ဆိုင်​ကယ်​သူခိုးဆိုတာ ဒီလိုမျိုးပါ

“”” ဆိုင်ကယ် သူခိုးများရဲ့အမူ အကျင့် “”
***********************************
မန္တလေးမှာ ဆိုင်ကယ်သူခိုးများလှပြီး ခိုးယူရာမှာ တန်ဖိုးကြီးတဲ့ ကလစ် စကူဖီး ဆိုင်ကယ်တွေ အများ ဆုံးပါ။ဆိုင်ကယ်နဲ့ ပစ္စည်းလုပြေးတာတွေကလည်း အမြဲတမ်းလိုလို ကြားနေရတယ်။သူတို့တတွေရဲ့ ပုံစံကို ခန့်မှန်းနိုင်ဖို့ ဆိုရင်

ဝတ်ဆင်မှု ။
= = = = = =
ဘောင်းဘီရှည်ဝတ်ဆင်လျက် ဦးထုပ်ကို ခပ်ငိုက်ငိုက် ဆောင်းထားလေ့ရှိပြီး ဆိုင်ကယ်စီးဦးထုပ်လည်း အသင့် ပါရှိတတ်ကြတယ်။အသက်က အများအားဖြင့် လူငယ် ရွယ်။ စုတ်တီးစုတ်ချာမဟုတ်။လာရင်လဲ ၂ ယောက် ၃ ယောက် ။တစ်ကိုယ်တော်က နည်းတယ်။

အကြံအစည်။
= = = = = = =
ပတ်ဝန်းကျင်အနေအထားနဲ့ ဆိုင်ကယ်ပိုင်ရှင် ဝင်ချိန် ထွက်ချိန် ကြာချိန် ဘယ်လိုပုံစံနဲ့ဆိုင်ကယ်ထားသလဲ စသဖြင့် ကြိုတင်လေ့လာတတ်ကြသလို ရှောင်တခင် ခိုးရင်လည်း စောင့်ကြည့်အကဲခတ်ပြီးမှခိုးတယ်။

ခိုးဖို့ လာတဲ့အခါမှာ ဆိုင်ကယ်တစ်စီးကို အဖေါ်တစ်ယောက်နဲ့ နစ်ယောက်စီးလာကြတယ်။ဆိုင်ကယ်ပေါ် ကျန်ရစ်သူက အသင့်အနေအထားရှိနေတယ်။သိသွားရင် ပြေးမယ် ။လစ်ရင် ရှေ့နောက် မောင်းပြေးမယ်ဆိုတဲ့သဘောပါ။

အစပျိုး။
= = = = =
ခိုးတော့မယ်ဆိုရင် ခိုးမယ့်ဆိုင်ကယ်နားကိုရောက်လာပြီး မသိမသာ အကဲခတ်ပြီးတာနဲ့ ဘောင်းဘီအိတ်ထဲကနေ ဖုန်းဆက်ချင်ယောင်ဆောင်တော့တာပါ။ဘေးအမြင်မှာတော့ ဆိုင်ကယ်ပိုင်ရှင်ပုံစံ ဂိုက်ဖမ်းရင်း ဆိုင်ကယ် က ဘယ်လိုသော့ခတ်ထားလဲ ဆိုတာ လေ့လာနေတာပါ။

ပြီးတော့ ဆိုင်ကယ်ပေါ်ခွထိုင်လိုက်ပြီး အသင့်ပါလာတဲ့ သံဆူးချွန်နဲ့ သော့အုံထဲကို ၂ ချက်လောက် လက်ဖနောင့်နဲ့ ထုရိုက်တာ သော့ဖွင့်တာ လုပ်တော့တာပဲ။ ဇက်သော့ပွင့် အောင် ဆိုင်ကယ်လက်ကိုင်ကို ဆတ်ကနဲ လှည့်လိုက်ပြီး တာနဲ့ ဇက်သော့ လွတ်သွားရင်စက်နှိုးမောင်းပြေးတာပါ။

အရှိန်နဲ့မောင်း။
= = = = = = = =
အဲဒီအချိန် သူနဲ့အတူ ပါလာတဲ့သူက နောက်ကနေ အရိပ် အခြေညြ့်ပြီးလိုက်ပါသွားတယ်။တစ်ကိယ်တော်သမားကတော့ ဘယ်မှမကြည့်တော့ဘဲ ကီလို ၆၀ ကျော် ၇၀ နဲ့ တက်သုတ်ရိုက်မောင်းပြေးတယ်။နောက်ကလိုက်လာရင်လဲ လိုက်မမှီအောင် တားမယ့်သူကလည်း အရှိန်ကိုကြည့် ပြီး မတားရဲတော့တဲ့ အနေအထားဖြစ်အောင် ပေါ့။

