​ေဒၚလာ ၂သန္​း​ေက်ာ္​​ေပးမယ္​့ PUPG မုိဘုိင္​းဂိမ္​းျပဳိင္​ပဲြ​ေၾကညာ

28 Shares

Unicode Version]
ဂိမ်းကစားရင်း မီလျံနာ ဖြစ်နိုင်မယ့် PUBG Mobile ကမ္ဘာ့အဆင့်ဂိမ်းပြိုင်ပွဲကြီးကတော့ စတင်တော့မှာပါ။

PUBG Mobile Club Open 2019 နာမည်နဲ့ဒီနှစ် ဇူလိုင်လထဲမှာ စတင်ကျင်းပသွားမယ့် ဂိမ်းပြိုင်ပွဲကြီးဟာ ကမ္ဘာပေါ်မှာ ဆုကြေးအမြင့်ဆုံး PUBG Mobile ဂိမ်းပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ထဲမှာ PUBG Mobile Star Challenge 2018 ကို ကျင်းပခဲ့ပြီး နိုင်ငံနဲ့တိုက်ကြီး ၆ ခုမှ PUBG players တွေ ပါဝင်ခဲ့ပါတယ်။

Photo: Dot Esports

PUBG ရဲ့ ပထမဆုံး eSports ပြိုင်ပွဲရဲ့ Global Finals ပွဲကို နိုဝင်ဘာ ၂၉ ကနေ ဒီဇင်ဘာ၁ ရက်နေ့အထိ ဒူဘိုင်းမျာ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ ကိုယ်စားပြု RRQ Athena က စုစုပေါင်း ရမှတ် ၃၃၆၅ မှတ်နဲ့ဆုကြေး ဒေါ်လာ ၂ သိန်း ပိုက်သွားခဲ့တာပါ။

ပထမအကြိမ် PUBG Mobile Star Challenge 2018 ပွဲဟာ စုစုပေါင်း ဆုကြေး ဒေါ်လာ ၆ သိန်းပေးခဲ့ပြီး ဒီနှစ် PUBG Mobile Club Open 2019 (PMCO 2019) မှာတော့ ဆုကြေးစုစုပေါင်း ဒေါ်လာ ၂ သန်းအထိ ပေးသွားမှာပါ။ PUBG Mobile Star Challenge ဟာ သီးသန့်ဖိတ်ခေါ် ပြိုင်ပွဲဖြစ်ပြီး YouTube Gaming ၊ Twitch ၊ Facebook Live ၊ Smartcast TV ၊ Mixer ၊ Cube Tv ၊ Nimo TV စတဲ့ social media တွေမှာ follower ပေါင်း ၁၀၀၀ နဲ့အထက် ရှိတဲ့ ပလေယာတွေပဲ ဝင်ပြိုင်ဖို့သတ်မှတ်ထားတာပါ။

ဒီနှစ် PMCO 2019 ကတော့ ပရော်ဖက်ရှင်နယ်နဲ့semi-pros အသင်းတွေ ပြိုင်နိုင်မယ့် ပွဲဖြစ်ပြီး Spring Split နဲ့Fall Slit (နွေနဲ့ဆောင်း) နှစ်ပိုင်းခွဲပြီး တစ်နှစ်လုံး ပြိုင်သွားမှာပါ။ တစ်ပိုင်းချင်းစီမှာ ကိုယ်ပိုင် global finals အဆင့်ပြိုင်ရပြီး prize pools တစ်မျိုးစီ ပေးသွားမယ်လို့ဆိုပါတယ်။ ပထမဆုံး Sprint Slit ပွဲစဉ်ကတော့ ဇူလိုင်ကနေ စတင်ယှဉ်ပြိုင်သွားမှာပါ။

Photo: The Esports Observer

ပြိုင်ပွဲဝင်အသင်းတွေဟာ global finals မှာ ဝင်မပြိုင်ခင် ဒေသတွင်းမှာ အဆင့်ဆင့်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒေသအနေနဲ့အရှေ့တောင်အာရှ ၊ တရုတ် ၊ ဥရောပ ၊ မြောက်အမေရိက ၊ အိန္ဒိယ ၊ ဂျပန် ၊ အရှေ့အလယ်ပိုင်း ၊ တောင်အမေရိကနဲ့ကိုရီးယားတို့မှ ပလေယာတွေ ဝင်ပြိုင်နိုင်မယ်လို့ဆိုပါတယ်။

ပြိုင်ပွဲဝင် သတ်မှတ်ချက်များအရ ပလေယာတွေဟာ အသက် ၁၆ နှစ်နဲ့အထက် ဖြစ်ပြီး တစ်သင်းမှာ အနည်းဆုံး ၃ ယောက် နှုန်း ရှိရမှာပါ။ ပြိုင်ပွဲဝင်ပလေယာတွေဟာ ပလတ်တီနမ်အဆင့်မှာ အနည်းဆုံး ရှိရမယ်လို့ဆိုပါတယ်။

