AA ဟာ KIA ရဲ့မွေးစားသားဖြစ်ပြီး ရခိုင်မှာအခြေချဖို့ ကြိုးစားနေတာ တပ်မတော်ကခွင့်မပြုနိုင်ပါဘူးဟုဆို

AA ဟာ KIA ရဲ့မွေးစားသားဖြစ်ပြီး ရခိုင်မှာအခြေချဖို့
ကြိုးစားနေတာ တပ်မတော်ကခွင့်မပြုနိုင်ပါဘူးဟုဆို
************************************
(ရန်ကုန်၊ဖေဖော်ဝါရီ ၂၃)

AA သည် KIA ၏မွေးစားသားဖြစ်ပြီး ကချင်ပြည်နယ်
ကနေ ရခိုင်ပြည်နယ်ကိုရွှေ့ဖို့ကြိုးစားပြီး ရခိုင်ပြည်နယ်မှာအခြေချဖို့ကြိုးစားနသည်ကို တပ်မတော်ကလက်ခံမည်
မဟုတ်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့
အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်စိုးနိုင်ဦးကသတင်းမီဒီယာများ
ကိုပြောကြားလိုက်သည် …
.
AA သည်ယာယီရဲစခန်းများကိုတိုက်ခိုက်ခြင်း မိုင်ဆွဲခြင်းများ
ARSA ၏နည်းလမ်းများကိုပုံစံတူပြုလုပ်လာပြီး
ပြည်ထောင်စုလမ်းပေါ်အထိ သောင်းကြမ်းလာသည်ကို
တွေ့ရှိရသည်ဟု ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း
စစ်ဌာနချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်
၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည် …
.
” AA ကအခြေခံနယ်မြေ အမာခံနယ်မြေစီးရုံးရေး
နယ်မြေတွေလုပ်ဆောင်လာနေတာတွေ့ရပြီး
တပ်မတော်က ခွင့်ပြုမှာမဟုတ်ပါဘူး …
AA ဟာ KIA ရဲ့မွေးစားသားဖြစ်ပြီး ကချင်ပြည်နယ်
ကနေ ရခိုင်ကိုရခိုင်ကိုရွှေ့ဖို့ကြိုးစားပြီး ရခိုင်ပြည်နယ်ကို
ခြေကုတ်ရဖို့ ကြိုးစားလာတာကိုတွေ့ရပါတယ် …
AA ကြောင့်ရခိုင်ပြည်နယ်တည်ငြိမ်မှုပျက်ပြားဖို့
မြေပေါ်မြေအောက်ကြိုးစားလာတာနေပါတယ် …
ရခိုင်ပြည်နယ်ဟာ တည်ငြိမ်အေးချမ်းပြီးဘာသာတရား
ကိုင်းရှိုင့်တဲ့ ပြည်သူတွေကိုဝါဒမှိုင်းတိုက်ပြီး တည်ငြိမ်မှု
ပျက်ပြားအောင်လုပ်နေပါတယ်”
ဟု ပြောသည် …

ထို့ပြင် AA ၏လုပ်ရပ်သည် အုပ်ချုပ်ရေးယန္တယားကို
ထိခိုက်စေခြင်း တည်ငြိမ်မှုပျက်ပြားစေခြင်းနှင့်ပြည်သူများ၏
အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်အောင်ဆောင်ရွက်
နေခြင်းဖြစ်သည်ဟု၎င်းကဆိုသည်။။။။။
သတင်း၊ဓာတ်ပုံ ရွှေထီး
The Speaker

⚡ KT ⚡

5 Shares

Add a Comment

Your email address will not be published. Required fields are marked *