တရားမဝင်အရက်သောက်သုံးမှုကြောင့် ၈၄ ဦးသေဆုံးပြီး လူ ၂၀၀ ကျော်ဆေးရုံတင်ခဲ့ရ

45 Shares

အိန္ဒိယနိုင်ငံမှာ တရားမဝင်အရက်သောက်သုံးပြီး လူပေါင်းများစွာသေဆုံးခဲ့ပြီး သေဆုံးခဲ့တဲ့ ၈၄ ဦးထဲမှာ လက်ဖက်စိုက်ခင်းအလုပ်သမ ဒါဇင်ပေါင်းများစွာလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။

နောက်ထပ် လူ ၂၀၀ ဟာလည်း အဆိပ်သင့်နေတဲ့အရက်ကို သောက်ဆုံးပြီးနောက် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။ အာဆန်အရှေ့မြောက်ပိုင်းပြည်နယ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပတ်ကလည်းက အိန္ဒိယမြောက်ပိုင်းမှာ စနစ်တကျချက်ထားခြင်းမရှိတဲ့အရက်ကို သောက်သုံးမှုကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။

အာဆန်ကျန်းမာရေးဝန်ကြီး ဟီမာတာဘီဆွာဆာမက “၁၀ မိနစ်တိုင်းမှာ မတူညီတဲ့နေရာကနေ သေဆုံးတဲ့သတင်းတွေကို ရရှိနေပါတယ်”

“နောက်ထပ် လူ ၂၀၀ လောက်ကလည်း ဆေးရုံမှာ ရှိနေပြီး အများစုဟာ စိုးရိမ်ရတဲ့အခြေအနေပါ”လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယနိုင်ငံမှာ အရည်အသွေးမြင့်အရက်တွေကို မသောက်သုံးနိုင်တာကြောင့် ဒေသတွင်းမှာ တရားမဝင်ချက်အရက်သောက်ဆုံးမှုနဲ့အတူ မကြာခဏ လူသေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖြစ်စဉ် ၂ ခုက သေဆုံးမှုစစ်တမ်းကောက်ယူထားချက်အရ တရားမဝင်အရက်ကြောင့် အသေအပျောက်အများဆုံးဟာ ၂၀၁၁ ခုနှစ် အနောက်ဘန်ဂေါမှာ လူပေါင်း ၁၇၂ ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်တယ်လို့ သိရပါတယ်။

Crd:Original Uploader

45 Shares

Add a Comment

Your email address will not be published. Required fields are marked *