ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေးသို့ မတက်ရောက်ပါနဲ့ဟု ပြောကာ ပြန်လွှတ်ခံရ

ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နှစ်ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီအစည်းအဝေးသို့ မတက်ရောက်ပါနဲ့ဟု ပြောကာ ပြန်လွှတ်ခံရ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကိုယ်စားလှယ်နှစ်ဦးအား အစည်းအဝေးတက်ရောက်ခွင့်မပြုဘဲ မတက်ပါနဲ့ဦီး ဟုပြောဆိုကာ ပြန်လွှတ်ခံခဲ့ရကြောင်း ကျောင်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းက မီဒီယာများသို့ ပြောဆိုလိုက်သည်။

ညက လာဖိတ်တယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆိုပြီးတော့ လွှတ်တော်ကနေ လာတဲ့အတွက်ကြောင့် ဥက္ကဋ္ဌကိုယ်စား ဒေါက်တာမြတ်ဥာဏစိုး ဆိုပြီးတော့ ပါတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ ရိုရိုသေသေနဲ့ လာတက်တယ်။ တက်ပြီး လေးငါးခါလောက် ဆက်လိုက်တဲ့ အခါကျတော့ နာမည်စာရင်း ဒီနေ့ ပေးပါဆိုလို့ ဒီနေ့ပေးတယ်။ ခုလည်းကျရော ဒီနေ့က အင်ထရိုပဲ လုပ်တယ်ဆိုတဲ့ အတွက်ကြောင့် ဆရာတို့က မတက်ပါနဲ့ဦးလို့ပြောတယ်။ တော်ပြီ ကျွန်တော်တို့မတက်တော့ဘူး။ ဒီရုံးက ထွက်တဲ့စာပဲ၊ ဒီပြည်ထောင်စုလွှတ်တော်က ပြောတာပဲ ဟု အစ်အဝေးတက်ခွင့်မပေးဘဲ ပြန်လွှတ်ခံရသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဦးသိန်းထွန်းက ပြောသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်တွင် တစ်ဘက်သတ်ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၌ အဖွဲ့ဝင်လူဦးရေ ၄၅ ဦးပါဝင်ပြီး ယမန်နေ့ညပိုင်းတွင် အစည်းအဝေးတက်ရောက်ရန် ဖိတ်စာပေးပို့ခဲ့သည့်အတွက် အမည်စာရင်းပေးပို့ရန်နှင့် အစည်းအဝေးတက်ရန် သွားရောက်ခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ပြန်လွှတ်ခံခဲ့ရခြင်းဖြစ်သည်။
#ပြည်ခိုင်ဖြိုး #အစည်းအဝေးတက်ခွင့်မပေး

12 Shares

Add a Comment

Your email address will not be published. Required fields are marked *