စာ​မေးပွဲ မ​ဖြေနိုင်​ရင်​ဒီနည်းသုံး​နော်

125 Shares

#စာမေးပွဲ ခန်းထဲမှာ
ကျောင်းသား တစ်​​ယောက်​က
အနားမှာ ရပ်​​နေတဲ့ ဆရာမကို ​ပြောတယ်

” ဆရာမ ”

” ဘာလဲ !”

” ဟို​လေ –မ​လေးမစား လုပ်​တာ မဟုတ်​ပါဘူး -အားနာနာနဲ့ပဲ ​ပြောပါရ​စေ ဆရာမ ”

” ကဲ -​ပြောမှာသာ ​ပြောစမ်းပါ ”

” ဟို​လေ –ဖြစ်​နိုင်​ရင်​ -ဆရာမ ကျ​တော်​နဲ့ ခပ်​​ဝေး​ဝေးမှာ ​နေ​ပေးပါလား ”

” ​အောင်​မယ်​ –ဘာလို့လဲ ?”

” ဟို စိတ်​မဆိုးနဲ့​နော်​ ဆရာမ -ကျ​တော်​က အနံ့အသက်​ မ​ကောင်းရင်​ စာ ​ဖြေလို့ မရလို့ပါ -”

” အမ်​ !- အဲ့ဒါနဲ့ ငါနဲ့က –”

” ဟို ​လေ – ဆရာမဆီက -ချိုင်းနံ့လား မသိဘူး -ရ​နေလို့ -အဲ့ဒါ –”

” အို – ငါဆီက ဟုတ်​လား –”

ဆရာမက သူ့ချိုင်းကို ဟိုဘက်​​မြောက်​လိုက်​ ဒီဘက်​​မြောက်​လိုက်​ဖြင့်​ ပြန်​နမ်းကြည့်​ပြီး

” ငါ​တော့ -ဘာ နံ့မှ မရပါဘူး – ”

” အာ့​တော့ -ဆရာမက အနံ့ ယဉ်​​နေလို့ ​နေမှာ​ပေါ့ ”

“အယ်​ ”

အဲ့​တော့
ဆရာမလည်း ​အောင့်​သက်​သက်​နဲ့
သူ့ကိုယ်​သူ ခဏခဏ ပြန်​နမ်းကြည့်​​နေပြီး

” ​အေး​အေး ဟုတ်​ပါပြီကွယ်​ -ဆရာမ ​​ဝေး​ဝေးမှာ သွားရပ်​​ပေးပါ့မယ်​ ”

” ဟုတ်​ကဲ့ -ကန်​​တော့​နော်​ ဆရာမ -”

” ​အေး​အေး -ရပါတယ်​ကွယ်​ ”

ဆရာမခမျာ
ကျောင်းသား​လေးရဲ့စကားကို
အဟုတ်​မှတ်​ပြီး အခန့်​​ထောင့်​​လေးမှာ သွားရပ်​​နေတယ်
မကြာမကြာ လည်း
နှ​ခေါင်း တရှုပ်​ရှုပ်​နဲ့ သူ့ကိုယ်​သူ နမ်းကြည့်​​သေးတယ်

ကျောင်းသား​လေးက​တော့
ပြုံးစိစိနဲ့ ဘာ​ပြော​ကောင်းမလဲ
စိတ်​ကြိုက်​ ကူးချ​တော့တာ​ပေါ့
အနားမှာ ဆရာမမှာ မရှိ​တော့တာ အဟက်​ဟက်

😂😂😂😂😂😂😂😂😂😂
———————————————
ဟာသ အဖြစ်​သာ ရည်​ရွယ်​ပါသည်
Credit #လူချွန်​​တော်

125 Shares

Add a Comment

Your email address will not be published. Required fields are marked *