ကမ္ဘာ့ အန္တရာယ်​ အကြီးဆုံး လူသား နှစ်​ဦးတွေ့ဆုံခြင်း

ကမ္ဘာ့ အန္တရာယ်​ အကြီးဆုံး လူသား နှစ်​ဦးတွေ့ဆုံခြင်း
================================

ပြီးခဲ့တဲ့ ဇွန်​လထဲမှာ စင်္ကာပူ၌အမေရိကန်​သမ္မတ
ဒေါ်နယ်​ထရမ့်​နှင့်​ မြောက်​ကိုးရီးယား ခေါင်းဆောင်
ကင်​ကျုံအန်းတို့ဟာ ပထမအကြိမ်​ ထိပ်​သီးတွေ့ဆုံမှု့
လုပ်ုံခဲ့ကြပြီး၊ ဒီတပတ်​ထဲ၌ တော့
ဗီယက်​နမ်​ နိုင်​ငံမှာ ဒုတိယအကြိမ်​ ထိပ်​သီးဆွေးနွေးပွဲ
ပြုလုပ်​ကြမည်​ဖြစ်​သည်​။ အရင်​စင်္ကာပူထိပ်
သီးဆွေးနွေးပွဲ တုန်းကတော့ မြောက်​ကိုးရီးယားရဲ့နျူ
ကလီးယားလက်​နက်​ ဖျက်​သိမ်းရေး နှင့်​ပတ်​သက်​ပြီး
နှစ်​ဖက်​ညှိနှိုင်းဆောင်​ရွက်​မှု့ ဟာ မတိမကျ၊
မရေရာ သဘောသာ ရှိခဲ့ကြောင်း အမေရိကန်​ ဒီမိုကရက်​တစ်​ အမတ်​တွေကရော၊ ကမ္ဘာ့နိုင်​ငံများတို့ကပါ ဝေဖန်​ထားကြသည်​။ ဒီတစ်​ကြိမ်​မှာတော့
အရင်​တကြိ​မ်​ကထက်​ ပိုပြီးတိကျ ရေရာသော ရလာဒ်
မျိုး ရှိနိုင်​ဟု မျှော်င်္လင့်​ထားကြသည်​။

နှစ်​ဖက်​ ခေါင်းဆောင်​တို့ တွေ့ဆုံမှု့ နှင့်​ပတ်​သက်​ပြီး
ကမ္ဘာ့ နိုင်​ငံအသီးသီးတို့ကလည်း စိတ်​၀င်​စားမှု့ တွေ
များစွာ ရှိနေကြသည်​။ အဲဒီ အထဲ၌ တရုတ်​၊ တောင်​ကိုး
ရီးယားနှင့် ဂျပန်​ တို့က စိတ်​၀င်​စားမှု့ အများဆုံးလို့တောင်​ဆိုရမည်​ ဖြစ်​သည်​။ ဗီယက်​နမ်​သို့
ကင်​ကျုံအန်းက ကျည်​ကာရထားဖြင့်​ ခရီးနှင်​ခဲ့ခြင်းလည်း
ဖြစ်​လေသည်​။ တစ်​ချို့သော သုံးသပ်​ကြသူများတို့က
တော့ ကင်​ကျုံအန်းသည်​ ရထားဖြင့်​ တရုတ်​ပြည်​ကို
ဖြတ်​ပြီး ဗီယက်​နမ်​အထိ သွားရမည်​ ဖြစ်​လို့ တရုတ်
နိုင်​ငံထဲ မှာ ခရီးတထောက်​နားပြီး တရုတ်​သမ္မတ ရှီ
ကျင့်​ပင်းနှင့်​ အရင်​တွေ့ဖို့ ရှိနိုင်​သည်​ဟု ယူဆထား
ကြပေမယ့်​ တရုတ်​မှာ မနားဘဲတောက်​လျှောက်​ ခရီး
နှင်​ခဲ့သည်​ဟု သိရသည်​။နှစ်​ဖက်​တွေ့ဆုံမှု့၌ ရည်​မှန်း
ချက်​ ကိုယ်​စီ ရှိနေကြသည်​။

