ်။
ကြိုတင်ပြင်ဆင်နေတာတွေတွေ့ရတယ်။ ဒီနေရာမှာ ရုပ်ရှင်လာရိုက်ကူးတဲ့အတွက် ကျွန်တော်တို့ ရပ်ကွက်၊ မြို့၊ နိုင်ငံကို နိုင်ငံ တကာက သိသွားမှာဖြစ်တဲ့အတွက် ရပ်ကွက်နေပြည်သူတွေကလည်း အားလုံး ပူးပေါင်းပါဝင်ပေးပါတယ်”ဟု ပြောသည်။

ရုပ်ရှင်ရိုက်ကူးရေးနေရာသို့ လာ ရောက်လေ့လာသည့် ဝါရင့်သရုပ်ဆောင်၊ ဒါရိုက်တာ ဦးမောင်မောင်မြင့် (သုခုမ) က “ရှောဘရားသားဆိုတာ အင်္ဂလိပ် လက်ထက်ကတည်းက ဘားလမ်းထောင့် က အခန်းကျဉ်းကျဉ်းလေးမှာ အလုပ် လုပ်ခဲ့တဲ့ ရုပ်ရှင်ကုမ္ပဏီပါ။ ပြောရရင် သူတို့လည်း မြန်မာပြည်ကို အလွမ်းပြေ လာတာပေါ့၊ သူတို့ကိုမြင်တော့ ကျွန်တော်လည်း ဟိုအရင် ရုပ်ရှင်ခေတ် ကို လွမ်းမိတယ်။ စက်ကိရိယာတွေ ခေတ်မမီပေမယ့် ဇာတ်ကားကောင်းတွေ ရိုက်နိုင်ခဲ့တယ်။ အခုလည်း လုပ်နိုင်တဲ့ ပညာရှင်တွေရှိပါတယ်။

▲သှူတာဝန်နဲ့သူ ကြိုးစားပမ်းစားအလုပ်လုပ်▲

“သူတို့ ဒီလို ရုပ်ရှင်လာရိုက်တာ ကျွန်တော်တို့ တိုင်းပြည်အတွက်ရော ပြည်သူတွေအတွက်ပါ အကျိုးရှိတယ်။ ဥပမာပြောရရင် သူတို့ဝင်လာတယ် ဆိုတာနဲ့ အကောက်ခွန်ဝင်ငွေ၊ တည်းခိုခ တွေ ဒါတွေရမယ်။ နောက်တစ်ခုက လုပ်ငန်းကြိုးစားမှုအရ၊ စိတ်ဓာတ်အရ သူတို့ရဲ့လုပ်ငန်းအပေါ် သူတို့စိတ်ဝင်စားမှု ဘယ်လောက်ရှိတယ်ဆိုတာ ကြည့်တာနဲ့ သိနိုင်တယ်၊ အစမ်းလေ့ကျင့်တာတောင် တကယ်ရိုက်နေတဲ့အတိုင်း အပင်ပန်းခံ တယ်၊ ငွေကုန်ကြေးကျ အများကြီးခံတယ်။ ဒါရိုက်တာကအစ သှူတာဝန်နဲ့သူ ကြိုးစား ပမ်းစားအလုပ်လုပ်ကြတယ်။ အတုယူဖို့ ကောင်းပါတယ်”ဟု ပြောသည်။

ယနေ့ အစမ်းလေ့ကျင့်ရိုက်ကူး နေစဉ်အတွင်း အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ နံနက် ၁၀ နာရီ မှ ညနေ ၄ နာရီအထိ ခေတ္တပိတ်ထားပြီး ယာဉ်များ လမ်းလွှဲမှသွားလာနိုင်ရန် အတွက် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည်။

▲ကားသွားမရအောင် လမ်းပိတ်တာမဟုတ်▲

မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်¸ ကျောက်တံတားမြို့နယ် တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဆန်းဦးက “City Star Hotel ထိပ်ကနေပြီးတော့မှ မဟာဗန္ဓုလပန်းခြံလမ်းကနေ ဝင်လာတဲ့ ကားတွေကို လမ်းလွှဲပေးနေပါတယ်။ ယာဉ်ထိန်းရဲအဖွဲ့ ရှစ်ဦးနဲ့ တာဝန်ထမ်း ဆောင်နေပါတယ်။ လမ်းပိတ်တယ်ဆိုတာ ကားတွေသွားလို့မရအောင် ပိတ်ထားတာ မဟုတ်ပါဘူး။ လမ်းကသွားလို့ရပါတယ်။ မဟာဗန္ဓုလလမ်းကတော့ ခေတ္တပိတ်ထား တဲ့သဘောပါ။ အချိန်ပိုင်းပါပဲ။ လမ်းလွှဲပြီး ဆောင်ရွက်ပေးနေပါတယ်။ ရိုက်ကူးရေး နေရာတော့ ကားဖြတ်လို့ မရဘူးပေါ့ဗျာ”ဟု ပြောသည်။

