အစ္စရေးမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ စစ်သုံးဒရုန်းများ ရောင်းချ

အစ္စရေးမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်ဖိုးရှိ စစ်သုံးဒရုန်းများ ရောင်းချ
++++++++++++++++++++++

အစ္စရေးလေကြောင်းနဲ့အာကာသစက်မှုလုပ်ငန်း (IAI)ဟာ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်တန်ဖိုးရှိတဲ့ Heron မောင်းသူမဲ့လေယာဉ် အစီး ၅၀ ရောင်းချရေးအတွက် အိန္ဒိယကာကွယ်ရေး ဝန်ကြီးဌာနနဲ့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။
Heron ဟာ အမြင့်ပေအလယ်အလတ်နဲ့ တာဝေးပျံနိုင်တဲ့ မောင်းသူမဲ့ဒရုန်းဖြစ်ပြီး မဟာဗျူဟာ နဲ့ နည်းဗျူဟာရည်မှန်းချက်တာဝန်တွေကို ထမ်းဆောင်နိုင်ပါတယ်။ အလေးချိန် ၄၇၀ ကီလိုဂရမ်ရှိတဲ့ payload ကို သယ်ဆောင်နိုင်ပါတယ်။
လေထဲမှာ ၄၅ နာရီနဲ့အထက် နေနိုင်ပြီး အမြင့်ပေ ၃၅၀၀၀ ပေအထိ ရောက်ရှိနိုင်ပြီး အကွာအ ဝေး ၃၅၀ ကီလိုမီတာအထိ ပျံသန်းစစ်ဆင်နိုင်ပါတယ်။


Heron မောင်းသူမဲ့ဒရုန်းဟာ စုစုပေါင်းအလျား ၈.၅ မီတာရှည်လျားပြီး တောင်ပံအလျား ၁၆.၆ မီတာရှိပါတယ်။
Heron မောင်းသူမဲ့လေယာဉ်ဟာ အစ္စရေးလေတပ်မှာ စစ်ဆင်ရေးအသုံးပြုအတွင်ကျယ်ဆုံး လက်နက်တွေထဲက တစ်ခုဖြစ်ပြီး ကင်းထောက်နဲ့စောင့်ကြည့်ထောက်လှမ်းရေးအတွက် အသုံးပြုပါ တယ်။
လက်ရှိနှစ်များအတွင်းမှာ Heron မောင်းသူမဲ့ဒရုန်းကို ပြင်သစ်နဲ့ တူရကီကို ရောင်းချခဲ့ပြီး ကနေဒါနဲ့ သြစတြေးလျတို့ကို ငှားရမ်းခဲ့ပါတယ်။ မော်ရိုကိုဟာလည်း ပြင်သစ်ကရတဲ့ Heron မောင်းသူမဲ့ဒရုန်းကို အသုံးပြုနေပါတယ်။


၂၀၁၈ ခုနှစ် ဇွန်လမှာ အစ္စရေးဟာ ဂျာမနီကြည်းတပ်ကို အမေရိကန်ဒေါ်လာ သန်း ၆၀၀ တန်ဖိုးရှိ အရွယ်အစားကြီးမားတဲ့ Heron-TP UAV ၇ စီး ငှားရမ်းရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ပါတယ်။

၁၉၅၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ အစိုးရကုမ္ပဏီဖြစ်တဲ့ IAI ဟာ မြေပြင်၊ ဝေဟင်၊ ရေပြင်၊ လေကြောင်းအာကာသနဲ့ ဆိုင်ဘာ နည်းပညာနဲ့ စနစ်တွေကို ထောက်ပံ့ပေးနေတဲ့ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

12 Shares

Add a Comment

Your email address will not be published. Required fields are marked *