YBS​ပေါ်မှာ ဖုန်း​လိုက်​ခိုးတဲ့သူခိုးနှစ်​​ယောက်​ဖမ်းမီ

လှိုင်သာယာရဲစခန်းတွင် အမှုဖြင့်အရေးယူထားသူအား
စစ်ဆေးရာမှ ခါးပိုက်နှိုက်မှုများ ဖော်ထုတ်နိုင်
———– ————————–
ရန်ကုန်၊ မတ် ၃

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ မိမိတိုင်းဒေသကြီး နယ်မြေအတွင်း ခိုးမှု၊ လုယက်မှုများ လျော့နည်းကျဆင်း ရေးအတွက် တွန်းအားပေး ဖမ်းဆီးအရေးယူဆောင်ရွက် သွားရန် ညွှန်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံး၊အုပ်ချုပ်မှုဌာနခွဲမှတပ်ဖွဲ့ဝင်များသည်လှိုင်သာယာ မြို့မရဲစခန်း(ပ)၄၉၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ -၃၂၆/ ၁၁၄ အမှုမှတရားခံမျိုးသန်းထွေး(ခ)တွတ်ပီသည် ခါးပိုက် နှိုက်မှုများကျူးလွန်ထားကြောင်း သတင်းရရှိသဖြင့် စစ် ဆေး ခဲ့သည်။

စစ်ဆေးမှု့ ပြုလုပ်ပြီးနောက် ပြစ်မှုကျူးလွန်ရာတွင် အတူ ပါဝင်သူ သူရဦး(ခ)သူရအား ထပ်မံဖမ်းဆီးရမိခဲ့ပြီး၎င်းတို့ နှစ်ဦးအားတိုက်ဆိုင်စစ်ဆေးခဲ့ရာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင် လှိုင်သာယာမြို့နယ်၊ တပ်ထိပ် ကားမှတ်တိုင်အနီး YBS(74) ယာဉ်ပေါ်မှ Samsung J5 အမျိုးအစားအဖြူရောင်ဖုန်း(၁)လုံး၊အလယ်ရွာကား မှတ် တိုင်အနီး YBS(42) ယာဉ်ပေါ်မှ ViVo အမျိုးအစားအဖြူ ရောင်ဖုန်း(၁)လုံး၊ Samsung On7အမျိုးအစားရွှေရောင် ဖုန်း(၁)လုံး၊ မိုင်(၂၀)ကားမှတ်တိုင်အနီး YBS(42) ယာဉ် ပေါ်မှ Samsung J2 Prime အမျိုးအစား အဖြူရောင် ဖုန်း(၁)လုံး၊ အဆင့်မြင့်ကားမှတ်တိုင်အနီး YBS(74)ယာဉ် ပေါ်မှ Lenovo အမျိုးအစား အပြာရောင်ဖုန်း(၁)လုံး၊ န၀ ဒေးကားမှတ်တိုင်အနီး YBS(74) ယာဉ်ပေါ်မှOppoအမျိုး အစား အနက်ရောင်ဖုန်း(၁)လုံး၊ Samsung အမျိုးအစား ရွှေရောင်ဖုန်း(၁)လုံး၊ YBS(42) ယာဉ်ပေါ်မှ Redmi Note 3 အမျိုးအစား အပြာရောင်ဖုန်း(၁)လုံး၊ဘုရားလမ်း ကားမှတ်တိုင်အနီး YBS(74) ယာဉ်ပေါ်မှ Huawei 730 အမျိုးအစားအနက်ရောင်ဖုန်း(၁)လုံး OppoA33Wအမျိုး အစားအဖြူရောင်ဖုန်း(၁)လုံး၊ ရုံးရှေ့ကားမှတ်တိုင် အနီး YBS(61) ယာဉ်ပေါ်မှ Oppo A33W အမျိုးအစားအနက် ရောင်ဖုန်း(၁)လုံး၊ ဈေးလေးကားမှတ်တိုင်အနီး YBS(53) ယာဉ်ပေါ်မှ Samsung J2 အမျိုးအစားဖုန်း(၁)လုံး၊ Huawei G6 အမျိုးအစား အနက်ရောင်ဖုန်း(၁)လုံး၊ ရွှေ ပြည်သာမြို့နယ်၊ ဘုန်းကြီးကျောင်းကွေ့ကားမှတ်တိုင် အနီး YBS(74) ယာဉ်ပေါ်မှ Samsung Galaxy Tab 4 အမျိုးအစား အဖြူရောင် ဖုန်း(၁)လုံး၊ မင်္ဂလာဒုံမြို့နယ်၊ သုံးရာသီကားမှတ်တိုင်အနီးYBS(42)ယာဉ်ပေါ်မှHuawei အမျိုးအစား ရွှေရောင်ဖုန်း(၁)လုံး တို့အား ခါးပိုက်နှိုက်ယူ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ သက်သေခံဖုန်းများကို ပြန် လည်သိမ်းဆည်းပြီး ပြစ်မှုကျူးလွန်သူ မျိုးသန်းထွေး(ခ) တွတ်ပီနှင့် သူရဦး(ခ)သူရတို့အား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သက်သေခံပစ္စည်းများနှင့် စပ်လျဉ်း၍ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာမြို့မရဲစခန်းအသီးသီးသို့ သွားရောက်စုံစမ်း
နိုင်ပါကြောင်း အသိပေး ဖော်ပြပါသည်။

Creditး Yangon Police
Blueseasktmm

86 Shares

Add a Comment

Your email address will not be published. Required fields are marked *