ဇနီးသည် ရင်သားကင်ဆာခံစားနေရတာကို သိပြီးနောက် #ကွာရှင်းသွားတဲ့ အမျိုးသား

50 Shares

ဇနီးသည် ရင်သားကင်ဆာခံစားနေရတာကို သိပြီးနောက် #ကွာရှင်းသွားတဲ့ အမျိုးသား

လင်နဲ့မယားရယ်လို့ အိမ်ယာတစ်ခုကို တည်ထောင်ကြတဲ့အခါ တစ်ချို့တွေကတော့ မေတ္တာပေးလို့ မေတ္တာရကြပါတယ်။ တစ်ချို့တွေကတော့ ဆိုးဝါးလှတဲ့ လောကဓံရိုက်ချက်ကို တွေ့လိုက်တာနဲ့ လက်ရှိအိမ်ထောင်ကို ပယ်ပစ်၊ အသစ်ဆီမှာ စားကျက်ရှာတတ်ကြပါတယ်။ အခုလည်း ထိုင်းအမျိုးသမီးရဲ့အဖြစ်က အတော် ရင်နာစရာ ကောင်းပါတယ်။

သူမရဲ့ နာမည်ကတော့ Wiramon Inthaneth ဖြစ်ပြီး၊ အသက်က 36 နှစ် ရှိပါပြီ။ သူမရဲ့ တစ်ကိုယ်ကောင်းဆန် အတ္တကြီးမားလှတဲ့ ခင်ပွန်းသည်က သူမမှာ ကုသလို့မရနိုင်တဲ့ ရင်သားကင်ဆာရောဂါ ခံစားနေရမှန်း သိကတည်းက သားအမိနှစ်ယောက်စလုံးကို ပစ်ထားခဲ့ပါတယ်။ အခုဆို Wiramon ဟာ လူမမယ် သမီးလေးတစ်ယောက်နဲ့ လက်ကျန်ဘ ၀ကို ရင်ဆိုင်နေရပါတယ်။
Wiramon ဟာ ကင်ဆာခံစားရပြီးကတည်းက အလုပ်လည်း မလုပ်နိုင်တော့သလို၊ နေ့စဉ်နဲ့အမျှ ဆေးခန်းကိုသာ သွားနေ
ရလို့ ဆေးစာရိတ်ကလည်း ထောင်းလှပါတယ်။ လက်ရှိအချိန်မှာ Wiramon ရဲ့ ဖခင်၊ တက္ကစီဒရိုင်ဘာကြီးက သမီးအ
တွက် ဆေးစာရိတ်ကို ရှာဖွေပေးနေပြီး၊ ခိုင်မာတဲ့ ရံပုံငွေတစ်ခုရဖို့ ကြိုးစားနေပါတယ်။ သူရဲ့ ၀င်ငွေနဲ့ကလည်း သမီးကို ထိရောက်တဲ့ ထောက်ပံ့မှု မပေးနိုင်ဘူးလေ


ဒါပေမယ့် Wiramon ကို ထောက်ပံ့မယ့် ပရဟိတအလှူရှင် ပေါ်လာခဲ့ပါတယ်။ သူကတော့ Monk Bhin ဖြစ်ပြီး လိုအပ်သမျှကို ထောက်ပံ့မယ်လို့ သိရပါတယ်။ လက်တလောမှာတော့ Monk Bhin ရဲ့ ကြိုစားမှုကြောင့် ရံပုံငွေတွေ တိုးတက်လာကြောင်း၊ အလှူုရှင်တွေကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရပါတယ်


ဆရာတော် Bhin က ” သူ့ကို ကျွန်တော်သွားတွေ့တော့ သူမက ငိုရှာတယ် .. အကြောင်းကတော့ သမီးလေးကို ကြာရှည် မစောင့်ရှောက်နိုင်မှာကိုပဲ တွေးပူနေတာပါ .. သူမရဲ့ သမီးလေးကို စောင့်ရှောက်ဖို့အတွက်လည်း ပိုက်ဆံ လိုသလို၊ ဆေးဖိုးကလည်း လိုနေပါတယ် … “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော်

50 Shares

Add a Comment

Your email address will not be published. Required fields are marked *