အကွဲလွန်ဖက်ရှင်တွေကြောင့် လူပုံအလယ်မှာ အရှက်တကွဲဖြစ်ခဲ့ရတဲ့ ဆယ်လီမမတွေ

ဖက်ရှင်ဆိုတာ ကိုယ်လုံးအလှတွေကိုထင်ပေါ်အောင် တမင်ဝတ်စားပြမှ ဖက်ရှင်ကျပြီးကြည့်ကောင်းနေတတ်တာမျိုးမဟုတ်ပါဘူး။ အထူးသဖြင့် အမျိုးသမီးဆယ်လီဘရစ်တီတွေဟာ ကိုယ်လုံးအလှကို လူသူကြားထဲပြသချင်ကြတာကြောင့် စင်ပေါ်မှာဖျော်ဖြေကြတဲ့အခါ၊ ပွဲတက်တဲ့အခါမျိုးတွေမှာ မလုံ့ တလုံအ၀တ်အစားတွေ၊ အဖော်အချွတ်ဖက်ရှင်တွေနဲ့ သူ့ ထက်ငါ အပြိုင်အဆိုင် ၀တ်စားကြလေ့ရှိပါတယ်။ လူမြင်မကောင်းတဲ့အထိ ၀တ်စားလာတာတွေကြောင့်လည်း လူပုံအလယ်မှာ မကြာခဏဆိုသလို အရှက်တကွဲဖြစ်ရပ်မျိုးတွေကြုံတွေ့ ခဲ့ရပြီး မလုံ့ တလုံအ၀တ်အစားတွေကြောင့် အရှက်တကွဲဖြစ်ခဲ့ရတဲ့ ဆယ်လီမမတွေရဲ့ ပုံရိပ်တစ်ချို့ ကို မျှဝေပေးလိုက်ပါတယ်။

Modonna

အဆိုတော် မက်ဒေါနားဟာ Brit Awards မှာ ဖျော်ဖြေနေတုန်း ၀တ်ထားတဲ့ဖက်ရှင်ကြောင့်ပဲ performance တွေလွဲချော်ပြီး အရှက်တကွဲချော်ကျခဲ့ရတာပါ။ တော်တော်လေးအထိနာသွားပုံရပေမယ့် မက်ဒေါနားကတော့ ဟန်မပျက်ပဲ ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။

Nicki Minaj

Queen of Rap လို့ တင်စားကြတဲ့ Nicki Minaj ကတော့ စင်ပေါ်မှာ အားရပါးရဖျော်ဖြေနေတုန်း အခုလိုအရှက်တကွဲပုံရိပ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဆိုပါပုံတွေထွက်ရှိလာပြီးနောက်မှာ Nicki ရဲ့ တင်ပါးဟာ အတုစွပ်ထားတယ်ဆိုပြီးလည်း ဝေဖန်ခဲ့ကြပါသေးတယ်။

Katy Perry

ကေတီပယ်ရီကတော့ Latin Music Award ဆုပေးပွဲမှာ ကိတ်မုန့် အကြီးကြီးပေါ်ကို လဲကျခဲ့တာပဲဖြစ်ပါတယ်။ တစ်ချို့ ကတော့ ကေတီဟာ တော်တော်မူးနေခဲ့တာကြောင့်ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

Rihanna

ပုံမှာမြင်ရတဲ့အတိုင်း ပေါ့ပ်အဆိုတော် ရီဟားနားရဲ့ ဖက်ရှင်က တော်တော်လေးအဆင်မပြေဖြစ်နေခဲ့တာကို တွေ့ ရပါတယ်။

Jennifer Lopez

Dinero သီချင်းအဆိုတော် J Lo ကတော့ စင်ပေါ်မှာ အားရပါးရာခုန်ကဖျော်ဖြေရင်း performance ပုံစံကြောင့် အခုလိုအမြင်မတော်တဲ့ပုံရိပ် ထွက်ရှိလာတာဖြစ်ပါတယ်။

Taylor Swift

Country ဘုရင်မ တေလာဆွစ်ဖ်ကတော့ Speak Now Tour မှာ You Belong With Me သီချင်းနဲ့ဖျော်ဖြေနေတုန်း လေမှုတ်စက်ရှေ့ ရပ်မိပြီး ဂါဝန်လွင့်သွားခဲ့တာဖြစ်ပါတယ်။ (သူမ၀တ်ထားတာ အမြင်မရိုင်းပေမယ့်လည်း လေမှုတ်စက်ကြောင့်သာ အခုလိုဖြစ်သွားခဲ့ရတာပါ)

Source : Stars Douglas

230 Shares

Add a Comment

Your email address will not be published. Required fields are marked *