ျမန္မာ႔တပ္မေတာ္ရဲ႕ S-100 ေမာင္းသူမဲ႕ရဟတ္ယာဥ္

ျမန္မာ႔တပ္မေတာ္ရဲ႕ S-100 ေမာင္းသူမဲ႕ရဟတ္ယာဥ္

By Bamakhit – February 21,

တပ္မေတာ္ (ေရ) ေန႔၌ ပြဲထုတ္ျပသခဲ႔သည့္ ျသစတီးယား နိုင္ငံအေျခစိုက္ Schiebel ထုတ္ camcopter S-100 အမ်ိဴ းစား unmanned aerial vehicle (UAV) ျဖစ္ပါသည္ ။ ယခင္ကာလမ်ား၌ ျမင္ေတြ႔ခဲ႔ရျခင္းမရိွေသးပဲ စစ္ေရယာဥ္မ်ားတပ္ေတာ္ဝင္အခန္းနားေရာက္မွ မိတ္ဆက္အေနနဲ႕ ထုတ္ျပခဲ႔ျခင္းလည္းျဖစ္သည္။

အဆိုပါ ေမာင္းသူမဲ႕ယာဥ္မ်ားသည္ ရဟတ္ယာဥ္ငယ္ အမ်ိဳးစားျဖစ္သည့္အားေလ်ာ္စြာ ေဒါင္လိုက္တက္ / ဆင္းျပဳ လုပ္နိုင္သျဖင့္ တပ္မေတာ္ေရ၏ ျပည္တြင္းထုတ္ စစ္ေရယာဥ္ျကီးမ်ား၌ ထည့္သြင္းအသံုးျပဳ နိုင္မည္ျဖစ္သည္။ အလ်ားအားျဖင့္ ၁၀ ေပခန္႕သာရိွျပီး camcopter ၏ပံုမွန္ အေလးခ်ိန္အားျဖင့္ ၁၁၀ ကီလိုဂရမ္ ခန္႕ရိွသည္။

လက္နက္တပ္ဆင္ရန္ အမာခံေနရာ ၂ ခန္႕ပါဝင္ထားျပီး ၅၀ ကီလိုဂရမ္ (ေပါင္ ၁၁၀) ခန္႕ ရိွမည့္ အေပါ့စား တိုက္ခိုက္ေရးပစၥည္းမ်ားကို တပ္ဆင္နိုင္စြမ္း ရိွမည္ျဖစ္သည္။

အဆိုပါ camcopter ၌ ပစ္မွတ္ရွာ အာရံုခံစနစ္မ်ားအျဖစ္ အီလက္ထေရာနစ္အျမင္အာရံုစနစ္မ်ား အပူအာရံုခံရွာေဖြနိုင္မည့္စနစ္မ်ားတပ္ဆင္ထားနိုင္ျပီး စစ္ဆင္နိုင္မည့္အကြာအေဝးအျဖစ္ ၁၈၀ ကီလိုမီတာခန္႕ရိွကာ ေဝဟင္ယံတြင္ ၆ နာရီခန္႕မနားတမ္းပ်ံသန္းနိုင္စြမ္းရိွသည္။

S-100 ၏ ပံုမွန္ ပ်ံသန္းနိုင္မည့္ အလ်င္ႏႈန္းမွာ ၁ နာရီ ၁၈၅ ကီလိုမီတာ ခန္႕ျဖစ္၍ အျမင့္ဆံုးေမာင္းနွင္နိုင္မည့္ အလ်င္အျဖစ္ ၁ နာရီေရမိုင္ ၁၂၀ ခန္႕ ( ၂၂၂ ကီလိုမီတာ ) ထိ ရရိွနိုင္ေပသည္။

ယခုကဲ႕သို႕ ေမာင္းသူမဲ႔ ရဟတ္ယာဥ္မ်ားကို သံုးစြဲလာနိုင္သည့္အတြက္ ပင္လယ္ျပင္ရွာေဖြကယ္ဆယ္ျခင္းလုပ္ငန္းမ်ား နွင့္ တာေဝးကင္းေထာက္ျခင္းမ်ား ပိုမိုအဆင္ေျပစြာလုပ္ကိုင္လာနိုင္မည္ျဖစ္သကဲ႕သို႕ အေပါ့စားဒံုးပ်ံ မ်ားကိုပါ တပါတည္းတပ္ဆင္နိုင္စြမ္းရိွမည့္အတြက္ တ္ုိက္ခိုက္ျခင္းတာဝန္မ်ားက္ုိပါ ထမ္းေဆာင္လာနိုင္မည္လည္းျဖစ္သည္ ။
လက္ရိွခ်ိန္တြင္ အဆိုပါ S-100 အမ်ိဴ းစား UAV ကို ရုရွား တရုတ္ UAE အစရိွေသာနိုင္ငံမ်ားတြင္ အသံုးျပဳေနျကျပီး ဥေရာပနိုင္ငံမ်ားကလည္း ဝယ္ယူသံုးစြဲရန္ စိတ္ဝင္စားျခင္းခံေနရေသာ အရည္ေသြးျမင့္ စစ္ဘက္သံုးစက္ပစၥည္း ၁ မ်ိဳ းပင္ျဖစ္ပါသည္။Supernyisoe Myanmarmilitaryobservers

