တောင်ကိုရီးယားရဲ့ အရက်စက်ဆုံး လူသတ်သမားများ

နိုင်ငံတိုင်းမှာတော့ ကွင်းစက်လူသတ်သမားတွေဆိုတာ ရှိတတ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ အရက်စက်ဆုံးလို့ တင်စားခံထားခဲ့ကြတဲ့ ကွင်းစက်လူသတ်သမားတွေအကြောင်းပါ။
kim dae-doo

နိုင်ငံရဲ့ ပထမဦးဆုံးလူသိရှင်ကြားဖြစ်ခဲ့တဲ့ ကွင်းစက်လူသတ်သမားလို့ ဆိုလို့ရပါတယ်။ ၁၉၇၅ ခုနှစ်ရဲ့ သြဂုတ်လမှ နိုဝင်ဘာလအထိ ရက်ပေါင်း (၅၅) ရက်အကြာမှာ အပြစ်မဲ့ပြည်သူ (၁၇) နယောက်သေဆုံးခဲ့ပါတယ်။ ပြစ်မှုတစ်ခုကြောင့်ထောင်ကျခဲ့ပြီး ထောင်မှထွက်လာစဉ် သူ့ပတ်ဝန်းကျင်ကလူများရဲ့ အေးတိအေးစက်ဆက်ဆံပုံတွေကြောင့် စိတ်မတင်မကျဖြစ်ခဲ့တဲ့အပြင် မိသားစုကပါသူ့ကို ကျဉ်ထားခဲ့တာတွေဟာ လူသတ်မှုဖြစ်စေခဲ့တဲ့ အကြောင်းအရင်းတွေပါ။ အလုပ်ထွက်လုပ်တော့လည်း ထောင်ထွက်ဖြစ်တာကြောင့် ဘယ်သူမှ အလုပ်မခန့်တဲ့အတွက် ရိုးရိုးသားသားကြိုးစားရှာပြီး အေးဆေးစွာနေချင်တဲ့ Kim အတွက် စိတ်ဓာတ်ကျစရာတွေ ဖြစ်ခဲ့ရပါတယ်။ သွေးစွန်းနေတဲ့ ဂျင်းဘောင်းဘီကို အဝတ်လျှော်ဆိုင်မှ တွေ့ခဲ့တဲ့အတွက် ရဲလက်အပ်ရင်းနဲ့မှ ဖမ်းမိခဲ့ပါတယ်။ ဘာကြောင့်သတ်တာလဲဆိုတဲ့ မေးခွန်းကို လူကြီးတွေကိုသတ်တာကတော့ သူ့အကြောင်းသိနေလို့ သတ်တာဖြစ်ပြီး ကလေးတွေကိုသတ်တာကတော့ ငိုတဲ့အသံဟာ သိပ်စိတ်ရှုပ်ဖို့ကောင်းတယ်လို့လို့ သိရပါတယ်။ ၁၉၇၆ ခုနှစ် ဒီဇင်ဘာလမှာတော့ သေမိန့်ကျခဲ့ပါတယ်။

