အားလုံးပဲ ဒီပို့စ်ကို ကျော်မသွားဘဲ တစ်ချက်ဖတ်ကြည့်ပေးပါခင်ဗျာ။

အားလုံးပဲ ဒီပို့စ်ကို ကျော်မသွားဘဲ
တစ်ချက်ဖတ်ကြည့်ပေးပါခင်ဗျာ။

..ကျွန်တော်ကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပါ။
ကျွန်တော် ဒီနေ့ တောဖက်က အမျိုးတွေအိမ်သွားလယ်ရင်း တွေ့ခဲ့တာပါ။
ပုံကို သေချာကြည့်ပါ။
နွားနှစ်ကောင်လုံးရဲ့ ပါးစပ်တွေကို ဝါးခြင်းအသေးတွေနဲ့ ပိတ်ထားပါတယ်။ တွေးကြည့်ဗျာ ဒီလိုဆိုရင် နွားလေးတွေ အစာစားရင် ဘယ်လိုစားကြမလဲ ။
နွားလေးတွေလည်းကြည့်အုံး ပိန်လှီပြီး
အစာမစားရတဲ့ပုံ။

နွားတွေအတွက် ပိုက်ဆံမရှိလို့ ကောက်ရိုး ဝယ်မကျွေးနိုင်တာကို ကျနော်လက်ခံပါတယ်။ ဒါပေမဲ့ ဒါမျိုး ပါးစပ်ကြီးတွေကို ပိတ်ထားတာကတော့ ဗုဒ်ဓ ဘာသာဝင်တိုင်း မလုပ်သင့်တဲ့ လုပ်ရပ်ပါ။
ကံ ကံ၏ အကျိုးကို မယုံကြည်တာလား။ ဝဋ် ဆိုတာကို မကြောက်ကြဘူးလား။ တောသားတွေရဲ့ ကိုယ်ချင်းစာတရားဆိုတာ ဘယ်မှာလဲ မေးခွန်းထုတ်စရာပါ။

ကျနော်ကတော့ ဒါမျိုးလုပ်ရပ်ကို အပြင်းအထန်ရှုတ်ချပါတယ်။ သတ္တဝါပေမဲ့ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပါ။
ဒါမျိုး ဘယ်တော့မှ မလုပ်သင့်ပါဘူး။

ဒီပုံကိုသာ နိုင်ငံခြားသားတွေ မြင်သွားရင်..
” မြန်မာနိုင်ငံရဲ့ တောသားတွေက တိရစ္ဆာန်တွေကို အစာမကျွေးဘဲ ခိုင်းတဲ့အပြင် ရက်စက်တဲ့နည်းတွေသုံးပြီး ပါးစပ်ကိုပါ ပိတ်ထားသေးတယ်…” လို့ ပြောရင် ကျနော်ကတော့ ရှက်လို့သေမှာပါပဲ။
တိရစ္ဆာန် ပေမဲ့ ခိုင်းချိန်တန်ခိုင်း အစာကျွေးချိန်အစာကျွေးရတယ်ဆိုတာကို မသိကြဘူးလားဗျာ။

နွားလေးတွေမှာ ဘာအပြစ်ရှိလို့ ဒီလိုလုပ်ထားရတာလဲ….?
စိတ်ဓါတ်တွေ အောက်တန်းမကျကြပါနဲ့။
ပညာမတတ်ပေမဲ့ ကိုယ်ချင်းစာတရား ထားနိုင်ကြပါစေ..😒😒😒

သီဟ​သောင်း
၁၂/မထသ (နိုင်‌)######
တာ‌မွေမြို့နယ်‌။ ရန်‌ကုန်‌မြို့

4 Shares

Add a Comment

Your email address will not be published. Required fields are marked *