သင်​စိတ်​ဓာတ်​ကျတဲ့အခါ KFC​ကြက်​​ကြော်​ပိုင်​ရှင်​ကိုသတိရပါ

40 Shares

” KFC ကြက်ကြော်ဆိုင်​တွေကို ကမ္ဘာအနှံ့ ဖြန့်​​ဝေခဲ့သူ ”

KFC ဆိုတာ အမေရိကန် ကြက်ကြော်တစ်မျိုးကို ခေါ်တယ်ဆိုတာ
အခု ရန်ကုန်မှာ KFC ဆိုင် စဖွင့်နေပြီးမို့ လူအတော်များများ
သိနေလောက်ပါပြီး။
KFC ရဲ့ အရှည်ကောက်က kentucky Fried Chicken ပါ။ ဒါပေမဲ့ kfc ဆိုင်ကို လွန်ခဲ့တဲ့ အနှစ်၆၀လောက်က အမေရိကန်နိုင်ငံမှာ စတင်ဖွင့်လှစ်ခဲ့သူ ကာနယ်ဆင်းဒါး (Colonel sanders )ဆိုတဲ့ အဖိုးကြီးကိုတော့ သိသူနည်းပါလိမ့်မည်။ ကြက်ကြော်ဆိုင်လေးတခု ဖွင့်ခဲ့တဲ့ လူတစ်ယောက်အကြောင်း ဘာလို့ထူးထူးထွေထွေ ရေးပြရလဲဆိုတာ သိရအောင် ဆက်ဖတ်ကြည့်လိုက်ပါ။

ကာနယ်ဆင်းဒါး ရဲ့ ငယ်ဘဝအကြောင်းတွေ ရေးပြနေရင် စာရှည်နေမှာစိုးလို့ သူ ဘယ်လိုကနေ kfc ဆိုင် ဖွင့်ခဲ့သလဲဆိုတဲ့ အကြောင်းကိုပဲ ရေးပြပါမယ်။
ကာနယ်ဆင်းဒါးဟာ စစ်တပ်က ဗိုလ်မှူးကြီးရာထူးကနေ ပင်စင်ယူပြီးတော့ ကြက်သားကြော်ရောင်းတဲ့ စားသောက်ဆိုင်လေးတစ်ခု ဖွင့်လှစ်ရောင်းချတယ်။ သူ့ဆိုင်ဟာ အတော်လေး ရောင်းကောင်းနေလို့ စီးပွားရေး အဆင်ပြေနေပါတယ်။ ဒါပေမဲ့ ၄နှစ်လောက်အကြာမှာ ကံကြမ္မာ အလှည့်အပြောင်းကြောင့်လို့ ဆိုရမလားပဲ သူရဲ့ ကြက်ကြော်ဆိုင် စီးပွားရေး ချက်ခြင်းပျက်စီးသွားတယ်။
အဲ့ဒါက ၁၉၅၆ ခုနှစ်မှာပါ ။ ကြက်ကြော်ဆိုင်နဲ့ အတော်ဝေးဝေးမှာ လူနေဆောက်အဦးသစ်တွေများပေါ်လာလို့ သူ့ဆိုင်ကိုလာစားတဲ့ လူတွေ မရှိသလောက် ဖြစ်သွားပါတယ်။ ဒါကြောင့် အရှုံးပေါ်နေတဲ့ သူ့ဆိုင်ကို ပိတ်ပြစ်လိုက်တယ်။သု့ဆိုင် အဆောက်ဦးနဲ့ မြေကွက်ကို ဒေါ်လာ ၇၅.၀၀၀ နဲ့ရောင်းချလိုက်ပြီး သူ့မှာတင်နေတဲ့ အကြွေးတွေကို ဆပ်ပေးလိုက်ရတယ်လို့ လက်ထဲမှာရောင်းရငွေ တစ်ပြားမှ မကျန်တော့ဘူး။
အဲ့ဒီအချိန်မှာ ကာနယ်ဆင်းဒါးဟာ အသက်၆၅နစ်အရွယ် ဖြစ်နေပြီး။
ပင်စင်လစာ ၁၀၅ ဒေါ်လာ လစဉ်ရတော့တယ်။ တကယ်လို့ သူနေရာမှာ သာမန်လူတွေဆိုရင် ဘယ်လိုစဉ်းစားမလဲ ။ အသက်ကလဲကြီးပြီး၊ကောင်းနေတဲ့စီးပွားရေးကလဲ ချက်ခြင်းပျောက်သွားပြီး။ လက်ထဲမှာလဲ လစဉ် မဖြစ်ငလောက် ပင်စင်လေးပဲ ရှိတော့တယ် ။ မထူးတော့ပါဘူးကွာ ။ လောကကြီးဟာ မတရားဘူး။ လက်မြှောက်အရှုံးပေးပါတယ်ဆုပြီး လက်ချော့လိုက်ကျမှာပါ ။ ဒါပေမဲ့ ကာနယ်ဆင်းဒါးဟာ ဘဝကို လွယ်လွယ်နဲ့ အရျုံးပေးတဲ့ လူစားမျိုး မဟုတ်ပါဘူး ။
ဒီတော့ သူဘာလုပ်သလဲ။ သူ့လဲထဲမှာငွေနဲနဲလေးဘဲရှိတယ် ။
ဒါပေမဲ့ အရသာအင်မတန်ရှိတဲ့ အဘိုးအစဉ်အဆက်က ရထားတဲ့ ကြက်သားကြော်လုပ်တဲ့  နည်းနာတစ်ခုကို ပိုင်ဆိုင်ထားတယ် ။ သူ့နည်းနဲ့ဘလုပ်ထားတဲ့ ကြက်ကြော်ကို လူတွေ အရမ်းကြိုက်ကြမယ်လို့ သူယုံကြည်နေတယ်။


