အမ်ိဳးသား အဂါၤ ကြီးထွားအောင် ခွဲစိတ်ရာမှ ပြင်သစ် စိန်ကုန်သည် ဘီလျှံနာ သူဌေးကြီး သေဆုံး

20 Shares

ပြင်သစ်နိုင်ငံ က စိန်ကုန်သည် ဘီလျှံနာ သူဌေးကြီး အာရေးလာနက်ဟာ အမျိုးသား အဂါင်္ ကြီးထွားအောင် ခွဲစိတ် ကုသရင်း သေဆုံး ခဲ့ပါတယ် ။ ပါရီက ပုဂ္ဂလိက ဆေးရုံတစ်ရုံမှာ လာနက်ဟာ အမျိုးသား အဂါင်္ ကြီးထွားအောင် ခွဲစိတ် ကုသခံရင်း နှလုံးဖောက်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ် ။

အစ္စရေး – ဘယ်ဂျီယံ နွယ်ဖွား သူဌေးကြီး လာနက်ဟာ ခွဲစိတ် ကုတင်ပေါ်မှာပဲ သေဆုံးတာလို့ မီဒီယာသတင်းတွေက ဖော်ပြပါတယ် ။ လာနက်ရဲ့ အမျိုးသား အဂါင်္ထဲ ဆေးထိုးသွင်း ချိန်မှာ ပြဿနာ စပေါ်ကာ သေဆုံးရတာ ဖြစ်တယ်လို့ ဘယ်ဂျီယံ သတင်းတွေက ဖော်ပြပါတယ် ။

သူပိုင် စိန်ကုန်တိုက် Omega Diamonds ကုမ္ပဏီကလည်း သေဆုံးကြောင်းကို အတည် ပြုပါတယ် ။ “ အမြော်အမြင် ကြီးမားတဲ့ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ခွဲခွာ နှုတ်ဆက် ရတာပါ ။ ကျွန်တော်တို့ရဲ့ တည်ထောင်သူကြီး လာနက် ကွယ်လွန်တာကို ပြောရတာဟာ အလွန် ၀မ်းနည်း စရာပါပဲ ။ ” လို့ ကုမ္ပဏီက ထုတ်ပြန် ပါတယ် ။

လာနက်ဟာ ကိုယ်ရဲ့ သွင်ပြင် ပုံပန်းကို အမြဲတမ်း ဂရုစိုက်သူ ဖြစ်ပြီး အခြားသူတွေ သူ့ကို ဘယ်လို ထင်မြင်သလဲ ဆိုတာ အပေါ်မှာလည်း အလေးအနက်ထားတတ်သူ ဖြစ်ပါတယ်လို့ သူ့ရဲ့ မိတ်ဆွေ တစ်ဦးက ပြောပါတယ် ။ “ အာဂျင်တီးနားကြီးလို့ ကျွန်တော်တို့ဟာ သူ့ စိန်ကုန်တိုက်မှာ သူ့ကို ခေါ်လေ့ရှိတယ် ။ ဘာကြောင့်လဲ ဆိုတော့ သူဟာ တန်ဂို အကသမား တစ်ဦးနဲ့ တူလို့ပါပဲ ။ ” လို့ ၎င်းက ပြောသည် ။

ဒါပေမယ့် အမျိုးသား အဂါင်္ ပိုကြီး လိုတဲ့ လာနက် ကတော့ သေဆုံးခြင်း ဆိုက်ခဲ့ ရပြီ ဖြစ်ပါတယ် ။ ကျော်ကြား သူတွေနဲ့ မော်ဒယ်တွေ ကို နှစ်သက်တဲ့ သူဌေးကြီး လာနက်ကို သူ့ရဲ့ မွေးရပ်မြေ အစ္စရေးဆီ နောက်ဆုံး လဲလျောင်းရာ အဖြစ် ပို့ဆောင်မှာ ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်ပါတယ် ။

Crd:original uploader

20 Shares

Add a Comment

Your email address will not be published. Required fields are marked *