မုန်​တိုင်းသတင်း သတိပြုကြပါ

မုန်တိုင်းသတင်း
၅-၁-၂၀၁၉
ညနေ(၆း၀၄)နာရီ

အပူပိုင်းမုန်တိုင်း PABUK ဟာ မြန်မာနိုင်ငံ တနင်္သာရီတိုင်းတောင်ဖက်မှ ထိုင်းနိုင်ငံတောင်ပိုင်းကို ဖြတ်သန်းကာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းသို့ ရွေ့လျှားဝင်ရောက်လျက်ရှိပါတယ်။

ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ်ဆက်လက်တည်ရှိကာ အနောက်မြောက်ဖက်သို့ ဦးတည်ရွေ့လျှားလာမည်ဟု ခန့်မှန်းရပါတယ်။

ဘင်္ဂလားပင်လယ်အော်ရဲ့ အရှေ့အလယ်ပိုင်းသို့ရောက်ရှိလာသောအခါ အားလျော့ကျလာပြီး အရှေ့မြောက်ဖက်သို့ ဦးတည်ရာဖက်ပြောင်းလဲကာ ဆက်လက်ရွေ့လျှားမည်ဟု ခန့်မှန်းရပါတယ်။

(၈-၁-၂၀၁၉)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် နောက်နာရီ(၁၂၀)အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများဖြစ်သော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်းပြည်နယ် တို့မှ လွဲ၍ ကျန်တပြည်လုံးတွင် အချိန်အခါမဟုတ်မိုးများ နေရာကျဲကျဲ မှ နေရာစိပ်စိပ် ရွာသွန်းနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်
.
ပြန်လည်မျှဝေပေးပါတယ်
လေးစားလျှက်
Bluesea
05-01-2019

6 Shares

Add a Comment

Your email address will not be published. Required fields are marked *