Unicode

တပ်မတော် (ရေ) နေ့၌ ပွဲထုတ်ပြသခဲ့သည့် သြစတီးယား နိုင်ငံအခြေစိုက် Schiebel ထုတ် camcopter S-100 အမျိူ းစား unmanned aerial vehicle (UAV) ဖြစ်ပါသည် ။ ယခင်ကာလများ၌ မြင်တွေ့ခဲ့ရခြင်းမရှိသေးပဲ စစ်ရေယာဉ်များတပ်တော်ဝင်အခန်းနားရောက်မှ မိတ်ဆက်အနေနဲ့ ထုတ်ပြခဲ့ခြင်းလည်းဖြစ်သည်။

အဆိုပါ မောင်းသူမဲ့ယာဉ်များသည် ရဟတ်ယာဉ်ငယ် အမျိုးစားဖြစ်သည့်အားလျော်စွာ ဒေါင်လိုက်တက် / ဆင်းပြု လုပ်နိုင်သဖြင့် တပ်မတော်ရေ၏ ပြည်တွင်းထုတ် စစ်ရေယာဉ်ကြီးများ၌ ထည့်သွင်းအသုံးပြု နိုင်မည်ဖြစ်သည်။ အလျားအားဖြင့် ၁၀ ပေခန့်သာရှိပြီး camcopter ၏ပုံမှန် အလေးချိန်အားဖြင့် ၁၁၀ ကီလိုဂရမ် ခန့်ရှိသည်။

လက်နက်တပ်ဆင်ရန် အမာခံနေရာ ၂ ခန့်ပါဝင်ထားပြီး ၅၀ ကီလိုဂရမ် (ပေါင် ၁၁၀) ခန့် ရှိမည့် အပေါ့စား တိုက်ခိုက်ရေးပစ္စည်းများကို တပ်ဆင်နိုင်စွမ်း ရှိမည်ဖြစ်သည်။

အဆိုပါ camcopter ၌ ပစ်မှတ်ရှာ အာရုံခံစနစ်များအဖြစ် အီလက်ထရောနစ်အမြင်အာရုံစနစ်များ အပူအာရုံခံရှာဖွေနိုင်မည့်စနစ်များတပ်ဆင်ထားနိုင်ပြီး စစ်ဆင်နိုင်မည့်အကွာအဝေးအဖြစ် ၁၈၀ ကီလိုမီတာခန့်ရှိကာ ဝေဟင်ယံတွင် ၆ နာရီခန့်မနားတမ်းပျံသန်းနိုင်စွမ်းရှိသည်။

S-100 ၏ ပုံမှန် ပျံသန်းနိုင်မည့် အလျင်နှုန်းမှာ ၁ နာရီ ၁၈၅ ကီလိုမီတာ ခန့်ဖြစ်၍ အမြင့်ဆုံးမောင်းနှင်နိုင်မည့် အလျင်အဖြစ် ၁ နာရီရေမိုင် ၁၂၀ ခန့် ( ၂၂၂ ကီလိုမီတာ ) ထိ ရရှိနိုင်ပေသည်။

ယခုကဲ့သို့ မောင်းသူမဲ့ ရဟတ်ယာဉ်များကို သုံးစွဲလာနိုင်သည့်အတွက် ပင်လယ်ပြင်ရှာဖွေကယ်ဆယ်ခြင်းလုပ်ငန်းများ နှင့် တာဝေးကင်းထောက်ခြင်းများ ပိုမိုအဆင်ပြေစွာလုပ်ကိုင်လာနိုင်မည်ဖြစ်သကဲ့သို့ အပေါ့စားဒုံးပျံ များကိုပါ တပါတည်းတပ်ဆင်နိုင်စွမ်းရှိမည့်အတွက် တိ်ုက်ခိုက်ခြင်းတာဝန်များကိ်ုပါ ထမ်းဆောင်လာနိုင်မည်လည်းဖြစ်သည် ။

လက်ရှိချိန်တွင် အဆိုပါ S-100 အမျိူ းစား UAV ကို ရုရှား တရုတ် UAE အစရှိသောနိုင်ငံများတွင် အသုံးပြုနေကြပြီး ဥရောပနိုင်ငံများကလည်း ဝယ်ယူသုံးစွဲရန် စိတ်ဝင်စားခြင်းခံနေရသော အရည်သွေးမြင့် စစ်ဘက်သုံးစက်ပစ္စည်း ၁ မျို းပင်ဖြစ်ပါသည်။Supernyisoe Myanmarmilitaryobservers

7 Shares

Add a Comment

Your email address will not be published. Required fields are marked *