ကမ္ဘာပတ်​မွှေနေတဲ့ ထရမ့်​၊ဒီတခါသူ့ပြန်​မွှေခံရမယ့်​ကိန်း

8 Shares

ကမ္ဘာပတ်​မွှေနေတဲ့ ထရမ့်​၊ဒီတခါသူ့ပြန်​မွှေခံရမယ့်​ကိန်း
=================================
၂၀၁၆အမေရိကန်​ရွေးကောက်​ပွဲ၌ ရုရှား၏ ပါဝင်​စွက်​ဖက်​ခြင်း ရှိ၊ မရှိ အနေအထားကို ဒီမိုကရက်​တွေဘက်​က
စုံစမ်းဖော်​ထုတ်​ဖို့ ကြိုးစားလာတာဟာအခုဆိုရင်​၂နှစ်​နီးပါးအထိ ရှိလာခဲ့ပြီဖြစ်​ပြီး၊ ဇာတ်​ရှိန်​အမြင့်​ဆုံးအထိ
ရောက်​လာခဲ့ပြီလို့ ဆိုရမည်​ ဖြစ်​သည်​။ ၎င်းအပြင်​ သမ္မတထရမ့်​ရဲ့ စီးပွားရေးပိုင်းနှင့်​သမ္မတဖြစ်​ပြီးနောက်​ တရားရေးမှာ ၀င်​စွက်​ဖက်​ပြီး အာဏာအလွဲသုံးစားလုပ်​မှု့ ရှိ၊ မရှိအပေါ်ကျယ်​ကျယ်​ကျယ်​ပြန့်​ပြန်​စုံစမ်းစစ်​ဆေးမှု့ကိုတနလ်ာနေ့မှာစတင်​လိုက်​ပြီဟုအောက်​လွှတ်
တော်​တရာ်း​ရေးကော်​မတီ ဥက္ကဌ Jerry Nadleyက ကြေညာခဲ့လေသည်​။

တရားရေးကော်​မတီက ရွေးကောက်​ပွဲမသမာလုပ်​မှု့၊
အာဏာအလွှဲသုံးစားလုပ်​မှု့ အပါအ၀င်​ အကျင့်​ပျက်​ချစားမှု့ တို့နှင့်​ ဆက်​စပ်​ပြီးသံသယ ဖြစ်​ဖွယ်​ သမ္မတ
နှင့်​ ပတ်​သက်​မှု့ ရှိနေကြတဲ့လူပုဂ္ဂိုလ်​နှင့်​ယူနစ်​အဖွဲ့အစည်း ၈၁ခုတို့နှင့်​ သက်​ဆိုင်​မှု့ ရှိသည့်
သက်​သေခံအထောက်​အထား စာရွက်​စာတမ်းများတို့ကို
တောင်းခံထားလေသည်​။ ထရမ့်​ကလည်း မိမိအနေဖြင့်
အမှားတစ်​စုံတစ်​ရာလုပ်​ထားတာ မရှိလို့ လိပ်​ပြာသန့်
ကြောင့်းဆိုခဲ့သည်​။ Nadlerရဲ့ စုံစမ်းစစ်​ဆေးမှု့ အပေါ်
ပူးပေါင်း​ပါဝင်​ဖို့ ရှိ၊ မရှိ သတင်းထောက်​များက မေးသည်​ကို ထရမ့်​က”I cooperate all the time
with everybody.” ဟူ၍ ဖြေကြားခဲ့သည်​။ နောက်
ပြီးထပ်​ပြောရာ၌ “You know ,the beautiful
thing? No collusion.It’s all a hoax.”ဟူ၍
လည်း ဝေဖန်​ပြောကြားခဲ့သည်​။

သမ္မတ ထရမ့်​က အခုလို လုပ်​ရပ်​မျိုးကို တွစ်​တာ
စာမျက်​နှာ၌ “Ridiculous”ဟူသောစကားလုံးဖြင့်
တုန့်​ပြန်​ရေးသားခဲ့လေသည်​။ အိမ်​ဖြူတော်​ ပြောရေး
ဆိုခွင့်​ရှိသူ Sarah Sandersကလည်း ဒီမိုကရက်
တွေရဲ့ အခုလို စုံစမ်းစစ်​ဆေးမှု့မျိုးဟာ “မှန်​ကန်​မှု့မရှိ
တဲ့ စွဲချက်​တင်​ စုံစမ်းစစ်​ဆေးမှု့မျိုးပင်​ဖြစ်​ပြီး၊ အလွန်​ဆိုး
ရွားပြီး၊ရုန့်​ရင်းကြမ်းတမ်းလွန်းတဲ့လုပ်​ရပ်​မျိုးသာဖြစ်​ပြီး၊
အချိန်​ကုန်​၊ အကျိုးမဲ့သာ ရှိနိုင်​”ဟု ဝေဖန်​ပြောကြား
ခဲ့လေသည်​။ တနလ်ာနေ့ ည အစီရင်​ခံစာအပေါ်
Sandersက “ဥက္ကဋ္ဌကြီး Nadler နှင့်​ ၎င်း၏ အ
ပေါင်းအပါ ဒီမိုကရက်​တွေဟာ ၎င်းတို့ရဲ့၂နှစ်​တာ အမှား
စီမံကိန်းကြီးဖြစ်​တဲ့ ရွေးကောက်​ပွဲ၌ ရုရှားရဲ့ ပါဝင်
စွက်​ဖက်​ခြင်း ရှိ၊ မရှိစုံစမ်းစစ်​ဆေးမှု့ လုပ်​ရပ်​ကြီးဟာ
မှားယွင်းတဲ့ လုပ်​ရပ်​မျိုးသာ ဖြစ်​ပြီး၊ အမေရိကန်​နိုင်​ငံ
သားတို့ကိုလည်း အရှက်​ရစေနိုင်​”ဟု ဆိုထားသည်​။

