မျက်နှာပေါ်ကမှဲ့ကလေးတွေကကိုယ့်အတွက်ကံကောင်းစေလား ကံဆိုးစေလားဆိုတာဖတ်ကြည့်ကြမယ်

မျက်နှာပေါ်မှာရှိနေတဲ့မှဲ့တည်နေရာကိုကြည့်ပြီး အဲ့ဒီမှည့်လေးတွေက သင့်ကိုကံကောင်းစေတဲ့မှဲ့လား ကံမ ကောင်းစေတဲ့မှဲ့လားဆိုတာ ခွဲခြားလို့ရပါတယ်။ တရုတ်လူမျိုးတွေရဲ့ မှဲ့တည်နေရာဖတ်တဲ့ပညာအရ သင့်မျက်နှာပေါ်ကမှဲ့က ဘယ်အမျိုးအစားထဲမှာပါနေလဲဆိုတာကို အခုပဲခွဲခြားကြည့်လိုက်တော့နော်။

ကံကောင်းစေတဲ့မှဲ့များ

fabiosa မျက်ခုံးတည့်တည့်မှာရှိနေတဲ့မှဲ့က သင့်ရဲ့ ဉာဏ်ပညာထက်မြက်မှု နဲ့ ပင်ကိုယ်အစွမ်းအစရှိမှုကိုဖော်ညွှန်းနေပါတယ်။ ဘ၀တ လျှောက်မှာ ကံကောင်းမှုတွေကို အမြဲလိုလိုကြုံရတတ်တဲ့သူပါ။ မျက်ခုံးနှစ်ခုကြားအလယ်တည့်တည့်မှာမှဲ့ရှိနေရင် နူးညံ့တဲ့စိတ်သ ဘောထားရှိပြီး အသက်ရှည်ရှည်နေရတတ်ပါတယ်။ အဖက်ဖက်ကပြည့်စုံကောင်းမွန်တဲ့အိမ်ထောင်ဖက်မျိုးကို ပိုင်ဆိုင်ရ လေ့ရှိပါတယ်။ ကိုယ်ပိုင်စီးပွား ရေးလုပ်ငန်းတွေအကျိုးပေးပါတယ်။ နှာခေါင်းထိပ်တည့်တည့်လေးနဲ့နားရွက်အဖျားတွေမှာ မှဲ့ရှိနေရင် ငွေ ကြေးနဲ့ပတ်သက်လို့ သောက ရောက်ရတာမျိုးမရှိဘဲ ပြည့်စုံတဲ့ဘ၀မျိုးကိုပိုင်ဆိုင်နိုင်တဲ့သူပါ။ ဒါ့အပြင် ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘ၀မျိုးကို တည်ထောင်နိုင်မယ့်သူလည်းဖြစ်ပါတယ်။ မျက်ခုံးအစွန်းနားလေးမှာရှိတဲ့ မှဲ့လေးက တော့ ငွေ ကြေးကံကောင်းမှုကို ဖော်ပြ နေပြီး ဘ၀မှာ သူငယ်ချင်းကောင်းတွေနဲ့ တွေ့ရမယ့်သ ဘောသဘာဝပဲဖြစ်ပါတယ်။ အိုဇာတာကောင်းမယ့်သူတွေလို့ပြောရင်လည်းမမှားပါဘူး။

ကံမ ကောင်းစေတဲ့မှဲ့များ

 

fabiosa နဖူးအလယ်မှာ မှဲ့ရှိနေရင် အ ပြောင်းအလဲအတက်အကျများတဲ့ ဘ၀မျိုးကြုံတွေ့ရတတ်ပါတယ်။ကိုယ်ပြောလိုက်မှ ပြဿနာဖြစ်တတ်တာကြောင့် အ ကြောင်းအရာတစ်ခုကို နှုတ်ကထုတ်မ ပြောခင် အချိန်ယူစဉ်းစားသင့်ပါတယ်။ အောက်မျက်ခွံနားမှာ မှဲ့ရှိနေတယ်ဆိုရင် အချစ်ရေးကံမ ကောင်းတာမျိုးကြုံရတတ်ပြီး အဲ့ဒီအ ကြောင်းအရာနဲ့ပတ်သက်လို့ ရေရှည်စိုးရိမ်ပူပန်မှုတွေခံစားရတတ်ပါတယ်။ နှာခေါင်းဘေးနေရာနဲ့ နှုတ်ခမ်းအောက်အလယ်တည့်တည့်နေရာမှာ မှဲ့ရှိတဲ့သူတွေက ဖျားနာလွယ်ပြီး အစားအ သောက်ဓာတ်မတည့်မှုတွေနနဲ့ အစာအဆိပ်ဖြစ်တာမျိုးတွေ ဖြစ်လွယ်ပါတယ်။ READဘာမှမလုပ်လည်း တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေသလို ခံစားရတဲ့ အကြောင်းရင်း (၅) ချက်

ကံမ ကောင်းစေတဲ့မှဲ့တွေရှိနေရင်လည်း ဘာမှစိတ်မပူပါနဲ့။ အဲ့ဒီမှဲ့တွေက သင့်ကိုဘယ်လို ဒုက္ခမျိုးကိုမှ မ ပေးနိုင်ပါဘူး။ သင့်အ နေနဲ့ ဘ၀ကိုဖြတ်သန်းရာမှာ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ တခြားသူတွေထက် ပိုသတိရှိဖို့ သတိပေးနေတဲ့ အရာလေးတွေပဲဖြစ်ပါတယ်။ အခုအချက်လေးတွေကိုဖတ်ပြီးပြီဆိုတော့ ဆင်ခြင်သင့်တာ၊ ရှောင်သင့်တာလေးတွေကိုလည်း သိသွားလောက်ပါပြီ။ အားလုံး ကံကောင်းသူများဖြစ်ကြပါစေ ။

23 Shares

Add a Comment

Your email address will not be published. Required fields are marked *