အချစ်​ကိုလူတိုင်းရနိုင်​ပါတယ်​ ဒါ​ပေမယ့်

4 Shares

လူတစ်ယောက်ကို ချစ်လိုက်ရတာ လွယ်ပါတယ်။
ချစ်တယ်လို့ ပြောဖို့ကလည်း လွယ်ပါတယ်။
အချစ်တွက် ဘာမဆိုရင်ဆိုင်ရဲတယ်လို့ ပြောထွက်ဖို့လည်း လွယ်ပါတယ်။
တစ်သက်လုံး မပြောင်းလဲပဲ သစ္စာရှိရှိ ချစ်ပါ့မယ်လို့
ပြောဖို့ ပိုပြီးတော့တောင် လွယ်ပါသေးတယ်။

လူတစ်ယောက်ကို နောက်ဆုံးထွက်သက်ထိ ချစ်နိုင်ဖို့ဆိုတာ ခက်ပါတယ်။
ပေးခဲ့တဲ့ ကတိစကားတွေအတိုင်း ဖေါ်ဆောင်ဖို့ကလည်း ခက်ပါတယ်။
တကယ်တမ်းအခက်ခဲတွေ ရင်ဆိုင်လာရတဲ့အခါ ရင်မဆိုင်နိုင်တဲ့အတွက် ပိုပြီးခက်ပါတယ်။

တကယ်တော့ လူတစ်ယောက်ကို တကယ်ချစ်မြတ်နိုးတဲ့အခါ
ဘာကတိစကားမှပေးစရာလည်း မလိုပါဘူး။
ကတိပေးတိုင်းလည်း လုပ်နိုင်ချင်မှ လုပ်နိုင်မှာပါ။
ကတိတွေ အထပ်ထပ်ပေးပြီးမှ ပေးထားတဲ့ကတိရဲ့ ဆန့်ကျင့်ဘက်တွေ လုပ်ပြတဲ့အခါမှာ နှစ်ဆပိုပြီးနာကျင်ရပါတယ်။

ငယ်တုန်းကတော့ ကတိစကားတွေဟာ အရောင်မပြောင်းတတ်ဘူးထင်မိပေမဲ့။
ကိုယ်ကလွဲရင် ဒီလောကမှ ဘယ်သူမှမချစ်နိုင်ပါဘူး တစ်ယောက်တည်းနေပါ့မယ်ဆိုတဲ့သူတွေ တော်တော်များများက လမ်းခွဲပြီးသိပ်မကြာခင်မှာ ကိုယ်စီကိုယ်စီ အချစ်သစ်နဲ့ ပျော်နိုင်တာတွေကိုကြည့်ပြီး နားလည်သဘောပေါက်မိတယ်။
တစ်ခါတစ်လေ ကတိဆိုတဲ့အရာက အချိန်ကာလနဲ့ လူတွေကြောင့် အရောင်မှေးမှိန် ပျောက်ကွယ်သွားတတ်ပါတယ်။

အရင်တုန်းကတော့ ရင်နာမိမှာကြမှာပေါ့။ အခုတော့ ရီမိကြလိမ့်မယ်လို့ ထင်ပါတယ်။


Credit
ချစ်တဲ့…မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ

4 Shares

Add a Comment

Your email address will not be published. Required fields are marked *