စီးပွား​ရေးတစ်​ခု စတင်​ချင်​သူတိုင်းဖတ်​ရှု့နိုင်​ပါ​စေ

6 Shares

စီးပွားရှာခြင်း
~~~~~~~~~

၁) ကျောင်းပညာသင်ယူနေတုန်း စီးပွားရေး စိတ်မဝင်စားပါဘူး။
၂) ဝန်ထမ်းလုပ် ငွေရှာတာကမှ တိကျတဲ့ ပုံမှန်ဝင်ငွေရနိင်တယ်။
၃) စီးပွားရှာတယ်ဆိုတာ ငွေအရင်းနှီးရှိမှ ရှာလို့ရမှာဗျ။
၎) ဈေးရောင်းတယ်ဆိုတာ မလွယ်ကူလှပါဘူး၊ကိုယ့်ပစ္စည်း သူများမဝယ်ရင် ဘယ်လိုလုပ်မလဲ?
၅) ဈေးကွက်စီးပွားရေး ရှာဖွေဖို့ ခုခေတ် အချိန်အခါဟာ မလွယ်ကူလှတော့ပါဘူး။
၆) အတွေ့ကြုံမရှိဘူး၊မသိဘူး၊မတတ်ဘူး၊ဘယ်သူသင်ပေးမှာလဲ?
၇) ကိုယ်ပိုင်စီးပွားတစ်နိင်ထလုပ်မှ မရှိမဲ့ရှိမဲ့ အိုစာမင်းစာလေး ကုန်သွားပါအုန်းမယ်။

စသည်ဖြင့် လူအတော်များများ ပြောကြတယ်။

အဲ့ မေးခွန်းတွေကို ဖြေရှင်းကြည့်ပါစို့။

၁) ကျောင်းပညာသင်နေရင်းပဲ သင်လိုအပ်လို့ ဝယ်တဲ့ ကျောင်းပစ္စည်းတွေကို သင့်သူငယ်ချင်းတွေ နစ်သက်လာအောင် မိတ်ဆက်ပြောရင်း သင့်အနေနဲ့ တစ်ဦးချင်းကစ ပစ္စည်းတစ်ခုစတင်ဝယ်ရောင်း ဈေးကွက်ဖောက် ဝင်ငွေရှာပါ။

၂) ဝန်ထမ်းတစ်ဦးဖြစ်ခြင်းဟာ သင့်အတွက် လက်တွေ့ပညာသင်ယူနေရင်း ဝင်ငွေရှာနေတယ်လို့ သတ်မှတ်ထားပါ။ သင့်ကျွမ်းကျင်လုပ်ကိုင်နိင်ခြင်းဟာ သင့်ကိုယ်ပိုင်လုပ်ငန်း လုပ်ရန်အတွက် နောင်တစ်ချိန်မှာ အရင်းနှီးပါပဲ။

၃) စီးပွားရှာရန်အတွက် ငွေအရင်းနှီးရှိလဲ လုပ်နည်းကိုင်နည်း စီမံခန့်ခွဲနည်းတွေ ကျွမ်းကျင်မူမရှိပါက မည်သို့မှ စီးပွားမရှာနိင်ပါ။ စီးပွားရှာနည်းပညာ တတ်ပြီးနောက် စီးပွားလုပ်ရန်အတွက် အရင်းနှီးမလိုတော့ပါ။

၎) ဈေးရောင်းတယ်ဆိုတာ မလွယ်ကူလှပါဘူး၊ဈေးရောင်းနည်း မသိသောသူတွေအတွက်သာဖြစ်တယ်။ကိုယ့်ပစ္စည်းသူများဝယ်ရန် လုပ်ဆောင်ရမဲ့နည်းတွေ လေ့လာသင်ယူထားပေါ့။

၅) သင်ဉာဏ်မမီတဲ့ စီးပွားရေးစနစ်ကို ထပ်မံမလေ့လာတော့ပဲ ခေတ်ကာလ ကို အပြစ်တင်မိခဲ့ရင်တော့ သင်ဝန်ထမ်းလုပ်ရင်းပဲ နေထိုင်သွားလိုက်ပါ။
နိင်ငံအပြင်ဘက်က စီးပွားရေး လုပ်ငန်းများအကြောင်း လေ့လာပါ။ ထပ်မံသင်ယူမူတွေ မလုပ်နိင်တော့ဘူးဆိုရင်တော့ သင်သိသောအသိတွေ ဘယ်လိုမှ အသုံးတည့်မှာ မဟုတ်ပါဘူး။

၆) မရှိခြင်း၊မသိခြင်း၊အတွေ့အကြုံမရှိခြင်းတွေဟာ သင့်အတွက် အပြစ်မဟုတ်ပါဘူး။ အခက်အခဲပြသနာတခုလို့ သတ်မှတ်ပါ။ အခက်အခဲပြသနာကို အဖြေရှာဖို့ သင်ဘာလုပ်ရမလဲ ။ စတင်သင်ယူမူလုပ်ပါ။

၇) ဘယ်မှာပြသနာရှိလဲ ။ အဲဒီမှာ အခွင့်အလမ်းရှိတယ်။ပြသနာမရှိပဲအခွင့်အလမ်း ရှိမလာဘူး။
အခွင့်အလမ်းနဲ့သင် သဟဇတရှိပြီး ငွေသားအဖြစ် ပြောင်းလဲ တတ်သူဟာ စီးပွားရှာနည်းကို ကျွမ်းကျင်သူလို့ သတ်မှတ်ပါတယ်။

မိရိုးဖလာ နေသားကျလာခဲ့တဲ့ကိစ္စတိုင်းဟာ အခြေနေတစ်ရပ်အပေါ်မှာမူတည်ပြီး အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတာကို အဖြေထွက်နိင်ပါတယ်။ သင်ကိုယ်တိုင်မှ စတင်ပြောင်းလဲ သင်ယူတတ်ဖို့သာလိုပါတယ်။ မွေးကတည်းက ကိုယ်တွေအားလုံး ဘာမှမလုပ်တတ်ခဲ့တာ ပင်ကိုဗီဇပါ။

Credit :

Life Style Trainner
Crown Diamond Manager
Zay Phyo
Photo-facebook

6 Shares

Add a Comment

Your email address will not be published. Required fields are marked *