အမှန်​တရားတို့၏ နိဂုံး (​ကောင်းလွန်းလို့ ဖတ်​​စေချင်​တာ ​စေတနာအမှန်​ပါ)

31 Shares

ဥယျာဉ်ကြီးပိုင်တာ

ခြံငယ်လေးပဲပိုင်တာ အရေးမကြီးဘူး။

အရေးကြီးတာ

ကိုယ်စိုက်ပ်ျိုးလိုက်တဲ့သစ်ပင်

ကိုယ်တိုင်ရိတ်သိမ်းရမယ်ဆိုတာပါပဲ။

လျှောက်တဲ့လမ်းဖြောင့်တန်းတာ

ကွေ့ ကောက်တာ အရေးမပါဘူး။

အဓိကကကိုယ်လျှောက်တဲ့

လမ်းကောက်ကောက် ​ဖြောင့်ဖြောင့်နဲ့

ပန်းတိုင်ရောက်အောင်လျှောက်ဖို့ ပါပဲ။

ဖတ်မိတဲ့သမိုင်းကြောင်းကောင်းတာ

ဟောင်းတာ ပြသနာမဟုတ်ဘူး။

သတိထားရမှာက ကိုယ့်သမိုင်းကြောင်းကို

ကိုယ်တိုင်အကောင်းဆုံးနဲ့ 

အသစ်လွင်ဆုံးဖြစ်အောင်ရေးနိုင်ဖို့ပါပဲ။

သူများချီးမြှောက်တာ

ကဲ့ရဲ့တာ လိုက်ခံစားနေစရာမလိုဘူး။

ကိုယ့်စိတ်ထဲထားရမှာက

ကိုယ်တိုင်အားထုတ်ကြိုးပမ်းမှ

ကိုယ့်ဝမ်းဝမယ်ဆိုတာပါပဲ။

အပင်မြင့်တာ နိမ့်တာ

အရေးလုပ်စရာမဟုတ်ဘူး။

အမှန်တကယ်ဆင်ခြင်ရမှာက

အပင်မြင့်လာလေလေ လေတိုက်ခံရလေလေဆိုတဲ့ ဒဿနလေး

နှလုံးသားထဲမှတ်ထားနေတတ်​အောင်

ကြိုးစားရမှာပါပဲ။

အသီးသီးတာ အပွင့်ပွင့်တာ

စိုးရိမ်နေစရာမလိုပါဘူး။

အဓိက​တော့

အသီးသီးတဲ့သစ်ပင် ခဲပစ်ခံရမယ်ဆိုတာရယ်

အပွင့်များတဲ့ပန်းပင် ခိုးခူးခံရမှာ

သေချာနေတယ်ဆိုတာရယ်ကို

ကြို တင်သိထားရမယ်ဆိုတာပါပဲ။

အဖော်အပေါင်းနဲ့ ပဲနေရနေရ

တစ်ယောက်တည်းပဲကျန်ရ ကျန်ရ

ဝမ်းနည်းနာကျင်စရာမလိုပါဘူး။

အမှန်တကယ်လက်ခံထားရမှာက

မွေးဖွားစဉ်တုန်းကလဲ တစ်ယောက်တည်း။

တစ်ချိန်သေဆုံးရလဲ တစ်ယောက်တည်း။

ဘယ်သူ့ ဘယ်သူကိုမှ

ကိုယ်နဲ့ အတူတသက်လုံးနေဖို့ 

ခေါ်ထားခွင့်မရှိသလို

ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ

ကိုယ်နဲ့ အတူတူသေဖို့ 

အဖော်စပ်လို့ မရနိုင်ဘူးဆိုတာပါပဲ။

Credit : ပန်သုငယ်

ဗဟုသုတမျှ​ဝေသူ – စိုးဝင်း​ကျော်

(စာဖတ်​သူမိတ်​​ဆွေများ စိတ်​ကောရုပ်​​ကော ချမ်းသာကြပါ​စေဗျာ)

31 Shares

Add a Comment

Your email address will not be published. Required fields are marked *