【 အစိုးရ၀န်ထမ်းလုပ်မှာလား.? NGO…မှာလုပ်မှာလား.? 】

【 အစိုးရ၀န်ထမ်းလုပ်မှာလား.?
NGO…မှာလုပ်မှာလား.? 】

ဒီမေးခွန်းကို တကယ်တော့ ကျွန်တော်စဉ်းစားနေတာကြာပြီ။ ကျောင်းပြီးကတည်းက ဆိုပါတော့ ။ဘယ်အရာကိုရွေးရမှန်းလည်း မသိဘူး။ နှစ်ခုစလုံးကိုသဘောကျပြီး နှစ်ခုစလုံးမှာ ကိုယ်လိုချင်တာရော၊ မလိုချင်တာရောပါနေတော့ သေချာစဉ်းစားနေရတယ်။

NGO မှာ လုပ်ချင်ကြတာကတော့ လူငယ်တိုင်းလိုလိုပါပဲ..လူငယ်တွေလုပ်ချင်ကြတာကလည်း ဒီလိုရှိတယ်။ Facebook ပေါ်မှာဆို NGO မှာ လုပ်နေကြတဲ့ အကို၊အမတွေက နိုင်ငံတကာကို ခရီးတွေသွားရပြီး လစာကောင်းကောင်းနဲ့ စားသောက်ဆိုင်ကောင်းကောင်းတွေမှာ စားသောက်နေကျတဲ့ပုံတွေက မမြင်ချင်မှ အဆုံးဆိုတော့ လူငယ်တော်တော်များများက အားကျတာပေါ့ ။ ( FBရဲ့သဘောကိုက မကောင်းတာဆိုသိပ်မတင်ချင်ကြဘူးကို )

အစိုးရ၀န်ထမ်းတွေကျတော့ အများပြောသလိုဆို လူကြောက်တွေပေါ.။
လစာလေးမဖြစ်စလောက်ကို ချွေတာသုံးနေပြီး သူများတွေလို စီးပွားရေးလည်းမလုပ်ရဲ ၊ ဘာဆိုဘာမှ မထူးချွန်လို့ အလုပ်မရှိလို့..ရတာဝင်လုပ်နေကြရတယ်လို့ ခေါက်ရိုးကျိုးထင်နေကျတာကို။ ( ထင်ချင်စရာလည်းကောင်းတာကို)
အစိုးရကလည်း တော်တဲ့သူတွေ၊ ထက်တဲ့သူတွေဆို နေရာမှ သိပ်မပေးချင်ဘဲ
ကြီးနိုင်ငယ်ညှင်းနဲ့ပညာပြချင်တဲ့သူတွေကလည်း အစိုးရလုပ်ငန်းခွင်မှာ
အတွေ့များတာကို….
“လုပ်သက်”ဆိုတဲ့အရာကြီးနှင့် လူငယ်တွေရဲ့ လုပ်ချင်ကိုင်ချင်စိတ်တွေ ၊အခွင့်အရေးကောင်းတွေကို ပိတ်ပင်နေတာကို…
အဲ့တော့ တော်တော်များများက အစိုးရ၀န်ထမ်းဘ၀ကို မမက်မောတော့ ..ဝန်ထမ်းကောင်းတွေရှားလာတာပေါ့..၀န်ထမ်းကောင်းတွေမရှိရင် ဘယ်သူနစ်နာလည်း နည်းနည်းစဉ်းစားကြည့်ပါ…👌
လူတွေရဲ့အမြင်ကလည်း NGO မှာ လုပ်နေပါတယ်ဆိုတာနဲ့ တင်‌ စွတ်ပြီးအထင်ကြီးနေကြပြီ
ကျွန်တော် အစိုးရ၀န်ထမ်းလုပ်မှာ ဆိုတာနဲ့တင် ကိုယ်ကပဲ နုံ..အ နေသလို
ခေတ်နောက်ပဲကျနေသလို ပြန်ကြည့်ကျတယ်…အစိုးရ၀န်ထမ်းလုပ်လိုက်ရင်ပဲ လူညွှန့်တုံးတော့မှာလို ပြောကြတယ်…

အဲ့ဒါဆို အစိုးရ၀န်ထမ်းလုပ်နေတဲ့သူတွေက ကိုယ့်ဝန်းကျင်က NGO မှာလုပ်နေသူတွေရဲ့ ၀င်ငွေတွေ အခွင့်အရေးတွေကို မသိလို့ ဒီလို လစာနည်းတဲ့ အစိုးရဆီမှာလုပ်နေကြတာလား?
တကယ်ပဲ ဘာမှမလုပ်တတ်မကိုင်တတ်လို့ အစိုးရဆီမှာ လုပ်နေကြတာလား?
မရှိ…ရှိတဲ့အလုပ် ၀င်လုပ်နေကြတာလား?
လွယ်လွယ်ရလို့ လုပ်နေကြတာလား?

