ရေ​အောက်​မှာဖွတ်​ထားတဲ့ ကျပ်​​ငွေတစ်​သန်း​ကျော်​ဖိုးသစ်​​တွေဖမ်းမိ

164 Shares

လုံနယ်ဖွဲ့ပေးထားသည့် အထူးအဖွဲ့မှ ရေအောက်ဝှက် ထားသော တမလန်းသစ် အချောင်းနှစ်ထောင်ကျော် ရှာတွေ့
~~~~~~~~~~~~~~~
ကနီ၊ မတ် , ၂

စစ်ကိုင်းတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီးဖွဲ့ပေးထားသော အထူးအဖွဲ့မှ ချင်းတွင်းမြစ်အတွင်း ရေအောက်ဝှက်ထားသော တမလန်းသစ် အချောင်းရေ နှစ်ထောင်ကျော်ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း အထူးအဖွဲ့ဝင် ပါဝင်သည့် နယ်ထိန်းအရာရှိ ရဲအုပ် ဇော်မင်းထွန်းထံမှ သိရသည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ သတင်းပေးတိုင်ကြားချက်အရ အထူးအဖွဲ့ဖွဲ့၍ ဖေဖော်ဝါရီ ၂၅ နေ့မှ စတင်ကာ သွားရောက်ရှာ ​ဖွေခဲ့ရခြင်း ဖြစ်ကြောင်း ရဲအုပ်ဇော်မင်းထွန်းက ပြောသည်။

“ ၀န်ကြီးပြောတဲ့နေရာမှာတော့ ရှာမတွေ့ခဲ့ဘူး။ အဲဒီအောက် မိုင်ဝက်လောက် စုံလာမှမြစ်ထဲ ပီနှံအိပ်တွေနဲ့ ထုတ်ပြီး မြှပ်ထားတဲ့ တမလန်း ပါကေးတွေ ရှာတွေ့ခဲ့တာပါ” ဟု ၄င်းအရာရှိက ဆက်ပြောသည်။

အထူးအဖွဲ့သည် သတင်းပေးတိုင်ကြားခဲ့သည့် ကနီမြို့နယ် အနီးတ၀ိုက်ရှိ ချင်းတွင်းမြစ်အတွင်း နှစ်ရက်ဆက်တိုက်ရှာဖွေခဲ့ကြရာ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းကနီမြို့နယ် ၀က်ချောင်းကြီးကျေးရွာတောင်ဘက် ၄ ဖာလုံခန့်အကွာရှိ ချင်းတွင်းမြစ်ကမ်းရေအောက်တွင် တမလန်းသစ်များ စတင်ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရေအောက်ငုတ်ရှာဖွေ၍ တွေ့ရှိခဲ့ရာတွင် ပီနှံအိပ်များဖြင့် ထုတ်ပိုးထားသည့် တမလန်းပါကေးချောင်း စုစုပေါင်း ၂၀၆၉ ချောင်း ၂.၃၈၅၈ တန် ကာလတန်ဘိုး ၁၆၇၀၀၆၀ ကျပ်ဘိုး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရှာဖွေတွေ့ရှိခဲ့သည့် တရားမ၀င်တမလန်းသစ်ခွဲသားများအား အထူးအဖွဲ့မှ ကနီမြို့မ ဘိနယ် သစ်တောအဖွဲ့သို့အပ်နှံကာ ပိုင်ရှင်မဲ့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖမ်းဆီးရေးအထူးအဖွဲ့ထံမှ သိရသည်။
Credit
မောင်​​လေးငယ်​ငယ်
မုံရွာဂေဇက် Via >>> Kyaw Win Htun

164 Shares

Add a Comment

Your email address will not be published. Required fields are marked *