“ကြောက်လွန်းလို့ ဖြဲတာပါ”

8 Shares

“ကြောက်လွန်းလို့ ဖြဲတာပါ”
●○●○●○●○●○●○●○●○●○

ခုတလော…….
ဖတ်ဖူးခဲ့တဲ့ နွားအုပ်ပုံပြင် သွားသတိရမိတယ်

နွားခြံထဲမှာ နွားထီးကြီး ၂ ကောင်နဲ့ နွားထီးပျို
ပေါက်စလေး ၁ ကောင်ပဲ ရှိပြီး ကျန်တာ
နွားမတွေချည်း တစ်ရာလောက် ရှိနေတော့
နွားထီးကြီးက ၅၀ သူ့အောက် နည်းနည်းငယ်တဲ့
တစ်ကောင်က ၄၀ အငယ်ဆုံး နွားပျိုလေးက ၁၀
စသဖြင့် သူ့ဝေစုနဲ့သူ အပိုင်စားရထားတယ်။

တစ်နေ့မှာ နွားခြံပိုင်ရှင်က နောက်ထပ်နွားထီး
တစ်ကောင် ထပ်ဝယ်လိုက်ပြီး မကြာခင်ရောက်
လာတော့မယ်ဆိုတဲ့ သတင်း ကြားတော့
နွားထီးကြီးက ကြိမ်းဝါးပါတယ်။

“ငါဟာ ဒီမှာ အကြီးဆုံးပဲ ငါ့အပိုင် နွားမ ၅ဝ
ဘယ်ကောင်မှ လာထိလို့ မရဘူး”
သူ့အောက်အငယ် နွားထီးကလည်း အားကျမခံ။
“ကျုပ်အပိုင် နွားမ ၄၀ ကိုလည်း
မျက်စောင်းတောင် ထိုးခွင့်ပေးမှာ မဟုတ်ဘူး”
အဲဒီမှာ အငယ်ဆုံး နွားပျိုပေါက်ကလေးကလည်း
“ကျုပ်က ရထားတာမှ ၁၀ ကောင်တည်းရယ်
လုံးဝ အလျှော့ပေးမှာ မဟုတ်ဘူး” တဲ့။

ပြောရင်းဆိုရင်းပဲ နွာထီးအသစ်ကိုတင်လာတဲ့
ထရပ်ကားကြီး ရောက်လာတယ်
အကောင်ကြီးလွန်းလို့ ကရိန်းနဲ့ ဆွဲချရတယ်
မြေပေါ်အကျမှာ သူ့ကိုသယ်လာတဲ့
ထရပ်ကားကြီးပါ ဖင်ထောင်သွားတယ်
အကောင်လိုက် ထွက်လာတော့မှ…
လားလား.. နည်းတဲ့အကောင်ကြီးမှ မဟုတ်တာ
တကယ့် ဒင်ပြည့်ကျပ်ပြည့် နွားသိုးကြီး..
ဦးချိုတစ်ချက်ခတ်လိုက်တာနဲ့ အရွယ်ရောက်ပြီး
နွားနှစ်ကောင်သုံးကောင်လောက် လွင့်သွားမယ့်
ဂိုက်ဆိုက်မျိုးရှိနေတယ် အဲဒီကောင်ကြီးက
နွားခြံတစ်ခုလုံးကို ခြုံပြီးမာန်ပါပါ စိုက်ကြည့်
လိုက်တယ်။

အဲဒီမှာ နွားထီးကြီးက ပြောလိုက်တယ်
“အင်း.. နွားမ အကောင် ၅၀ ဆိုတာ ငါ့အတွက်
မဖြစ်မနေ လိုနေတာတော့ မဟုတ်ပါဘူးလေ
နွားထီးအသစ်က လာတောင်းရင်းတော့
တစ်ဝက်လောက် ပြန်မျှပေးနိုင်ပါတယ်။”