[Zawgyi Version]
ဂိမ္းကစားရင္း မီလ်ံနာ ျဖစ္ႏိုင္မယ့္ PUBG Mobile ကမၻာ့အဆင့္ဂိမ္းျပိဳင္ပဲြၾကီးကေတာ့ စတင္ေတာ့မွာပါ။

PUBG Mobile Club Open 2019 နာမည္နဲ ့ဒီႏွစ္ ဇူလိုင္လထဲမွာ စတင္က်င္းပသြားမယ့္ ဂိမ္းျပိဳင္ပဲြၾကီးဟာ ကမၻာေပၚမွာ ဆုေၾကးအျမင့္ဆံုး PUBG Mobile ဂိမ္းျပိဳင္ပဲြလည္း ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ၂၀၁၈ ထဲမွာ PUBG Mobile Star Challenge 2018 ကို က်င္းပခဲ့ျပီး ႏိုင္ငံနဲ ့တိုက္ၾကီး ၆ ခုမွ PUBG players ေတြ ပါဝင္ခဲ့ပါတယ္။

Photo: Dot Esports

PUBG ရဲ့ ပထမဆံုး eSports ျပိဳင္ပဲြရဲ့ Global Finals ပဲြကို ႏိုဝင္ဘာ ၂၉ ကေန ဒီဇင္ဘာ၁ ရက္ေန ့အထိ ဒူဘိုင္းမ်ာ က်င္းပခဲ့ျပီး ထိုင္းႏိုင္ငံ ကိုယ္စားျပဳ RRQ Athena က စုစုေပါင္း ရမွတ္ ၃၃၆၅ မွတ္နဲ ့ဆုေၾကး ေဒၚလာ ၂ သိန္း ပိုက္သြားခဲ့တာပါ။

ပထမအၾကိမ္ PUBG Mobile Star Challenge 2018 ပဲြဟာ စုစုေပါင္း ဆုေၾကး ေဒၚလာ ၆ သိန္းေပးခဲ့ျပီး ဒီႏွစ္ PUBG Mobile Club Open 2019 (PMCO 2019) မွာေတာ့ ဆုေၾကးစုစုေပါင္း ေဒၚလာ ၂ သန္းအထိ ေပးသြားမွာပါ။ PUBG Mobile Star Challenge ဟာ သီးသန္ ့ဖိတ္ေခၚ ျပိဳင္ပဲြျဖစ္ျပီး YouTube Gaming ၊ Twitch ၊ Facebook Live ၊ Smartcast TV ၊ Mixer ၊ Cube Tv ၊ Nimo TV စတဲ့ social media ေတြမွာ follower ေပါင္း ၁၀၀၀ နဲ ့အထက္ ရိွတဲ့ ပေလယာေတြပဲ ဝင္ျပိဳင္ဖို ့သတ္မွတ္ထားတာပါ။

ဒီႏွစ္ PMCO 2019 ကေတာ့ ပေရာ္ဖက္ရွင္နယ္နဲ ့semi-pros အသင္းေတြ ျပိဳင္ႏိုင္မယ့္ ပဲြျဖစ္ျပီး Spring Split နဲ ့Fall Slit (ေႏြနဲ ့ေဆာင္း) ႏွစ္ပိုင္းခဲြျပီး တစ္ႏွစ္လံုး ျပိဳင္သြားမွာပါ။ တစ္ပိုင္းခ်င္းစီမွာ ကိုယ္ပိုင္ global finals အဆင့္ျပိဳင္ရျပီး prize pools တစ္မ်ိဳးစီ ေပးသြားမယ္လို ့ဆိုပါတယ္။ ပထမဆံုး Sprint Slit ပဲြစဥ္ကေတာ့ ဇူလိုင္ကေန စတင္ယွဥ္ျပိဳင္သြားမွာပါ။

Photo: The Esports Observer

ျပိဳင္ပဲြဝင္အသင္းေတြဟာ global finals မွာ ဝင္မျပိဳင္ခင္ ေဒသတြင္းမွာ အဆင့္ဆင့္ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။ ေဒသအေနနဲ ့အေရွ ့ေတာင္အာရွ ၊ တရုတ္ ၊ ဥေရာပ ၊ ေျမာက္အေမရိက ၊ အိႏိၵယ ၊ ဂ်ပန္ ၊ အေရွ ့အလယ္ပိုင္း ၊ ေတာင္အေမရိကနဲ ့ကိုရီးယားတို ့မွ ပေလယာေတြ ဝင္ျပိဳင္ႏိုင္မယ္လို ့ဆိုပါတယ္။

ျပိဳင္ပဲြဝင္ သတ္မွတ္ခ်က္မ်ားအရ ပေလယာေတြဟာ အသက္ ၁၆ ႏွစ္နဲ ့အထက္ ျဖစ္ျပီး တစ္သင္းမွာ အနည္းဆံုး ၃ ေယာက္ ႏႈန္း ရိွရမွာပါ။ ျပိဳင္ပဲြဝင္ပေလယာေတြဟာ ပလတ္တီနမ္အဆင့္မွာ အနည္းဆံုး ရိွရမယ္လို ့ဆိုပါတယ္။

28 Shares

Add a Comment

Your email address will not be published. Required fields are marked *