လူကြမ်းသရုပ်ဆောင်မင်းစိန် ရင်ကြပ်ရောဂါဖြင့် ကွယ်လွန်

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဦးမင်းစိန် အသက် (၅၆) နှစ် သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၅ ရက် နံနက်၂:၃၀ အချိန်၊ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူစဉ် ချွဲကျပ်၊အမောဖောက် ဝေဒနာဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
“ပရိသတ်မုန်းတဲ့ လူယုတ်မာအခန်းတွေကို ကျရာဇာတ်ရုပ်မှာ ပေးတဲ့တာဝန်ကျေအောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့ သရုပ်ဆောင်ပြခဲ့ပေမဲ့ အခုတော့ အသက်တွေကြီးလာလို့ထင်ပါရဲ့ လူယုတ်မာအခန်းတောင် သိပ်မရိုက်ရတော့ပါဘူး”ဟု မကွယ်လွန်ခင်က အင်တာဗျူးတခုတွင် ရင်ဖွင့်ပြောဆိုခဲ့သည်။
ဦးမင်းစိန် ကောင်းရာသုဂတိဘုံသို့ရောက်ရှိပါစေ
#crd: su su lay


3 Shares

Add a Comment

Your email address will not be published. Required fields are marked *