ကိုးရီးယားမှာ အလုပ်လုပ်နေရင်း ကြိုးဆွဲချ သေဆုံးသွားတဲ့ လူငယ်လေး တစ်ယောက်ရဲ့ စိတ်မကောင်းစရာ အဖြစ်အပျက်

တောင်ကိုရီးယားနိုင်ငံ အန်းဆန်း ရှီဝါ ရှီဟွန်းရှီ စက်မှုဇုန် 방산동 ဖမ်ဆန်းဒုံ အတွင်း E 9 ဗီဇာဖြင့် အလုပ် လုပ်ကိုင်နေသူ အသက် ၂၄ နှစ် အရွယ်ရှိ မြန်မာနိုင်ငံသား အလုပ်သမား တစ်ဦးသည် ယနေ့ မနက် အစောပိုင်း ဒေသ စံတော်ချိန် မနက် ၇ နာရီ ခန့်က ကြိုးဆွဲချ သေဆုံးသည်ဟု သတင်းရရှိပြီး ၊ သူသည် မြန်မာနိုင်ငံ မွန်ပြည်နယ် ကျိုက်ကော် အနမ်းကုန်း ကျေးရွာ ဘက်မှ ကရင်လူမျိုး အလုပ်သမား တစ်ဦးဖြစ်ပြီး အမည်မှာ စောအယ်စေး ဟု သိရပါသည် ။

ဖြစ်ပွားပုံမှာ …..,

သေဆုံးသူသည် မနက်တိုင်း စက်ရုံအလုပ် မဝင်ခင် ဘုရားဝတ်ပြု ဆုတောင်းလေ့ ရှိသူတစ်ဦးဖြစ်ပြီး ၊ ယနေ့ မနက်ပိုင်းတွင် သေဆုံး သူနှင့်အတူ စက်ရုံအတွင်း အလုပ် လုပ်ကိုင်နေသူမှ မတွေ့ ရသဖြင့် စက်ရုံဝင်း အတွင်း ရှာဖွေကြည့်ရာ စက်ရုံဝင်း ကွန်တင်နာ အနီးရှိ တန်းတစ်ခုအား အသုံးပြုကာ ကြိုးဆွဲချ သေဆုံးလျက် ရှိနေကြောင်း မြင်တွေ့ လိုက်ရသည်ဟု ဆိုပါသည် ။

သူသည် ကိုရီးယား နိုင်ငံသို့ ရောက်ရှိနေသည်မှာ တစ်နှစ်ခွဲခန့် သာရှိပြီး မြန်မာနိုင်ငံရှိ မိဘဖြစ်သူနှင့် ချစ်သူအကြား အဆင်မပြေသည့် ပြဿနာကြောင့် စိတ်ဒုက္ခ ရောက်ရပြီး ယခုကဲ့သို့ မိမိကိုယ်မိမိ အဆုံးစီရင် သွားပုံရကြောင်း ထပ်မံ ကြားသိရပါသည် ။

စိတ်မကောင်းခြင်း များစွာဖြင့်

8 Shares

Add a Comment

Your email address will not be published. Required fields are marked *