ဘင်္ဂလာ​ဒေ့ရှ်​ ​သတင်းစာစွပ်​​ဖော်​ပြချက်​ကို မြန်​မာသံရုံးပယ်​ချ

Daily Star သတင်းစာ ဖော်ပြမှု မြန်မာသံရုံးက သတင်းထုတ်ပြန်
~~~~~~~~~~
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် Daily Star သတင်းစာမှာ ဖော်ပြထားတဲ့ ဘင်္ဂလားဒေ့ရှ်လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ဒုစရိုက်သမားတွေ အပြန်အလှန်ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား Nurul Alam ဟာ ARSA ထိပ်တန်းခေါင်းဆောင်တယောက် ဖြစ်တယ်လို့ ဒါကာမြို့အခြေစိုက် မြန်မာသံရုံးက မနေ့က ထုတ်ပြန်တဲ့ ဖော်ပြချက်ထဲမှာ ပါရှိပါတယ်။

အဲဒီထုတ်ပြန်ချက်ထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Daily Star သတင်းစာမှာ ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ အသက် ၃၄ နှစ်အရွယ် Nurul Alam ဟာ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်းနဲ့ တက္ကနာ့ဖ်ခရိုင် နာရာပါယာ ဒုက္ခသည်စခန်းအနီးက ရဲအရာရှိကို သတ်ဖြတ်သွားသူလို့ ဖော်ပြခဲ့ပေမယ့် ARSA အဖွဲ့ဝင်တဦးလို့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဒါကာအခြေစိုက် ဧရာဝတီသတင်းဌာန ဘင်္ဂလားဒေ့ရှ်သတင်းထောက်ကတော့ အာဆာထိပ်တန်းခေါင်းဆောင်တဦး အသတ်ခံရကြောင်းနဲ့ Nurul Alam ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးကို ဖော်ပြခဲ့ပါတယ်။

ဒီအချက် နှစ်ချက်ကို နှိုင်းယှဉ်ကြည့်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် သတင်းစာတစောင်ရဲ့ အတွင်းသဘောကို သိနိုင်တယ်လို့ ဒါကာမြို့အခြေစိုက် မြန်မာသံရုံးက သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

11 Shares

Add a Comment

Your email address will not be published. Required fields are marked *