နောက်နွားထီးအလတ်ကလည်း
“ကျုပ်လည်း ဘာထူးသေးလဲဗျာ..
၄၀ ဆိုတာ တကယ်တမ်း အာရုံနောက်ပါတယ်
ကျုပ်လည်း အေးဆေး နေချင်တာ ကြာပါပြီ..
သူ့ကိုများများခွဲပေးရလေ ကျုပ်သက်သာလေပဲ”

အဲဒီမှာ အငယ်ဆုံး နွားပျိုပေါက်လေးက
ဘာမှ ဝင်မပြောလို့ နွားထီးကြီးနှစ်ကောင်က
သူ့ကို လှမ်းအကြည့်မှာ အံ့ဩဖွယ် မြင်ကွင်းကို
မယုံနိုင်စရာ တွေ့လိုက်ရတယ်
နွားပျိုပေါက်ကလေးက မာန်အပြည့်တင်းထားပြီး
ချက်ချင်းတိုက်ခိုက်တော့မယ့်ဟန်နဲ့
တရှူးရှူးတရှဲရှဲ ယောက်ယက်ခတ်နေတယ်။

အဲဒီမှာ နွားထီးအိုကြီးတွေက ဖျောင်းဖျရှာတယ်
“ကောင်လေး.. မရူးစမ်းပါနဲ့.. မင်းလောက်ကို
ဟိုက ချိုတောင်သုံးမှာမဟုတ်ဘူး..
နွားမအတွက်နဲ့တော့ အသေခံပြီး မမိုက်ပါနဲ့..
ငါတို့လည်း တတ်နိုင်သလောက် မျှပါ့မယ်ကွာ”
အဲဒါတောင် နွားပျိုပေါက်လေးက
ထိန်းမရသိမ်းမရ ဖြစ်နေတဲ့အခါ
နွားထီးကြီးတွေက ဒီအကောင် မိုက်နေရင်
တို့ပါ ပြသနာ တက်ရချည်ရဲ့ဆိုပြီး
ခပ်ကြမ်းကြမ်း ဆုံးမပါတော့တယ်။

“ဒီမှာ ကောင်လေး.. ငါတို့က
သိပ်ဇယားမရှုပ်ချင်ဘူးနော်..
အေးဆေးပြောလို့ လက်မခံရင် ငါနဲ့အရင်
စာရင်းရှင်းရအောင်.. နေရာယူလိုက်တော့”
အဲဒီတော့မှ နွားပျိုပေါက်လေးက ပျာပျာသလဲလဲ
ပြန်ဖြေရှင်းရှာတယ်။

“မဟုတ်သေးဘူး.. နောင်တော်ကြီးတို့..
အဲဒီနွားသိုးကြီး ဒီခြံထဲက နွားမတွေကို
အပိုင်သိမ်းပစ်ဖို့ ကြည့်လိုက်တဲ့ အကြည့်ထဲမှာ
ကျုပ်ပါ ပါသွားတယ်..
အခု ကျုပ် မာန်ဖီပြီး ခွာယက်ပြနေတာ
သူ့ကိုတိုက်ဖို့ လုံးဝ မဟုတ်ဘူး..
ကျုပ်ကိုပါ နွားမအဖြစ်နဲ့ လုပ်သွားမှာစိုးလို့
နွားထီးဖြစ်ကြောင်း အသည်းအသန်
သက်သေပြနေရတာဗျို့”

ဒါကြောင့် တချို့အခြေအနေတွေမှာ ပြောကြတဲ့
ခြိမ်းခြောက်စကားတွေဟာ သတ္တိရှိလို့မဟုတ်ဘဲ
သူကိုယ်တိုင် ရောပြီး အလုပ်ခံရမှာစိုးလို့
အသည်းအသန် ကြောက်လန့်ပြီး
“ကြောက်လွန်းလို့ ဖြဲတာပါ” 😛
Credit
မူရင်း​ရေးသူ 😛

:O

AudithaWaihyn

8 Shares

Add a Comment

Your email address will not be published. Required fields are marked *