ကလေးတွေကို ပစ်မှတ်ထားပြီး ထုတ်လုပ်လာတဲ့ တရုတ်ပြည် က မူးယစ်ဆေးဝါးသစ်

34 Shares

မြန်မာပြည်က တရုတ်ရဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တာမို့ သတိထားလို့ ရအောင် မျှဝေလိုက်ပါတယ် ။ ဒီသတင်းကို သိပြီးသား လူတွေလည်း ရှိကြမှာပါ ။

တရုတ်ပြည်မှာ မူးယစ်ဆေးဝါး အသစ်တွေ ပေါ်ထွက်နေပြီး ဒီမူးယစ်ဆေးတွေက ကလေး လူငယ်တွေကို ပစ်မှတ်ထားတယ် လို့ဆိုတယ် ။ မူးယစ်ဆေးလို့ ဆိုလိုက်ရင် အုပ်ထိန်းသူ အများက ဘိန်းဖြူ ၊ ဘိန်း ၊ စိတ်ကြွဆေးကို ပြေးမြင် တတ်ကြတယ် ။ တကယ်တော့ မူးယစ်ဆေးအသစ်တွေက ပုံစံအမျိုးမျိုး၊ ထုပ်ပိုးမှုအမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာ တရားဝင် ပြန့်နှံ့နေပြီဖြစ်ပါတယ် ။ မသာမာသူတွေက အဲဒီမူးယစ်ဆေးတွေကို ကလေးတွေ ကြိုက်နှစ်သက်တဲ့ ချိုချဉ်၊ သကြားလုံး ၊ ဖျော်ရည်၊ ကစားစရာ၊ စားစရာတွေအဖြစ်နဲ့ ဖြန့်ဖြူးနေလို့ပါပဲ ။

တံဆိပ်ခေါင်း ကပ်ခွာအဖြစ်နဲ့တောင် ဈေးကွက်ထဲ ဝင်ရောက်နေပါတယ် ။ အဲဒီတံဆိပ်ခေါင်းကပ်ခွာက ခန္ဓာကိုယ်မှာ ကပ်လိုက်ရုံနဲ့ မူးယစ်ဆေးတွေဟာ ချွေးပေါက်ကနေတဆင့် ကိုယ်ထဲဝင်ရောက်သွားနိုင်ပါတယ်တဲ့ ။ ဒီတံဆိပ်ခေါင်းကပ်ခွာအကြောင်းကို ဟိုးတလောက ထိုင်းသတင်းတစ်ခုမှာ ကျွန်မတွေ့ခဲ့ဖူးပါတယ် ။

ဘယ်လို တံဆိပ်ခေါင်း မျိုးလဲလို့ ကျွန်မ လိုက်ရှာကြည့်တာ တချို့က လျှာပေါ်မှာလည်း တင်တယ်တဲ့ …

ဒီလို ကပ်ခွာ တံဆိပ်ခေါင်းလေးတွေ တွေ့ရင် သတိထားကြပေါ့နော်

ကောင်မလေး တစ်ယောက် အထက်တန်းတုန်းက အပေါင်းအသင်း မှားပြီး သူ့ရည်းစားနဲ့ အတူ K မှုန့်တွေ ရှုခဲ့တယ်တဲ့ ။ နောက်တော့ ဆီးခဏခဏသွားချင်တာမျိုး ဖြစ်လာတယ် ။ ၁ဝမိနစ်ခြား တစ်ခါ အိမ်သာပြေး ရတော့တယ်တဲ့ ။ ဆီးသွားတိုင်း ဆီးနည်းပေမယ့် မအောင့်နိုင် ဖြစ်သတဲ့ ။ နောက်တော့ ဒိုက်ဘာနဲ့ တစ်သက်လုံး နေသွားရဖို့ ဖြစ်လာခဲ့ပါတယ် ။ဆေးရုံသွားစစ်ဆေးကြည့်တော့ K မှုန့်ကြောင့် သူရဲ့ ဆီးအိမ်ဟာ ကျုံ့သွားပြီး ဆီး ၃ဝ ml ပဲ ဆန့်တော့တယ်တဲ့ ။ ဒါဟာ သာမန်လူဆီးအိမ်ရဲ့ ဆယ်ပုံပုံ တစ်ပုံသာဖြစ်တယ် ။

တလောက နာမည်ကြီးခဲ့တဲ့ အရက်မပါလည်း တအားမြူးတယ်ဆိုတဲ့ အချိုရည် ၊ ဒီအရည်ထဲမှာ γ-Hydroxybutyric acid ပါပါသတဲ့။ သောက်ပြီးရင် K မှုန့်လို အာနိသင်ရပါသတဲ့။

ကော်ဖီမှုန့် အထုပ်အပိုး အဖြစ်နဲ့လည်း တွေ့ရနိုင်ပါတယ်။Nes နာမည်နဲ့ အတုလုပ်ထားတယ် ထင်ပါတယ်

သကြားလုံးအဖြစ်.. ဒီသကြားလုံးက ပါးစပ်ထဲ ထည့်လိုက်ရင် ပါးစပ်ထဲခုန်တတ်တဲ့ သကြားလုံးလေးတွေပါ

ကလေးစားထဲ ဝက်ဝံမုန့်ထုပ်ထဲမှာလည်း မူးယစ်ဆေးတွေရောနှောထားတယ်။

လက်ဖက်ရည်မှုန့်အဖြစ်နဲ့ ထုပ်ပိုးထားတဲ့ မူးယစ်ဆေးဝါးသစ်

တကယ်လို့ ကိုယ့်ကလေးက ချိုချဉ်တစ်မျိုး၊ မုန့်တစ်မျိုး၊ ကစားစရာတစ်ခုခု မစားရ မကိုင်ရရင် မနေနိုင်ဖြစ်နေပြီ၊ ဒါမှမဟုတ် စားပြီး ကိုင်ပြီး တအားမြူးနေပြီဆိုရင် အုပ်ထိန်းသူတွေ သတိထားစောင့်ကြည့်ဖို့ လိုအပ်ပါပြီ။ မြန်မာပြည်ဘက်ကို တရားမဝင်တဲ့ တရုတ်ဘက်က မုန့်တွေ၊ ကစားစရာ၊ စားစရာတွေ အမြဲဝင်ရောက်တတ်တာမို့ အုပ်ထိန်းသူတွေ သတိထားမိအောင် ကွန့်မန့်မှာ ပုံတချို့နဲ့ ဒီစာကို မျှဝေပါတယ်။

Crd:original uploader

34 Shares

Add a Comment

Your email address will not be published. Required fields are marked *