ဗုံလုံသီးရဲ့ကျန်းမာရေးလျှို့ဝှက်ချက်များ

15 Shares

ဗုံလုံသီးရဲ. ကျန်းမာရေးလျှို့ဝှက်ချက်များ

ဗုံလုံသီးကတော့ တစ်နှစ်ပတ်လုံး အသီးသီးတဲ့ အပင်အမျိုးအစားဖြစ်ပါတယ်။ သီးသာမက အရွက်များကိုလည်းဟင်းတစ် ခွက်အဖြစ်စားသုံးနိုင်ပါတယ်။ဗီတာမင်တွေ သတ္တုဓတ်တွေ ပါရှိလို့ ကျန်းမာရေးအတွက် သင့်တော်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။

ဗုံလုံသီးထဲမှာတော့ အစိုဓာတ်၊ ကယ်လိုရီ၊ ပရိုတင်း၊ အဆီဓာတ်၊ အမျှင်ဓာတ်၊ ကစီဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်၊ တို့ပါရှိပါတယ်။ ဗုံလုံသီးကိုစားခြင်းအားဖြင့် ချွဲသလိပ်ပျော်စေ ပါတယ်။ အဆုတ်၊တီဘီတို့အတွက် ကောင်းကျိုးပြုတဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်။ ဗုံလုံသီးအရွက်က လည်း ညချွေးထွက်လွန်ခြင်း တို့အတွက်စားသင့်တဲ့ဟင်း တစ်ခွက်ဖြစ်ပါတယ်။.

ရေဓာတ်ပြည့်ဝစွာပါရှိတဲ့ ဗုံလုံသီးဟာ အရေပြားခြောက်သွေ့ခြင်းကို သက်သာစေတဲ့အပြင် ကိုယ်တွင်းအပြူုငိမ်းကာ နွေရာသီအတွက်သင့်တော်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။ အသည်းကိုကောင်းစွာအလုပ်လုပ်ပေးပါတယ်။ နှလုံးကိုအားကောင်းစေပြီး ရင်တုန်းခြင်း ကင်ဝေးအောင် စားသုံးသင့်တဲ့ ဟင်းတစ်ခွက်ပါ။

ဗုံလုံရွက်ကို အရည်ညစ် ဟင်းစားဇွန်(၁) ဇွန်းစာ ကို တစ်နေ့ (၃) ကြိမ်သောက်ပေးရင် နှလုံးကိုပြန်လည်ကောင်းမွန်စေပါတယ်။ ဗုံလုံသီးအရွက်ကို ချေပြီး ပျားရည်ဖြင့်ရောစပ်သောက်ပေးပါက ဖျားနာခြင်းတို့ကို ပျေက်ကင်းနိုင်ပါတယ်။ ဗုံလုံသီးကိုစားပေးပါက အမျှင်ဓာတ်များ ဟာခန္ဓာကိုယ်ရှိ ကလူးကိုစ့်ပမာဏကို ထိန်းသိမ်းပေးနိုင်စွမ်းရှိလို ဆီးချိုရောဂါကို သက်သာစေပါတယ်။

အသဲရောင်အသားဝါဝေဒနာတွေအတွက် ဗုံလုံရွက်ကိုနံနံစေ့နှင့်ရောစပ်ကာပြုတ်ထားပြီး အရည်ကိုတစ်နေ့ (၃)ကြိမ် ခန္ဓာကိုယ်အနံလိမ်းကျံပေးပါက ပျေက်ကင်းနိုင်ပါတယ်။ဝမ်းချုပ် ခြင်းအတွက် ဗုံလုံသီးကိုစားခြင်းဖြင့် သက်သာကောင်းမွန်စြေင်္ပိး အစေချေစနစ်ကောင်းမွန် စေပါတယ်။သက်ကြီးရွယ်အိုတွေ ဝမ်းချုပ်ခြင်းအတွက် ဗုံလုံရွက်နှင့် အမြစ်၊ အစေ့တို့ကို ညက်ညက်ဝါးစားပေးပါက ဝမ်းမှန်စေပါတယ်။

ဗောက်ထနေသူတွေအတွက် ဗုံလုံသီးသတ္တု ရည်ကို ဦးရေပြားတွက်နှိပ်နယ်ပေးခြင်းဖြင့် ဗောက်များကင်းစင်ပြီး ထိပ်ပြောင်ခြင်းတို့ကို လည်းသက်သာစေပါတယ်။ တစ်ကယ်အသုံးဝင်တဲ့ အိမ်တွင်းကုထံုးလေးဖြစ်ပါတယ်ရှင့်။ သတိထားရမဲ့အချက်ကတော့ အလွန်အကျွန်မစားပါနဲ့နော်။ကိုယ်ဝန်သည်တွေ ရှောင်သင့် ပါတယ်။

Credit – pauk pauk

15 Shares

Add a Comment

Your email address will not be published. Required fields are marked *