မြောက်​ကိုးရီးယား
——————-
အမေရိကန်​ဘက်​က မျှမျှတတ ဆွေးနွေးညှိနှိုင်းမှု့ လုပ်​ခဲ့
ပါက မြောက်​ကိုးရီးယား ဘက်​ကလည်း နျူးကလီးယား
လက်​နက်​များကို ဖျက်​သိမ်းစွန့်​လွှတ်​ဖို့ ရှိနိုင်​ဟု အစော
ပိုင်းတုန်းက မြောက်​ကိုးရီးယား ခေါင်းဆောင်​က ဆိုထား
သည်​။ သို့သော်​ နျူလက်​နက်​ဖျက်​သိမ်းစွန့်​လွှတ်​မှု့ ၌
ဘယ်​လောက်​အထိ လုပ်​ဆောင်​မလဲ။ တစ်​ချို့ကိုဘဲ
စွန့်​လွှတ်​ဖျက်​သိမ်းမှာလား? အလုံးစုံဖျက်​သိမ်းပစ်​မှာ
လား? ဆိုသည့်​အပေါ် ထရမ့်​ကော၊ ကင်​ ကောကပါ
တိတိကျကျ မဆိုနိုင်​ကြသေး။ ကင်​ကျုံအန်းက နျူကလီး
ယား လက်​နက်​များကို ‘အဖိုးတန်​ ရတနာပစ္စည်း’လို့
တောင်​ ကြွေးကြော်​ထားလေတော့ အလုံးစုံ စွန့်​လွှတ်​ဖျက်​ သိမ်းပစ်​ဖို့ ဆိုတာ မဖြစ်​နိုင်​ဟု အများစုက သုံးသပ်
ယူဆထားကြသည်​။ အစောပိုင်းနှစ်​ကာလများ၌ မြောက်
ကိုးရီးယား သည်​ တရုတ်​ နှင့်​ ဆက်​ဆံရေး အကောင်းဆုံး အနေအထား၌ ရှိခဲ့သည်​ ။ စင်္ကာပူ ပထမအကြိမ်
ထိပ်​သီးတွေ့ဆုံမှု့ မလုပ်​ခင်​’ကင်​’သည်​’ရှီကျင့်​ပင်း’ကိုအ
ရင်​တွေ့ခဲ့လေသည်​။ မြောက်​ကိုးရီးယားကို အမေရိကန်
အပါအ၀င်​ ကမ္ဘာ့နိုင်​ငံအသီးသီးတို့က စီးပွားရေး အရေး
ယူပိတ်​ဆို့မှု့တွေ တောက်​လျှောက်​လုပ်​လာသည့်​အခါ
တရုတ်​ကြီးကသာ မြောက်​ကိုးရီးယား နှင့်​ အဆက်​အဆံ
လုပ်​ခဲ့ပြီး ကုန်​သွယ်​ရေး အမြတ်​ထုတ်​ခဲ့လေသည်​။
သို့သော်​ တရုတ်​က မြောက်​ကိုးရီးယားရဲ့ စီးပွားရေး
ပြိုလဲသွားပြီး မြောက်​ကိုးရီးယား ဒုက္ခသည်​တွေ တရုတ်
ထဲ ရောက်​လာမှာကို အလွန်​ စိုးရိမ်​နေပြီး နောက်​ပိုင်း
နှစ်​များ၌ ဆက်​ဆံရေးကို ခပ်​တင်းတင်းလုပ်​လာခဲ့သည်​။
ဤအခြေအနေကို ရိပ်​မိတဲ့ ‘ကင်​’ ကလည်း တရုတ်​နှင့်
လက်​တွဲဖြုတ်​ပြီး အမေရိကန်​ အပါအ၀င်​ ကမ္ဘာ့နိုင်​ငံအသီးသီးတို့ရဲ့ မေတ္တာကို ခံယူပြီး စီးပွားရေးပိတ်​ဆို့
ထားမှု့ကို ဖြေလျော့ပေးဖို့ အတွက်​ အမေရိကန်​ ဘက်
လက်​ဖြန့်​ပြီး ဆွေးနွေးကြဖို့ ရန်​ ဟန်​ပြင်​ခဲ့ခြင်းလည်း
ဖြစ်​သည်​။ ‘ကင်​’က နျူကလီးယားလက်​နက်​ စွန့်​လွှတ်​ဖျက်​သိမ်းရေးအတွက်​ ဈေးပေါပေါနှင့်​ တော့ မလုပ်​နိုင်​။
အဲဒီအတွက်​ ထိုက်​တန်​တဲ့ အကျိုးရလာဒ်​ မျိုးရှိဖို့ လို
အပ်​ဟု ဆိုထားပြီးဖြစ်​လေသည်​။ မြောက်​ကိုးရီးယား
အရေးကျွမ်းကျင်​သူများတို့၏ အဆိုအရတော့
‘ကင်​’ သည်​ သူ့ရဲ့ နျူးကလီးယားလက်​နက်​များ နှင့်​ပတ်
သက်​ပြီး စွန့်​လွှတ်​သင့်​၊ မသင့်​ ကိစ္စနှင့်​ပတ်​သက်​လို့ သူ့
ကိုယ်​သူတောင်​ဘာလုပ်​ရမှန်း​မသိသေးဟု သုံးသပ်​ယူ
ဆထားကြသည်​။

