ဘင်္ဂလားဒက်ရှ် Biman လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်အား သေနတ်သမားတစ်ဦး အပိုင်စီး။

ဘင်္ဂလားဒက်ရှ် Biman လေကြောင်းလိုင်း ခရီးသည်တင်လေယာဉ်အား သေနတ်သမားတစ်ဦး အပိုင်စီး။ လေယာဉ်အမှု့ထမ်းများအား ဓါးစာခံဖမ်းဆီးထားပြီး စစ်တကောင်းလေယာဉ်ကွင်းတွင် အရေးပေါ်ဆင်းသက်။ အသေခံ ဗုံးခွဲခါးပတ် ၀တ်ဆင်ထားသည်ဆိုသော လေယာဉ်အပိုင်စီးသူက ၀န်ကြီးချုပ် ရှိတ်ဟာစီနာနှင့် တိုက်ရိုက်စကားပြောဆိုရန် တောင်းဆိုခဲ့။ ဘင်္ဂလားဒက်ရှ်တပ်မတော်က လေယာဉ်အား ရုတ်တရက်ဝင် ရောက်စီးနင်းပြီး လေယာဉ်အပိုင်စီးသူအား အသေပစ်သတ် ဖမ်းဆီး
=======================
((( Dhaka Tribune., February 24th, 2019. “Gunman hijacks Biman flight, takes crew members hostage at Chittagong airport” ကို Htay Oung , Oung Marine ဆီလျှော်အေင် ဘာသာပြန်ဆိုသည်။ )))

ဘင်္ဂလားဒက်ရှ် Biman လေကြောင်းလိုင်းပိုင် Flight BG-147 ခရီးသည်တင်လေယာဉ်မှာ သေနတ်သမားတစ်ဦး၏ အပိုင်စီးခြင်းခံရပြီးနောက် စစ်တကောင်း ရှားအေမန်နက် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း Dhaka Tribune က ယနေ့ရေးသားသည်။

စစ်တကောင်း- ဒက္ကားမှတဆင့် ယူအေအီးနိုင်ငံ ဒူဘိုင်းသို့ ဦးတည်ပျံသန်းနေစဉ် အပိုင်စီးခံရပြီး စစ်တကောင်းလေယာဉ်ကွင်းသို့ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် ညနေ ၅း၄၅ နာရီတွင် ဆင်းသက်ခဲ့သည်ဆို၏။

လေယာဉ်အပိုင်စီးသူ သေနတ်သမားက ဒက္ကားသို့ ဦးတည်နေသော လေယာဉ်အား ပြန်လှည့်စေပြီး စစ်တကောင်းလေယာဉ်ကွင်း၌ ဆင်းသက်ရန် အတင်းအဓမ္မ အမိန့်ပေးခဲ့ကြောင်းသိရှိရသည်။
လေယာဉ်ဆင်းသက်ပြီးနောက် ခရီးသည်အားလုံးကို အေးချမ်းစွာ လွှတ်ပေးခဲ့သော်လည်း လေယာဉ်ပေါ်တွင် သေနတ်သမားနှင့်အတူ လေယာဉ်အမှု့ထမ်း ၂-ဦး ကျန်ရှိနေခဲ့ကြောင်း မီဒီယာများက ဖော်ပြသည်။

ရဲတပ်ဖွဲ့ဝင်များ၊ လျှပ်တစ်ပြက်တိုက်ခိုက်ရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင် ရဲတပ်ဖွဲ့တို့က လေယာဉ်အနီးတစ်ဝှိုက်တွင် အတားအဆီးများ ချထားပြီး ပြေးလမ်းတစ်လျှောက် ၀ိုင်းရံစောင့်ကြည့်လျှက်ရှိသည်။ လေယာဉ်ဆင်းတက်ခြင်းနှင့် လေဆိပ်လုပ်ငန်းဆောင်ရွက်မှု့အားလုံးရပ်ဆိုင်းထားပြီး စစ်တကောင်းလေယာဉ်ကွင်းသို့ ဦးတည်ပျံသန်းလာသည့် လေယာဉ်များအား လမ်းကြောင်းလွှဲ ပျံသန်းစေခဲ့သည်။

လေယာဉ်ဆင်းသက်ချိန်တွင် သေနတ်သမားက လေယာဉ်မှူးအား သေနတ်နှင့် ချိန်ထားခဲ့ကြောင်း ခရီးသည်အားလုံး လေယာဉ်မှ ဘေးရန်ကင်းစွာ လွတ်မြောက်လာကြသော်လည်း လေယာဉ်ဝန်ထမ်းများနှင့် အပိုင်စီးသူတို့ စကားပြောဆိုလျှက်ရှိသည်။

