+++ထိုင်းလေတပ်လေယာဉ်တစ်စီးပျက်ကျ+++

+++ထိုင်းလေတပ်လေယာဉ်တစ်စီးပျက်ကျ+++

+ ထိုင်းလေတပ်က AU-23 Peacemaker gunship တစ်စီးဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ညနေတုန်းက ထိုင်းနိုင်ငံ Khlong Hoi Khong ခရိုင်၊ Songkhla စီရင်စုမှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

+ လိုက်ပါသွားတဲ့ လေယာဉ်ပိုင်းလော့ ၂ ဦးနဲ့ စက်ပြင် ၁ ဦး၊ စုစုပေါင်း crew ၃ ဦးကတော့ အနည်းငယ်ထိခိုက်မိတယ်လို့ သိရပါတယ်။

+ အဲ့ဒီ AU-23 Peacemaker လေယာဉ်ကလည်း အိုဟောင်းနေတဲ့ အင်ဂျင်တစ်လုံးတပ် လေယာဉ်အမျိုးအစားဖြစ်ပါတယ်။

+ ပါတက်နီ စီရင်စု Pattani province မှာရှိတဲ့ 9th ad hoc air force command ကနေ ဒီနေ့မနက် ၁၁ နာရီ ၅၆ မိနစ်မှာ စတင်ထွက်ခွာလာတာဖြစ်ပါတယ်။

+ ပျံသန်းနေရင်း အင်ဂျင် စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပေါ်ခဲ့တဲ့အတွက် လေယာဉ်မှူးဟာ မြေပြင်ကိုဆင်းသက်ဖို့ ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။

+ ထိခိုက်မှုဖြစ်ပွားသူ ၃ ယောက်ကို ဒေသဆိုင်ရာဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

+ ထိုင်းလေတပ်အနေနဲ့ AU-23 Peacemaker gunship တစ်နည်းအားဖြင့် transport plane အမျိုးအစားကို ၁၉၇၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုကနေ လက်ခံရရှိခဲ့ပါတယ်။

+ ဒီသတင်းကိုတော့ ၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့မှာ လွှင့်တင်တဲ့ အင်တာနက်စာမျက်နှာ https://www.bangkokpost.com/news/security/1639594/old-air-force-plane-crashes ကနေ ဘာသာပြန်ဆို ဖော်ပြထားခြင်းဖြစ်ပါတယ်။

+ မူရင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးပြုစုသူများကို အသိအမှတ်ပြုပါတယ်။

+++သတင်းပေးတဲ့မိတ်ဆွေကိုလည်း အထူးကျေးဇူးတင်ပါတယ်ဗျ။+++
+ အချိန်ပေးဖတ်ရှုတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Blueseasktmmမှပြန်​လည်​​ဖော်​ပြပါသည်

5 Shares

Add a Comment

Your email address will not be published. Required fields are marked *