 

အမေရိကန်​ နိုင်​ငံ
——————-

ဇွန်​လ စင်္ကာပူ ထိပ်​သီးအစည်းဝေးနှင့်​ပတ်​သက်​ပြီးဝေဖန်​ ဖိအားပေးခြင်းခံနေရတဲ့ ထရမ့်​အတွက်​တော့
ယခုတစ်​ကြိမ်​မှာ ပိုပြီးဖိအားရှိနိုင်​သည်​။ အစောပိုင်းနှစ်
ထဲ၌ မြောက်​ကိုးရီးယားရဲ့ တိုက်​ချင်းပစ်​ဒုံးကျည်​များ
ပစ်​လွှတ်​စမ်းသပ်​မှု့ ကြောင့်​ နှစ်​နိုင်​ငံကြား တင်းမာမှု့
အခြေအနေကနေ နျုးကလီးယားစစ်​ပွဲ ကြီးအသွင်​သို့
ရောက်​ရှိသွားမလားဆိုတဲ့ စိုးရိမ်​မှု့ တွေ မြင့်​တက်​ခဲ့ကြ
သည်​။ ကင်​ကျုံအန်းကလည်း မိမိတို့ရဲ့ နျူးကလီးယား
ထိပ်​ဖူးတပ်​ တိုက်​ချင်းပစ်​ ဒုံးကျည်​များဟာအမေရိကန်
နေရာ အနှံ့အထိ ရောက်​ရှိနိုင်​ဟု ခြိမ်းခြောက်​ခဲ့သလို ၊ အမေရိကန်​ နျူကလီးယားလက်​နက်
ရေးရာ ကျွမ်းကျင်​သုံးသပ်​သူများတို့ကလည်း အမှန်
ပင်​ ရောက်​နိုင်​ဟု လက်​ခံယူဆထားကြသည်​။ ထို့အပြင်
မြောက်​ကိုးရီးယား၌ EMP(Electromagnetic
pulse) လက်​နက်​ဖြင့်​အမေရိကန်​အား တိုက်​ခိုက်​မည်
ကို လည်းထိပ်​ပိုင်းခေါင်းဆောင်​တို့က စိုးရိမ်​မှု့တွေ ရှိ
ခဲ့ကြသည်​။
EMP တိုက်​ခိုက်​မှု့ ဆိုတာ​အဏုမြူ ပေါက်​ကွဲမှု့မှ ပေါ်ထွက်​လာတဲ့ လျှပ်​စစ်
သံလိုက်​ရောင်​ခြည်​ တဟုန်​ထိုး ရိုတ်​ခတ်​မှု့ ကြောင့်​လျှပ်
စစ်​ပစ္စည်းတွေ ပျက်​စီးစေနိုင်​ပြီး၊ အစိုးရ စနစ်
များစွာကို သုံးစားလို့မရအောင်​ ဖျက်​ဆီးပစ်​တဲ့ တိုက်​ခိုက်​မှု့မျိုးဖြစ်​သည်​။

