လဘက်​ရည်​ဆိုင်​ထိုင်​​နေ​သော အတွဲကို ဆားပုလင်းနှင်း​မောင်​မြင်​​သောအခါ

အိုင်ပီ ရေ ရှေ့ ကအတွဲ တွေ့ လား။
အင်း ဆိုစမ်းပါဦးဗျ။ခင်များ အသိတွေလား။

မသိပါဘူး အိုင်ပီရဲ့
သူတို့အတွဲ ဟာ မေမြို့ က
ဆင်းလာကြတာ မကြာသေးဘူး
အိုင်ပီ။ဆိုင်ကယ် 125နဲ့
အမျိုးသမီး က နောက်က ကားယားခွ ထိုင်လိုက်လာတာဗျ။

ဟာ အတိအကျပါလား
ကိုနှင်းမောင်။

အိုင်ပီရေ ကောင်လေးက
ဆိုင်ကယ်စီးမကျွမ်းဘူးဗျ။
ဂီယာကြီးနဲ့ ဆင်းရမဲ့ ၆ထပ်ကွေ့
လို့နေရာတွေ ရှေ့ ဘရိပ်တွေ
အုပ်အုပ် ဆင်းလာတယ်ဗျ။

ဟာ ခင်များလိုက်ကြည့် လာတာလား။

မခက်ပါဘူး အိုင်ပီရဲ့
ဒီထက် ပိုပြောရရင်
ကောင်မလေး ခမျာ ကြော်ငြာ
ကောင်းပီး အရည်အသွေးမကောင်း တဲ့ အတွင်းခံဝတ်ထားတယ်ဗျို့။

ဟာ ကိုနှင်းမောင် ဘယ်လိုများသိတုန်းဗျာ။
လွယ်ပါတယ် အိုင်ပီရယ်
ခင်များသာ ရဲအုပ် မို့ မသိတာ။
လူတိုင်းသိနေတဲ့ ကိစ္စကို။

ကဲကဲ စားစား သွားရအောင်ရာသီဥတုက ပူလာပြီ။

အော် နှင်းပျောက် တဲ့ နွေ

crd#zaw lin aung

52 Shares

Add a Comment

Your email address will not be published. Required fields are marked *