ဒါကြောင့် သူကိုယ်ပိုင် ဖိုဒ်မော်တော်ကားဟောင်းကို ကိုယ်တိုင်မောင်းပြီး အမေရိကန်နိုင်ငံအတွင်းက စားသောက်ဆိုင်တွေကို သွားပြီး သူ့ကြက်ကြော်လုပ်နည်းဝယ်မဲ့သူ လိုက်စပ်တယ်။ စားသောက်ဆိုင်တစ်ခုရောက်ရင် သူကိုယ်တိုင် ကြက်တစ်ကောင်းကို ခုတ်ထစ်၊ပြီးတော့ သူ့နည်းနဲ့ ထော်စပ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ရောနယ်ပြီး ကြက်သားကြော်တယ်။ ပြီးတော့ ဆိုင်က လူတွေကို သူကြက်သားကြော်ကို မြည်းစားခိုင်းတယ်။ ဆိုင်အတော်မျာများက သူ့ကြက်ကြော်အရသာကို ကြိုက်ပေမဲ့ သူ့ကြက်ကြော်လုပ်နည်းကို ဝယ်ဖို့တော့
စိတ်မဝင်စားကြဘူး။
အမေရိကန်နိုင်ငံအနှံက စားသောက်ဆိုင်တွေကို တစ်ဆိုင်ဝင် တစ်ဆိုင် ထွက်နဲ့လိုက်စပ်လိုက်တာ တစ်နှစ်နည်းပါးကြာမှ သူ့နည်းကို ဝယ်မဲ့သူတစ်ယောက်တွေ့တော့တယ် ။
အဲ့ဒီလူမတိုင်ခင်အထိသူ့ကြက်ကြော်နည်းကိုဝယ်ဖို့ ငြင်းပယ်တာကို ကာနယ်ဆင်းဒါး ဘယ်နှစ်ကြိမ်း ကြုံခဲ့ရတယ်ထင်သလဲ ။ စုစုပေါင်း(၁,၀၀၉) ကြိမ်ငြင်းပယ်ခံတယ်။ အာဂအဖိုးကြီးပဲ။
ကာနယ်ဆင်းဒါးဟာ သူ့ကြက်ကြော်နည်းကို အပြီးအပြတ်ရောင်းလိုက်တာ မဟုတ်ပါဘူး။ ကြက်ကြော်တစ်တုံး ရောင်းရတိုင်း သူ့ကိုကော်မရှင်ခ တစ်ဒေါ်လာပေးရမယ်။ ဆိုင်ကိုလဲ KFC လို့န်ာမည်တပ်ပြီး ကြက်သားကြော်တာကိုလဲ သူကို ကြီးကြပ်ခွင့်ပြုရမယ်လို့ တောင်းဆိုပါတယ်။
၁၉၆၄ ခုနှစ်လောက် အမေရိကန်နိုင်မှာ KFC ကြက်ကြော်ဆိုင်ခွဲပေါင်း ၆၀၀ လောက်ဖြစ်လာတယ်။ နောက်ဆုံး ကာနယ်ဆင်းဒါး သူကြီးကြပ်နေတဲ့ KFC ဆိုင်ခွဲတွေကို ၂ သန်းနဲ့ရောင်းချလိုက်ပါတယ်။ ဒါပေမဲ့ KFC နဲ့ ပတ်သက်တဲ့ ပြောရေးဆိုခွင့်ရ
ပုဂ္ဂိုလ်တစ်ယောက် အဖြစ် ဆက်လက်လုပ်နေခဲ့တယ်။


ယနေ့ KFC. ဆိုင်ရှေ့မှာ ပြထားတဲ့ ဘောင်းဘီရှည်အဖြူး ကုတ်အင်္ကျီအဖြူ ဆံပင်မုတ်ဆိတ်အဖြူနဲ့မျက်မှန်တပ်ပြီး
တုတ်ကောက်ကိုင်ထားတဲ့ အဖိုးကြီးရုပ်တုဟာ KFC စတင်တီထွင်ခဲ့တဲ့ ကာနယ်ဆင်းဒါး ဖြစ်ပါတယ်။
ကာနယ်ဆင်းဒါးဟာ ၁၉၈၀ ဒီဇင်ဘာလ ၁၆ ရက် အသက် ၉၀ အရွယ်မှာပဲ ကင်တာကီမြို့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်
ချိန်မှာ KFC ဆိုင်ခွဲပေါင်း ၆,၀၀၀ကျောဟာ နိုင်ငံပေါင်း ၄၈ နိုင်ငံမှာ ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

#crd

40 Shares

Add a Comment

Your email address will not be published. Required fields are marked *