ဗီယက်​နမ်​ ထိပ်​သီးတွေ့ဆုံမှု့ ၌ အမေရိကန်​ဘက်​က
မြောက်​ကိုးရီးယားရဲ့ နျူကလီးယားလက်​နက်​များ
အရေအတွက်​ အတိအကျအပြင်​ တိုက်​ချင်းပစ်​ဒုံးကျည်
များစာရင်းတို့ကိုလည်း အတိအကျ စာရင်းပြုပေးဖို့ရန်
အရင်​ တောင်းဆိုပြီးမှ စနစ်​တကျ ဖျက်​သိမ်းရေးအစီ
အစဉ်​ကို လုပ်​ဆောင်​ဖို့ ရှိနိုင်​။ ထရမ့်​အတွက်​တော့ တိကျ
ထင်​ရှားတဲ့ ရုပ်​လုံးပေါ် အကျိုးရလာဒ်​မျိုးကို ရရှိနိုင်​ ဖို့ကြိုးစားရမည့်​ သဘောရှိနေသည်​။ မက္ကဆီကိုတံတိုင်း
ကာရံဖို့ အတွက်​အသုံးစရိတ်​ဘတ်​ဂျတ်​ကို ကွန်​ဂရက်​လွှတ်​တော်​က ချထားပေးခြင်းမရှိလို့ အစိုးရယန္တရားအစိတ်​အပိုင်းအချို့ကို ၃၅ရက်​ကြာShutdown လုပ်​မှု့ကြောင့်​ အမေရိကန်​ပြည်​သူ
အများစုတို့က ထရမ့်​အား ပြစ်​တင်​နေကြသည်​။ ၎င်းထက်​ဆိုးသည့်​အရာကတော့ ရွေးကောက်​ပွဲအရှုပ်​တော်​ပုံ ကိစ္စ၌ ရုရှားနှင့်​ ပူးပေါင်းကြံစည်​မှု့ ရှိခဲ့သည်​ဟူ
သော ကိစ္စက ပြစ်​မှု့ ထင်​ရှားရင်​ သမ္မတရာထူးကနေ
ဖယ်​ရှားခံနိုင်​ရသည့်​အထိ အနေအထားအထိတောင်
ရှိနေသည်​။ ၂နှစ်​ကျော်​ကြာ စုံစမ်းစစ်​ဆေးမှု့တွေ လုပ်
နေတဲ့ Muller ရဲ့ အစီရင်​ခံစာ က ဒီတစိပတ်​ထဲ မဟုတ်​ရင်​တောင်​ မတ်​လထဲမှာ ထုတ်​ပြန်​ဖို့ရှိနေသည်​။
Robert Muller က ၎င်း ရဲ့ အစီရင်​ခံစာကို ရှေ့နေ
ချုပ်​ William Barrထံ ကော်​ပီတစ်​စုံ တင်​ပြဖို့ ရှိနေ
ဟု ဝေါစထရိ ဂျာနယ်​က ရေးသားထားသည်​။ ၎င်းအစီ
ရင်​ခံစာကို ပြည်​သူတို့အားချပြ သင့်​၊ မသင့်​ အနေအထားကို ၎င်း ရှေ့နေချုပ်​က အဆုံးအဖြတ်​ပေး
မည်​ဖြစ်​သည်​။ ဒီမိုကရက်​တစ်​ အောက်​လွှတ်​တော်
ကော်​မတီအကြီးအကဲ ၆ဦးတို့က Barr အား Muller
အစီရင်​ခံစာအား ပြည်​သူကိုချပြဖို့ တောင်းဆိုမည်​ဟုသိ
ရသည်​။ အစီရင်​ခံစာ အရပြစ်​မှု့ မြောက်​ကြောင်း အတည်​ပြုနိုင်​ရင်​ ထရမ့်​ လည်း ရာထူးကနေတောင်​ ဖယ်
ရှားခံရနိုင်​ဟု တောင်​ သုံးသပ်​သူများတို့က သုံးသပ်​ယူ
ဆ ထားကြသည်​။ အဲဒီတော့ ထရမ့်​အတွက်​ လည်းဖိအားကြီးက အရင်​ကထက်​ ကြီးနေပြီလို့ ဆိုရမည်​။