တချို့တလေ ကတော့ ဟုတ်ရင်ဟုတ်မယ်
တော်တော်များများဝန်ထမ်းတွေကတော့ နိုင်ငံအတွက်ဆိုတဲ့စိတ်နှင့် ပေကပ်ပြီးကို လုပ်နေကြတာပါ

NGO ကလည်း နိုင်ငံတော်အတွက် အတိုင်းအတာတစ်ခုအထိ ကူညီလုပ်ဆောင်ပေးနေတယ်ဆိုတာကလည်း မှန်ပါတယ် ဒါပေမယ့်အပြင်ဘက်ကနေလုပ်ဆောင်ရတာပါ… ထင်သလောက်မထိရောက်ပါဘူး
တချို့နေရာတွေမှာ အစိုးရလုပ်ဆောင်မပေးနိုင်တဲ့နေရာတွေကို NGOတွေက လုပ်ဆောင်ကူညီပေးနိုင်တယ်
အစိုးရရဲ့လစ်လပ်မှူကို NGO တွေကဖြည့်ဆည်းပေးတယ်
ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် နိုင်ငံတကာက NGO တွေရဲ့ အကူအညီတွေက အရေးပါတယ် ဒါပေမယ့် NGO တွေပေါ်ကိုပဲ အကုန်မှီခိုနေလို့မရဘူး
ကိုယ်ပိုင်ကောင်းမွန်တဲ့စနစ်တစ်ခု အမြန်တည်ဆောက်သွားရမယ်
အစိုးရ၀န်ထမ်းတွေကလည်း အမြဲသင်ယူလေ့လာနေပြီးတော့ အရည်အချင်းပြည့်ဝအောင်ကြိုးစားနေရမယ်
အစိုးရအလုပ်က ပြုတ်ခဲ့တယ်ဆိုပြီး ပေါ့တိပေါ့ဆနှင့် သင်ယူမှူတွေရပ်ပစ်တာမျိုး ၊ အသက်သာကြီးလာပေမယ့် အသိပညာကြွယ်ဝမလာတာမျိုးမဖြစ်သင့်ဘူး။ ကိုယ်တာဝန်ယူထားတဲ့အပိုင်းကို စေတနာထားလုပ်ဆောင်ပေးကြရမယ်။ လစာမကောင်းတာကို အကြောင်းပြပြီး ပြည်သူလူထုကို ကောင်းကောင်းမွန်မွန်မဆက်ဆံတာ ၊ လာဘ်ပေးလာဘ်ယူလုပ်တာမျိုးတွေ အမြန်ရပ်သင့်ပြီ။
မြန်မာနိုင်ငံအမြန်ဆုံးတိုးတက်ဖို့ဆိုရင် တစ်ဦးတစ်ယောက်တည်း ၊တစ်ဋ္ဌာနတည်း၊ တစ်နေရာတည်း၊ နယ်ပယ်တစ်ခုတည်း၊ လူတစ်စုတည်းပဲ ကောင်းနေလို့မရဘူး
Skynet ကကြေညာ သလိုပဲ မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျာ…ဆိုတဲ့အတိုင်း ကြီးငယ်လတ်မရွေး တနိုင်ငံလုံးအတိုင်းအတာနှင့်ပြောင်းလဲရပါမည်
စီးပွားရေးမကောင်းလို့ ရုပ်ပိုင်းဆိုင်ရာမပြောင်းလဲနိုင်ရင်တောင် ပြည်သူလူထုတစ်ရပ်လုံးက မိမိတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စာရိတ္တတွေ ကောင်းမွန်လာအောင်
ကိုယ့်ဘာသာပြင်ယူလို့ရပါတယ်…

အဓိကကတော့ တခြားဘယ်သူတွေ ဘယ်နိုင်ငံကိုသွားသွား…ဘယ် NGO မှာ လုပ်လုပ် …သိပ်‌ပြဿနာမရှိပါဘူး
ဒါပေမယ့် တကယ်တော်တဲ့ ထက်မြက်တဲ့ လူငယ်တွေ ၊ ပညာရှင်တွေကိုတော့ အစိုးရရဲ့ မကောင်းဘူးဆိုတဲ့စနစ်ထဲကိုဝင်ပြီး ကာလတစ်ခုအထိအနစ်နာခံပြီး…အဲ့စနစ်ကို တတ်နိုင်သလောက်ပြင်သွားကြစေချင်တယ် ( စနစ်ထဲဝင်ပြီး စနစ်က ကိုယ့်ကိုယ်ပြင်သွားတာမခံရဖို့လည်း အရေးကြီးပါတယ်)

အစိုးရအနေနဲ့လည်း ၀န်ထမ်းကောင်းတွေများများရှိဖို့ ၊ အရည်အသွေးပြည့်ဝတဲ့ဝန်ထမ်းကောင်းတွေ ရေရှည်မြဲဖို့ အမြန်ကြိုးစားလုပ်ဆောင်သင့်ပါတယ်။
ပြည်သူလူထုအနေနဲ့လည်း ” ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်တတ်တယ်” ဆိုတဲ့ စကားပုံကို သတိရပြီး အစိုးရ၀န်ထမ်းမှန်သမျှကို ၀ါလုံးရှည်နဲ့သိမ်းရိုက်ပြီး မကောင်းပြောတာတွေ ၊ နောင်လူငယ်တွေ အစိုးရ၀န်ထမ်းဖြစ်ချင်စိတ်နည်းသွားစေမယ့် မှားယွင်းတဲ့အယူအဆတွေကို သတိထားပြီးပြင်ဆင်သင့်ပါပြီ။
ဝန်ထမ်းကောင်းမရှိရင် တိုင်းပြည်ပဲနစ်နာတာပါ..
ရည်ရွယ်ချက်ကောင်းမွန်တဲ့NGO တွေလည်း လိုအပ်သလို မြန်မာနိုင်ငံဟာ ၀န်ထမ်းကောင်းတွေအများကြီးကိုလည်း လိုအပ်နေဆဲပါပဲ
Credit
#DevelopMyanmar #GoodStaff#LiveTheDream
@KoTint

6 Shares

Add a Comment

Your email address will not be published. Required fields are marked *