Yoo Young-chul

Yoo Young-chul ဆိုတဲ့သူဟာ လူအယောက် (၂၀) လောက်ကို ဆိုးလ်တစ်ခွင် ၂၀၀၃ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်အတွင်း သတ်ပစ်ခဲ့တာပါ။ သူ့ကိုဖမ်းမမိခဲ့ရင် နောက်ထပ်လူဘယ်နယောက် ထပ်သတ်ဖြစ်ဦးမယ်မသိဘူးလို့ ပါးစပ်ကကိုယ်တိုင်ပြောခဲ့တာပါ။ ချမ်းသာတဲ့ မိသားစုမှပေါက်ဖွားလာတဲ့ မိန်းကလေးတစ်ယောက်ကို ကြိုက်ခဲ့ပေမယ့် မိန်းကလေးဘက်မှ ပြန်မကြိုက်ခဲ့တာကြောင့် အဲဒီအချိန်မှစတင်ကာ ချမ်းသာတဲ့လူတွေကို ပစ်မှတ်ထားတာ လိုက်သတ်ခဲ့တာပါ။ ၂၀၀၃ ခုနှစ် ဇန်နဝါရီလမှာ စတင်ခဲ့ပြီး ပြည့်တန်ဆာများနဲ့ အမျိုးသမီးများကို အထူးပစ်မှတ်ထားကာ သတ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပယ်ဖျက်ပစ်လိုက်တဲ့ သေဒဏ်ဥပဒေကြောင့် ၂၀၀၅ ခုနှစ်မှစတင်ကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျနေခဲ့ပါတယ်။ သူ့ရဲ့အကြောက်ခဲ့ရဆုံး အချိန်ကတော့ (၄) နှစ်အရွယ်သားလေးဟာ “ဖေဖေအဖျားပျောက်သွားပြီလား” လို့ ဖုန်းဆက်တဲ့အချိန်ဟာ သူလူသတ်နေတဲ့အချိန် ဖြစ်နေခဲ့တာပါ လို့လည်း ဖွင့်ဟခဲ့ပါတယ်။

လူသတ်သမားအများစုဟာ သူတို့ရဲ့နောက်ကြောင်းကို မပြောပြတတ်ပေမယ့် Jeong ကတော့ သူ့ရဲ့ ရင်နင့်ဖွယ်အတိတ်ဆိုးကြီးကို ဖွင့်ထုတ်ပြောပြခဲ့ပါတယ်။ သူဟာ (၁၀) နှစ်သားအရွယ်လောက်မှာ အမျိုးသားချင်းစော်ကားမှုကို ခံခဲ့ရသူဖြစ်ပြီး အဲဒီအကျိုးဆက်ကြောင့်ပဲ ဆယ်ကျော်သက်ဘဝမှာ အပယ်ခံအဖြစ် နေထိုင်ခဲ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခဲ့ရတာပါ။ ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ် ဧပြီလအထိ လူ (၁၅) ဦးကို သတ်ပစ်ခဲ့ကာ (၁၉) ယောက်ကို ဒဏ်ရာရစေခဲ့ပါတယ်။ သူခံသလိုပြန်ခံရအောင်ဆိုပြီး မူလတန်းအရွယ် ကျောင်းသားလေးနှစ်ယောကို လိင်ပိုင်းဆိုင်ရာအရစော်ကားကာ သတ်ပစ်ခဲ့ပါသေးတယ်။ အဓိကပစ်မှတ်တွေကတော့ သူ့ထက်စိတ်ပိုင်းဆိုင်ရာအရပိုအားနည်းသူတွေနဲ့ လူချမ်းသာတွေကိုပါ။ စစချင်းမှာတော့ ကလေးတွေနဲ့ အမျိုးသမီးတွေ၊ ခွန်အားနည်းတဲ့ ယောက်ျားတွေကို အရင်သတ်ခဲ့ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့အတွက် လိုက်ဖမ်းတဲ့အခါ ထွက်ပြေးနိုင်အောင်လို့ တစ်နေ့ကို (၁၀) ကီလိုမီတာလောက် ပြေးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ် မှာတော့ အမျိုးသားတွေကို စသတ်ဖို့ ပထမဆုံးကြိုးစားတဲ့အခေါက်မှာပဲ သားကောင်ဖြစ်တဲ့သားအဖနှစ်ယောက်က ပြန်ခုခံခဲ့တာကြောင့် ဖမ်းမိခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခဲ့ပေမယ့်လည်း နှစ်နှစ်အကြာမှာတော့ ပလတ်စတစ်အိတ်တွေန့ ကြိုးကွင်းပုံစံပြုလုပ်ကာ ထောင်ထဲမှာတင် သတ်သေသွားခဲ့ပါတယ်။

Source: Korea Herald

8 Shares

Add a Comment

Your email address will not be published. Required fields are marked *