ခရီးသည်နှင့် လေယာဉ်အမှု့ထမ်းတို့ တစ်စုံတစ်ရာထိခိုက်ခြင်းမရှိ သော်လည်း လေယာဉ်အပိုင်းစီးရခြင်း၏ရည်ရွယ်ချက်ကိုမသိရှိရသေးကြောင်း လေဆိပ်အဏာပိုင်များအဆို အရ သိရှိရသည်။

လေယာဉ်တွင် လွှတ်တော်အမတ် ၈-ဦးနှင့် ဂျတီယာပါတီခေါင်းဆောင်တစ်ဦးတို့ လိုက်ပါလာကြသည်။ လေယာဉ်မှုးအဆိုအရ အပိုင်စီးသူမှာ ဘင်္ဂလားဒက်ရှ်လူမျိုးတစ်ဦးဖြစ်ပြီး လေယာဉ်မောင်းနှင်ခန်းအတွင်း ၀င်ရောက်ရန်ကြိုးစားစဉ် ဟန့်တားသဖြင့် သေနတ်တစ်ချက် ပစ်ဖောက်ခဲ့ကြောင်း သို့သော် ထိခိုက်ဒါဏ်ရာ ရသူမရှိကြောင်း Somoy TV က သတင်းပေးပို့သည်။

သေနတ်သမားအား လေယာဉ်မှုးက ဖြောင့်ဖျပြောဆိုစဉ် အသေခံ ဗုံးခွဲခါးပတ် ၀တ်ဆင်ထားသည်ဆိုသော လေယာဉ်အပိုင်စီးသူက အစိုးရအာဏာပိုင်များ၊ စစ်တကောင်းတွင် ဖွံ့ဖြိုးရေးပရောဂျက်အစီအစဉ်အရ ရောက်ရှိနေသည့် ၀န်ကြီးချုပ် ရှိတ်ဟာစီနာနှင့် တိုက်ရိုက်စကားပြောဆိုရန် တောင်းဆိုခဲ့သည်ဆို၏။

ယခုအချိန်နောက်ဆုံးရရှိသောသတင်းအရ ဘင်္ဂလားဒက်ရှ်တပ်မတော်က လေယာဉ်အား ရုတ်တရက်ဝင် ရောက်စီးနင်းပြီး လေယာဉ်အပိုင်စီးသူအား အသေပစ်သတ် ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

https://www.dhakatribune.com/bangladesh/nation/2019/02/24/biman-flight-makes-emergency-landing-at-chittagong-airport?fbclid=IwAR3upyEVRNmXtTWsX6gNbRRPZwPOJzs0Q57KPQY8xeLH84CazgOobELE-Ts

https://www.dhakatribune.com/bangladesh/nation/2019/02/24/biman-flight-makes-emergency-landing-at-chittagong-airport?fbclid=IwAR2DXyngqSoFQNV4Sr4U0l4cGdedNuBvg98TE3RKFzs3SVOQjP2yuk4kqLs

======

Gunman hijacks Biman flight, takes crew members hostage at Chittagong airport

Published at 06:33 pm February 24th, 2019
Security forces have the plane surrounded on the runway of Shah Amanat International Airport

A Biman Bangladesh Airlines plane has made an emergency landing at the Shah Amanat International Airport in Chittagong after a gunman hijacked it.

An airport official, seeking anonymity, told the Dhaka Tribune that a gunman tried to take command of the cockpit after the plane took off from Dhaka’s Hazrat Shahjalal International Airport and forced the pilot to land at the Chittagong airport.
Shakil Meraj, the general manager (Public Relations) of the national flag carrier, confirmed the the Dhaka Tribune of the incident, and added that all passengers had safely disembarked after the plane landed.

But according to media reports, the gunman and two crew members were still on it.

Police, Rapid Action Battalion and Armed Police Battalion cordoned off the area and have the plane surrounded on the runway.

Operational activities at the airport were also suspended, while traffic on adjacent roads was either halted or diverted.

Civil Aviation and Tourism Secretary Mohibul Haque also told UNB over phone that all passengers were evacuated from the aircraft, and a crew member was talking to the suspected hijacker.

“However, all passengers and the pilot made it out safely. We know this so far. But it is confirmed that the suspect is still in the plane. We are trying to find out why and how this happened,” said the minister.

The prime minister was in Chittagong earlier in the day to inaugurate a development project.

A witness also said that they heard a gunshot when the pilots tried to stop the armed hijacker from entering the cockpit. The hijacker then claimed he was wearing a suicide vest and demanded a direct line of communication with the prime minister and senior government officials.

Mohibul said they were yet to confirm whether anyone was shot on the plane.

Credit to – Htay Oung

10 Shares

Add a Comment

Your email address will not be published. Required fields are marked *