အိမ်သာဆားဗစ်ကျင်းထဲအာက်ဆီဂျင်ပြတ်၍လူသေဆုံးမှုဖြစ်ပွါး

64 Shares

27-2-2019 ညအချိန် သေမှု့သေခင်းဖြစ်ပွားခြင်း—-
27-2-2019 ည၈နာရီခွဲခန့်အချိန်တွင် ကျောက်ဆည်မြို့ကြက်မင်းတွန်ရပ်ကွက်မြို့ပတ်လမ်း အိမ်အမှတ် ကမတ ၃၈၆ အိမ်ရှင် ဦးသိန်းထွန်းဦး၏ နေအိမ်၌ အိမ်သာဆားဗစ်ကျင်းထဲရှိ အနယ်အနှစ်များ ဆယ်ယူနေကြသော အင်ဒိုင်းကျေးရွာနေ
(၁) ကိုနီ
(၂) အေးချမ်း
(၃)မောင်မောင်
(၄)အငယ်ကောင်ခေါ်ကုလားလေး နှင့်
(၅)ဒီမို သစ်ကြီးတန်းရပ်ကွက်နေသူတို့ ၅ ဦးစလုံး သည် အိမ်သာဆားဗစ်ကျင်းအတွင်း အောက်ဆီဂျင်ပြတ်၍ သေဆုံးသွားကြပါသည်
အခင်းဖြစ်ရပ်သို့ ကျောက်ဆည်မီးသတ်တပ်ဖွဲ့နှင့် ကျောက်ဆည်ကြက်ခြေနီတပ်ဖွဲ့မှဆားဗစ်ကျင်းထဲရှိသေဆုံးနေသူများအား အပြင်သို့ကူညီ၍ ထုတ်ယူပေးခဲ့ပါသည် အခင်းဖြစ်ရပ်သို့ရဲစခန်းတာဝန်မှူး ဒုရဲအုပ်အေးမြတ်မွန် စခန်းမှူး ဒုရဲမှူးဝင်းဇော်မြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်နှင့်အဖွဲ့လာရောက်စစ်ဆေးကြပါသည် သေဆုံးရုပ်အလောင်းများအား ကြက်မင်းတွန်/ဒါန/သုခဒါန အသင်းကားများဖြင့် ကျောက်ဆည်ဆေးရုံမှတဆင့် ရင်ခွဲရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရပါတယ်။

Crd:ironpalace

64 Shares

Add a Comment

Your email address will not be published. Required fields are marked *