ဂျပန်အစိုးရအား မြန်မာ့တပ်မတော်ကိုကူညီပေးရန် ဂျပန်ရောက်ရခိုင်များတောင်းဆို

ဂျပန်အစိုးရအား မြန်မာ့တပ်မတော်ကိုကူညီပေးရန် ဂျပန်ရောက်ရခိုင်များတောင်းဆို
*******************
#ဖေဖော်ဝါရီ ၂၀

မြန်မာ့တပ်မတော်မှ (AA)သောင်းကြမ်းသူများအား ထိုးစစ်ဆင်တိုက်ခိုက်နေမှုကို ဂျပန်နိုင်ငံအစိုးရအနေဖြင့်ထောက်ခံ ပေးရန်နှင့် ရခိုင်သူပုန်များအား ရှုံ့ချပေးရန် တောင်းဆို ပွဲတစ်ခုကို ဂျပန်ရောက် ရခိုင် လူမျိုးများက ပြုလုပ်ခဲ့ကြသည်။

၎င်းတောင်းဆိုပွဲကို ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန်မှဦးဆောင်ပြီး ယနေ့ ဂျပန် နိုင်ငံတိုကျိုမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့ တွင် လူစုပြီး ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။

ရက္ခိုင်လူငယ်များအစည်းအရုံး-ဂျပန်၏ သဘာပတိ ကိုကျော်သန်းလှိုင်က”ကျွန်တော်တို့ အဓိကတော့ ရခိုင်သောင်းကြမ်းသူများကို မြန်မာ့တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်မှုကို ဂျပန် အစိုးရက ထောက်ခံပေးဖို့။ နောက်တစ်ခုက စစ်ပွဲကြောင့် ဘေးလွတ်ရာ ပြေးနေရတဲ့ ဒုက္ခ ရောက်နေကြရတဲ့ ရခိုင်စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုကြတာပါ”ဟု ပြောသည်။

ရခိုင့်စစ်ပွဲများကို တကယ် ငြိမ်းချမ်းစေလိုလျှင် AAသောင်းကြမ်းသူများ အနေဖြင့် ရခိုင်ဒေသကို မီးလောင်တိုက်သွင်းနေမှု့ကို ရပ်တန့်ပြီး လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ကြပါ၊ ရခိုင် နိုင်ငံရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူများနှင့် အကျေအလည်ဆွေးနွေးခြင်း ပြုလုပ်ရန် လိုအပ်သည်ဟု ၄င်းက ဆက်ပြောသည်။

“တကယ့် ငြိမ်းချမ်းစေချင်တယ်ဆိုရင် ဒီ ကျွန်တော်တို့ ရခို်င်ဒေသကို AAသူပုန်များအနေဖြင့် KIAရဲ့စေခိုင်းမှု့ကြောင့် အဖျက်အမှောက်သဘောနဲ့ တိုက်ခိုက်နေတာတွေ ရပ်တန့်ဖို့လိုတယ်။ ပြီးတော့ ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ဆွေးနွေးဖို့လိုတယ်။ဒါမှ လက်ရှိ ရခိုင်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို တစ်ဘက်တစ်လမ်းက ငြိမ်းချမ်းမယ်လို့မြင်တယ်”ဟု ကိုကျော်သန်းလှိုင်က ရခိုင်စစ်ပွဲများအပေါ် ၄င်းတို့၏ သုံးသပ်ချက်ကို ပြောသည်။

တောင်းဆိုပွဲကို လူဦးရေ ၂၀ ကျော်ဖြင့် ပြုလုပ်ခဲ့ပြီး ညနေ ၄ နာရီ ၃၀ မိနစ်တွင် ပြီးဆုံးသည်ဟု သိရသည်။

မူရင်း ခရက်ဒစ်
Via, Maung Htut

14 Shares

Add a Comment

Your email address will not be published. Required fields are marked *