မြန်​မာအငတ်​​တွေလို့ Live လွှင့်​ပြီး​ပြောတဲ့ တရုတ်​လူမျိုး

Wechatမှာ Liveလွှင်​ပြီမြန်​မာ​တွေ အငတ်​​တွေ ​ပေးသ​လောက်​​ဈေးနဲ့​ရောင်းတယ်​လို့​ပြောတဲ့ မန္တ​လေး ​ကျောက်​ဝိုင်း​ဈေးထဲကတရုတ်​လူမျိုး

မြန်​မာလူမျိုးများအ​နေနဲ့ တရုတ်​စကား​ပြောကိုနားလည်​ထားသင့်​ပြီဖြစ်​ပါတယ်​။

ဒီသတင်းကို​တော့ Khaing Su Eain အ​ကောင့်​ကတင်​ထားတာပါ


မနေ့ က wechat ကျောက်ဝိုင်းထဲမှာ ကြားခဲ့ရတဲ့  စကားက အရမ်းရင်နာ တယ် ။ ဒေါသထွက်တာ အသားတွေတောင်တုန်တယ် ။ပြန်စဉ်းစားတိုင်း အံကြိတ်ရင်း မျက်ရည်ဝိုင်းမိတယ်။ wechat နဲ့ဖုန်းကိုင်ပြီး ပြည်ကြီးထဲကိုကျောက်တွေတိုက်ရိုက်ရောင်းပေးနေတဲ့ wechat ကိုယ်စားလှယ်တရုတ်က သူ့ ကိုဝိုင်းပြီးကျောက်ရောင်းနေကြတဲ့မြန်မာကျောက်ကုန်သည်တွေကို ဖုန်းနဲ့ လှည့်ပတ်ရိုက်ပြပြီးlive လွှင့် ရင်းပြောလိုက်တာ ။ ဒီမှာကြည့်  မြန်မာတွေ သူတို့ က ငတ်ပြတ်နေကြတာ ကျောက်ကို ဘယ်လောက်ပေးပေး ပေးသလောက်ဈေးနဲ့ ရောင်းတယ် တဲ့  ။တရုတ်စကားနားမလည်တဲ့ မြန်မာတွေက သူတို့ ကိုမိတ်ဆက်ပေးနေတယ်ထင်ပြီး လက်တွေတောင်ဝှေ့ ရမ်းပြီး နိဟောင် လုပ်လိုက်သေးတယ် ။ နိဟောင် လုပ်မနေနဲ့  နင်တို့ ကို အငတ်တွေ လို့ ပြောနေတာဟေ့လို့  ဒေါသထွက်လို့ အသံတွေတောင်တုန်တယ် ။ ရွှေပိုက်ဆံနဲ့ဝယ်တောင်နင့်ကိုမရောင်းဘူး ။ ငါတို့ တိုင်းပြည်က ခောတ်စနစ် မကောင်းခဲ့လို့  ငါတိုမြန်မာတွေ ဒီလို ဘဝရောက်ပြီးဒီလိုအပြောခံနေရတာ။ ကျောက်စိမ်း လို့ နင်တို့ စကြားဖူးကာစ ခောတ်က ငါတို့ မြန်မာအဖိုးအဖွားတွေ ရွှေလီမြစ်ထဲက ကျောက်တုံးတွေ ကိုဆယ်ပြီး လက်ညိုးထိုးရောင်းခဲ့တာတောင် ကျောက်စိမ်းတုံးဆိုပြီး နင်တို့ ဝယ်ခဲ့ ကြဖူးသေးတယ် နင်သိလား ။

အခုလို​ရေးသား​ဖော်​ပြ​ပေးတဲ့ မခိုင်​စုအိမ်​ကို အထူးပဲ​ကျေးဇူးတင်​ပါတယ်
မြန်​မာတို့အ​နေနဲ့ ဘာသာစကားများကို​လေ့လာဖို့လိုအပ်​​နေပြီဖြစ်​ပါတယ်​။

လူမျိုး​ရေး ပဋိပက္ခ များဖြစ်​​စေဖို့မရည်​ရွယ်​ပါဘူး။
မြန်​မာ​တွေမညံ့ဘူးဆိုတာကို သိ​အောင်​ပြ​ပေးမဲ့
လူများ​ပေါ်ထွက်​လာ​စေချင်​တာ​ကြောင့်​ပါ

Blueseasktmm

60 Shares

Add a Comment

Your email address will not be published. Required fields are marked *