ဥပ​ဒေနဲ့အညီစီးပွား​ရေးလုပ်​ဖို့ ဒီသုံးမျိုးကအ​ရေးတကြီးသိသင့်​တာဖြစ်​ပါတယ်

စီးပွား​ရေးလုပ်​နိုင်​တဲ့ ပုံစံ (၃)မျိုး။
—————————————–

စီးပွား​ရေးလုပ်​နိုင်​တဲ့ ပုံစံ (၃)မျိုး ကို မိတ်​ဆက်​ တင်​ပြ​ပါမယ်​။

၁။ ကုမ္ပဏီ​ထောင်​ပြီး လုပ်​ငန်း​ဆောင်​ရွက်​ခြင်း။

မြန်​မာနိုင်​ငံကုမ္ပဏီများဥပ​ဒေအရ ကုမ္ပဏီမှတ်​ပုံတင်​ ​ဆောင်​ရွက်​ခြင်းဖြစ်​ပြီး၊ အခွန်​ကင်းလွတ်​ခွင့်​၊ သက်​သာခွင့်​​တော့ ခံစားနိုင်​ခြင်းမရှိပါဘူး။

၂။ MIC ခွင့်​ပြုမိန့်​၊ အတည်​ပြုမိန့်​ဖြင့်​​ ​ဆောင်​ရွက်​ခြင်း။

MIC ခွင့်​ပြုမိန့်​၊ အတည်​ပြုမိန့်​ဖြင့်​ လုပ်​ငန်း​ဆောင်​ရွက်​မယ်​ဆိုရင်​​တော့၊ မြန်​မာနိုင်​ငံ ရင်းနှီးမြှုပ်​နှံမှုဥပ​ဒေအရ ​ဆောင်​ရွက်​ရမှာဖြစ်​ပြီး အခွန်​ကင်းလွတ်​ခွင့်​နှင့်​ သက်​သာခွင့်​များကို ခံစားရရှိနိုင်​မှာ ဖြစ်​ပါတယ်​။

၃။ အထူးစီးပွား​ရေးဇုန်​ တွင်​လုပ်​ငန်း​ဆောင်​ရွက်​ခြင်း။

Special Economic Zone (SEZ) လို့​ခေါ်တဲ့ အထူးစီးပွား​ရေးဇုန်​များမှာ လုပ်​ငန်း​ဆောင်​ရွက်​မယ်​ဆိုရင်​​တော့ မြန်​မာအထူးစီးပွား​ရေးဇုန်​ ဥပ​ဒေ နဲ့ ​ဆောင်​ရွက်​ရပါမယ်​။ အခွန်​ကင်းလွတ်​ခွင့်​နှင့်​ သက်​သာခွင့်​များကိုလည်း ခံစားနိုင်​မှာဖြစ်​ပါတယ်​။

DICA: Realize the potential.

#Credit DICA

3 Shares

Add a Comment

Your email address will not be published. Required fields are marked *