ကျုပ်လည်း ၁၇ ရက်နေ့က စူကူဖီးဆိုင်ကယ်အခိုးခံခဲ့ ပါတယ်။ကျုပ်-နေတဲ့သီရိမာလာတိုက်ခန်းအိမ်ရာမှာတော့ ၃လအတွင်း ၅ စီးလောက် အခိုးခံခဲ့ရပါတယ်။GPS တပ်ထားနာရယ် နာရီဝက်လောက်မှာသိလို့ ချက်ခြင်း ရဲစခန်းအမှုဖွင့် GPS ကုမ္ပဏီခေါ်ပြီးတစ်နာရီလောက် ကြာသွားမှ GPS လမ်းညွှန်နဲ့ သူခိုးဖမ်းပွဲ စတာပါ။ ကျောက်ဆည် လက်ပန်ရွာမှာ ဆိုင်ကယ်ပြန်ရခဲ့တယ်။ သူခိုးက ကီလို ၇၀ ကျော်နဲ့မောင်းတယ်ဆိုတာရယ် သွားတဲ့လမ်းကြောင်း ရပ်တဲ့နေရာ GPS ကနေ Google မြေပုံနဲ့သိရတာပါ။

တိုက်ခန်းအိမ်ရာမှာ ခိုးနည်း ။
= = = = = = = = = = = = = =
၅ ရက်လောက်အကြာမှာ မြေညီထပ်က မိတ်ဆွေရဲ့ CCTV မှတ်တမ်းမှာ ခိုးသွားပုံကိုကြည့်ခွင့်ရခဲ့တယ်။သူခိုး က ဆိုင်ကယ်စီး ဦးထုပ်မှန်ကာကို အပေါ်တင်ဆောင်းထားတော့ သူ့မျက်နာ ကောင်းကောင်းမမြင်ရဘူး။ဒါက သူခိုး ရဲ့ ကာကွယ်နည်းတမျိုးပေါ့။

ဒီသူခိုးက လှေကား ၅ ထစ် ၁၀ထစ်လောက် အပေါ် တက် သွားပြီး ဆင်းလာတယ်။သူခိုးမယ့်ဆိုင်ကယ်ကို လှေကား အတက်အဆင်းမှာ လမ်းပိတ်နေလို့ သူဆိုင်ကယ်ရွှေ့နေ သလို ဟန်ဆောင်လိုက်တယ်။ဘေးဘီကို အကဲခတ်လိုက် ပြီး ပိုင်ရှင်က အပြင်သွားမယ့်ပုံနဲ့ ဆိုင်ကယ်ပေါ်ခွထိုင်ပါ တယ်။သော့အုံကို သံချွန်နဲ့၂ ချက်လောက်ရိုက်ပြီးလက် ကိုင်လှည့်ကြည့်တယ်။ပြီးတာနဲ့ဝေါကနဲမောင်းသွားတာ။

ခိုးယူမခံရအောင်။
= = = = = = = =
တန်ဖိုးကြီး ဆိုင်ကယ်တွေကို အဓိက ပစ်မှတ်ထားခိုးယူ ကြသလို တန်ဖိုးနည်း CZI လိုဆိုင်ကယ်တွေလည်း ခိုး နေကြတာပါ။ကာကွယ်ဖို့ နဘ်ူလမ်းကဇက်သော့ခတ်တာနဲ့ မလုံလောက်တဲ့အတွက် ကြိုးသော့ ကောင်းကောင်းခတ် ပါ။Alarm စနစ်သော့များနဲ့ GPS တပ်ဆင်ဖို့ လိုပါမယ်။ တစ်ခုရှိတာက GPS တပ်ထားပေမယ့် အခိုးခံရပြီး သူခိုး မမိတာ ဆိုင်ကဟ်ပြန်မရတာလဲရှိပါတယ်။