▲နိုင်ငံတကာမှာ လမ်းပိတ်ပြီးရိုက်ပေးတာရှိ▲

ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က”Line Walker က အရင်တုန်းက ဘရာဇီးမှာ ရိုက်ဖူးပါတယ်။ ဘရာဇီးမှာ လည်း ဒီလိုပဲ လမ်းပိတ်ပေးရပါတယ်။ နိုင်ငံတကာမှာဆို အမေရိကန်နိုင်ငံမှာ ပဲဖြစ်ဖြစ်၊ လန်ဒန်မှာပဲဖြစ်ဖြစ်၊ ပဲရစ်မှာပဲ ဖြစ်ဖြစ် သူတို့ရဲ့ ရိုက်ကွင်း ရိုက်ကွက်များ ကို ကမ္ဘာ့ဈေးကွက်ထဲ ပါသွားမယ်ဆိုရင် ဒီလိုလမ်းပိတ်ပေးပြီး ရိုက်တာရှိပါတယ်။ လမ်းပိတ်တဲ့အခါမှာလည်း အကုန်လုံး သွားလို့မရအောင် ပိတ်လိုက်တာမဟုတ် ပါဘူး။ လမ်းပိတ်ခြင်းဆိုတာရဲ့နောက်မှာ လမ်းလွှဲရှိတယ်ဆိုတာ သိဖို့လိုပါတယ်” ဟု ပြောသည်။

▲အက်ရှင်ဇာတ်ဝင်ခန်းအချို့ အစမ်းလေ့ကျင့်▲

ယနေ့ ရုပ်ရှင်ရိုက်ကူးရေး အစမ်း လေ့ကျင့်နေမှုနှင့်စပ်လျဉ်းပြီး ပြန်ကြား ရေးနှင့် ပြည်သှူဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်အဆင့်မြှင့်တင်ရေး ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန် လင်းအောင်က “ဒီနေ့ မဟာဗန္ဓုလ ပန်းခြံလမ်းမှာ မင်းသား အက်ရှင် ဇာတ်ဝင်ခန်းအချို့ အစမ်းလေ့ကျင့်တာပါ။ ကရိန်းကားနှစ်စီးနဲ့ ငှားပြီးတော့ အပေါ် ကနေ ခုန်ဆင်းတဲ့ အက်ရှင် ဇာတ်ဝင်ခန်း ကို ရိုက်ဖို့ပါ။ နောက်ထပ် ဇာတ်ဝင်ခန်း တွေရိုက်ဖို့ YMCA မှာ ကြိုတင်ပြင်ဆင်မှု တွေလည်း လုပ်နေပါတယ်။ တကယ့် ရုပ်ရှင်က ၂၁ ရက်နေ့မှ ရိုက်မှာပါ ” ဟု ပြောသည်။

ရန်ကုန်မြို့တွင် ရိုက်ကူးမည့် Line Walker-2 ဇာတ်ကားကို ဟောင်ကောင် နှင့် နိုင်ငံတကာ ရုပ်ရှင်ဇာတ်လမ်းများ ရိုက်ကူးလေ့ရှိသည့် ပုံစံအတိုင်း သေနတ် အစစ်များ၊ လက်နက်ကြီးများ ပစ်ခတ် ခြင်း၊ ဖောက်ခွဲခြင်း၊ ကားများ အချင်းချင်းပွတ်တိုက်ခြင်း၊ ရဟတ်ယာဉ် များသုံးစွဲပြီး ပစ်ခတ်ခြင်း၊ ရဲကားများ၊ အထူးရဲတပ်ဖွဲ့ဝင်ကားများ အသုံးပြုပြီး နိုင်ငံတကာအဆင့်မီ အက်ရှင်ဇာတ်ကား ကောင်း တစ်ကားအဖြစ် ရိုက်ကူးသွား မည်ဖြစ်ကြောင်း သိရသည်။

ကိုယ့်ဒေသကို ပါအောင် ရိုက်သွားတာ ကျေနပ်ရမှာပါ
ရိုက်ကွင်းသို့ လာရောက်ကြည့်ရှု သည့် ရန်ကုန်တိုင်းဒေသကြီး ဗိုလ် တထောင်မြို့နယ် ပြည်သှူလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက “ကိုယ့်နိုင်ငံမှာ ဒါမျိုး လာရိုက်တယ် ဆိုတာ အများကြီး ဂုဏ်ယူဖို့ကောင်းပါ တယ်။ ကမ္ဘာမှာ ထိုးဖောက်ဖို့တော်တော် ခက်ခဲနေတဲ့အချိန်၊ မဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တွေရဲ့ နေရာဒေသကို ပါအောင်ရိုက်သွား တယ်ဆိုတာ ကျွန်မတို့အနေနဲ့ ကျေနပ်ရ မှာပါ”ဟု ပြောသည်။

ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်း တစ်ခန်း အစမ်းလေ့ကျင့်မှုကို ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၃နာရီခွဲအထိ ပြုလုပ်ခဲ့ရာ အဆိုပါ ရုပ်ရှင်ဇာတ်ဝင်ခန်း အစမ်းလေ့ကျင့်ရာနေရာသို့ ရုပ်ရှင်ချစ် ပရိသတ်များ၊ စိတ်ဝင်စားသူများ လာရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။

သီသီမင်း၊ မင်းသစ်

19 Shares

Add a Comment

Your email address will not be published. Required fields are marked *