 

ထရမ့်​-ကင်​ တွေ့ဆုံမှု့ကို တောင်​ကိုးရီးယား ကလည်း
အထူးအာရုံစိုက်​ အလေးပေး စောင့်​ကြည့်​နေသည်​။
ဤ ထိပ်​သီးတွေ့ဆုံမှု့ ရလာဒ်​ကောင်းထွက်​ခဲ့ပါက အရင်
ဆုံးလက်​ခုပ်​တီးမည့်​ နိုင်​ငံ အဖြစ်​လည်း ရှိနေသည်​။
တောင်​ကိုးရီးယားဟာ မြောက်​ကိုးရီးယားရဲ့ ခြိမ်းခြောက်
မှု့ကို ခေါင်းကျိန်းအောင်​ ခံနေရသည်​။ ကင်​ကျုံအန်းက
တောင်​ကိုးရီးယားကို မိနစ်​ပိုင်းအတွင်းတောင်​ ဖျက်​ဆီး
ပစ်​နိုင်​ဟု ဆိုထားတော့ ကျီးလန့်​စာစားဘ၀ ကနေ လွတ်
ပြီး ခေါင်းအေးအေးချ အိ​ပ်​စက်​နိုင်​ဖို့အတွက်​ ယခုထိပ်​သီးတွေ့ဆုံမှု့ ကိုရလာဒ်​ကောင်းရပါစေလို့ သမ္မတ မွန်​ဂျေအင်းကတော့ ဆုတောင်းနေလိမ့်​မည်​ဖြစ်​သည်​။
အလားတူ ဂျပန်​ နိုင်​ငံကလည်း ပြေလည်​ပါစေ လို့ဆုတောင်း​နေမည်​။ ကင်​ကျုံအန်း စိတ်​ဆိုးအမျက်
ထွက်​လာသည့်​အခါတိုင်း နျုကလီးယားထိပ်​ဖူးတပ်​ ဒုံး
ကျည်​ဖြင့်​ အပစ်​ခံရမည်​ဟု ခြိမ်းခြောက်​ခံရသည့်​ နိုင်​ငံ
တစ်​နိုင်​ငံလည်းဖြစ်​နေသည်​။ ၎င်းတို့လိုဘဲ ထရမ့်​-ကင်
ထိပ်​သီးတွေ့ဆုံမှု့ အဆင်​ပြေစေချင်​တဲ့ နောက်​ထပ်
နိုင်​ငံကတော့ တရုတ်​ ပင်​ ဖြစ်​လေသည်​။ မြောက်​ကိုးရီး
ယားရဲ့ နိုင်​ငံ့စီးပွားရေး ပြိုလဲခဲ့ပါက မြောက်​ကိုးရီးယား
မှ ဒုက္ခသည်​တွေ တရုတ်​ပြည်​ထဲ အလုံးအရင်းဖြင့်​ရောက်
လာမှာကို စိုးရိမ်​နေကြသည်​။ တရုတ်​က ၀န်​ထမ်းရမှာ
စိုးရိမ်​နေလို့ နှစ်​ဖက်​ ညှိနှိုင်းမှု့အဆင်​ပြေပြီး မြောက်​ကိုး
ရီးယား စီးပွားရေး တည့်​မတ်​လာဖို့ အရေးကိုသာ
လိုလားနေပါသည်​။ ထို့အပြင်​ ကမ္ဘာ့နိုင်​ငံများတို့အတွက်
လည်း ထရမ့်​-ကင်​ ထိပ်​သီးဆွေးနွေးပွဲ ကို အကောင်း
ရလာဒ်​ထွက်​ရှိဖို့သာ လိုလားကြမည်​ ဖြစ်​ပါသည်​။

#KoNayNay

Tue,Feb 26

25 Shares

Add a Comment

Your email address will not be published. Required fields are marked *