သူငယ်ချင်းတစ်ယောက်တော့ GPSတပ်ထားတဲ့ဆိုင်က ယ်အခိုးခံရပြီးနောက် ရက်ခြားမှာတစ်စီးထပ်ခိုးခံရပြန် ပါ တယ်။မမိလိုက်သလို ပြန်မရသေးဘူးလို့သိရတယ်။GPS အကြောင်းသူခိုးတွေက ကိုယ့်ထက် ပိုသိကြလို့ ရှာဖွေ ရ လွယ်တဲ့နေရာမှာမတပ်မိဖို့နဲ့ အရေးကြီးဆုံးအချက်က ဆိုင်ကယ် ဘက်ထရီကနေ တိုက်ရိုက် ကြိုးသွယ် ပြီး power မပေးမိဖို့ပါ။ခိုးတဲ့သူက ဖွင့်ရလွယ်ကူတဲ့ Battery Box ကိုဖွင့်တာနဲ့ GPS ကြိုးကို မြင်ပြီး ဖြုတ်ချ လိုက်ရင် GPS က အသုံးမဝင်တော့ပါဘူး။

အကြံပြု
= = = =
ဆိုင်ကယ် အခိုးခံရတာနဲ့ ရဲစခန်းမှာ အမှုဖွင့်ပါ။ အကူအ ညီတောင်းပါ။GPS တပ်ထားပြီး တည်နေရာပြနေပြီဆိုရင် ရဲတွေက ချက်ခြင်း ကူညီသလို နေ့ခြင်းဖမ်းမိပါတယ်။ GPS တပ်ပေးတဲ့ဆီကိုလည်း အကူအညီတောင်းပါ။ ပို ကောင်းတာက GPS စနစ် အလုပ်လုပ်ပုံ တည်နေရာရှာ ဖွေပုံ နားလည်တတ်ကျွမ်းအောင် ကိုယ်တိုင်သင်ယူထား သင့်ပါတယ်။ပြီးရင် GPS ထဲမှာ လက်ကျန်ငွေရှိနေဖို့က ငွေဖြည့်ပေးနေဖို့လည်းလိုပါတယ်။

GPS တပ်ဆင်ပေးသူတွေကို အားမနာတမ်းပြောသင့် တာက ဆိုင်ကယ်အတွင်းပိုင်း ဖြုတ်တပ် ခက်ခဲတဲ့ နေရာ မှာ တပ်ပေးဖို့ ဘက်ထရီကနေ တိုက်ရိုက်ကြိုးသွယ်ပြီး ပါဝါမယူပဲ ရှုပ်ထွေးနေတဲ့ ဆိုင်ကယ် ဝိုင်ယာရိန်းကနေ ပါဝါယူဖို့ပြောကြပါ။GPS တပ်ထားရက်နဲ့ ပြန်မရတာ သူခိုး မမိတာက အလွယ်တကူ GPS ဖြုတ်နိုင်ခဲ့လို့ပါပဲ။

လူငယ်တွေ ။
= = = = = =
ဆိုင်ကယ်သူခိုးအများဆုံးက ၁၆ နစ်အထက် ၂၅ နစ်အ တွင်းဖြစ်ကြောင်းတွေ့ရပါတယ်။မူးယစ်ဆေးစွဲမှု ပြသနာ က အဓိကဖြစ်ပြီးကျန်တဲ့ရာနုန်ူအနည်းငယ်က အခြားလို အပ်ချက်ကြောင့်လို့ ပြောနိုင်ပါတယ်။

သူတို့မှာ ခိုးရာပါ ဆိုင်ကယ် လက်ခံဝယ်ယူပေးတဲ့ သူ တွေရှိနေတာကြောင့် ခိုးပြီးတာနဲ့ ဝယ်မယ့်သူကို ချိတ် က်လိုက်ကြတယ်။လက်ခံဝယ်သူတွေက ရေခြားမြေခြား မှာ ရောင်းကြတော့ လိုင်စင်မဲ့ဈေးကွက်ရောက်သွားပြီ။ လူကို မိပေမယ့် ပစ္စည်း လက်ဝယ်မမိရင် တရားခံ လွတ် မြောက်သွားမှာပါ။ CCTV က ခိုးသူရဲ့ရုပ်ပုံကို ပြောပြပေးပြီး GPS က ဆိုင်ကယ်ခိုးသွားရာလမ်းကြောင်းနဲ့တည် နေရာကို ရှာပေး နိုင်ပေမယ့် မြင်သူ သိသူတွေက ဝိုင်းဝန်းဖမ်းဆီးပေးကြဖို့ တိုက်တွန်းပါတယ်။ ။
Credit
# အောင်သန့်ခိုင် #
26-2-2019

30 Shares

Add a Comment

Your email address will not be published. Required fields are marked *