ဒီမိုကရက်​တစ်​ ခေါင်းဆောင်​ ၃ဦးတို့က အမေရိကန်
သမ္မတ ဒေါ်နယ်​ထရမ့်​နှင့်​ ရုရှားသမ္မတ တို့ကြား ဖုန်း
ဖြင့်​ ပြောကြားမှု့ ၊ လူချင်းတွေ့  သီးသန့်​ပြောကြားမှု့
တို့အပါအ၀င်​ မသက်ာစရာရှိနိုင်​လောက်​သည့်​ သက်​သေကွင်းဆက်​များအားလုံးတို့ကိုမြေလှန်​ပြီး နောက်​ကြောင်းလိုက်​ဖို့ရန်​ အတွက်​ကြိုးစားနေကြသည်​ ။
၂၀၂၀ခုနှစ်​ ရွေးကောက်​ပွဲမတိုင်​ခင်​ ထရမ့်​အားတရား
စွဲနိုင်​ဖို့ ဒီမိုကရက်​တွေက အပြင်းအထန်​ကြိုးစားနေ
ကြသည်​။

၂၀၁၆ခုနှစ်​ ရွေးကောက်​ပွဲ ပြီးသည့်​နောက်​ပိုင်း​ကတည်းကRobert Muller ဦးဆောင်​တဲ့စုံစမ်းစစ်​ဆေးရေးအဖွဲ့က ထရမ့်​နှင့်​ ရုရှားတို့ပူးပေါင်း
ကြံစည်​ခြင်း ရှိ၊မရှိ အပေါ် စုံစမ်းစစ်​ဆေးနေခဲ့ပြီးအခုတော့အစီရင်​ခံစာ ကို ရှေ့နေချုပ်​ထံ
တင်​ပြရန်​နှင့်​ လူသိထင်​ရှား ထုတ်​ဖော်​ ကြေညာဖို့ရန်​သာ
ရှိတော့သည်​။ Muller အစီရင်​ခံစာဟာအမေရိကန်နိုင်​ငံ
ရေးကို များစွာ ပြောင်းလဲမှု့ ရှိစေနိုင်​ပြီး ၊ ထရမ့်​နှင့်
၎င်း၏ အုပ်​ချုပ်​ရေးအဖွဲ့သားတို့ကတော့ ရင်​တမမ၊
ထိတ်​တလန့်​လန့်​ တော့ရှိနေကြမည်​။ ဒီလထဲမှာ Mullerအစီရင်​ခံစာ ထွက်​ဖို့ ရှိနိုင်​သည်​ဟု တချို့သော
သုံးသပ်​သူများတို့က သုံးသပ်​ထားကြသည်​။

အကယ်​၍
သာ အမေရိကန်​သမ္မတ ဒေါ်နယ်​ထရမ့်​သည်​ ပြစ်​မှု့ကျူး
လွန်​ကြောင်းထင်​ရှားခဲ့မည်​ဆိုပါက ရာထူးကနေတောင်
ဖယ်​ရှားခံနိုင်​ရလောက်​သည်​ အထိ ဆိုးရွားနိုင်​ဟု သုံး
သပ်​မှု့ တွေတောင်​ ရှိနေကြသည်​။ ယခုလို ၂၀၂၀ရွေး
ကောက်​ပွဲမတိုင်​ခင်​ စုံစမ်းစစ်​ဆေးမှု့ လုပ်​ရပ်​မျိုးဟာ
ထရမ့်​အတွက်​ ရွေးကောက်​ပွဲမှာ မဲရနိုင်​ချေ အနေအထားအပေါ် ထိခိုက်​မှု့ ရှိနိုင်​သည်​။ သဘာရင့်
ဝါရင့်​ နိုင်​ငံရေးဂုရုကြီး ဖြစ်​တဲ့ ဟီလာရီကလင်​တန်​လို
လူမျိုးကိုတောင်​ အီးမေးလ်​အရှုပ်တော်​ပုံ ကိစ္စတစ်​ခု
တည်းနှင့်​တင်​ အလဲထိုးအနိုင်​ရခဲ့တဲ့ ထရမ့်​ အတွက်​၊
ဒီတခါတော့ သူ့အလှည့်​ပင်​ ဖြစ်​လာတော့မလား?
ဒါမှ မဟုတ်​ ထရမ့်​တယောက်​ အောင်​မြင်​စွာဖြတ်
ကျော်​နိုင်​မလား?ဆိုသည်​ကတော့ အထူးစိတ်​၀င်​စားစရာ
ကောင်းနေပြီ ဖြစ်​ပါကြောင်း ရေးသားမျှဝေလိုက်​ရသည်​။
မူရင်း​ရေးသားသူ
#KoNayNay

Tue,Mar 5

8 Shares

Add a Comment

Your email address will not be published. Required fields are marked *