တနင်္သာရီ ဝန်ကြီးချုပ်ကိစ္စ နိုင်ငံတော်သမ္မတ အမိန့်ထွက်ပြီ

23 Shares

တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို ယ နေ့မှ စ၍ တာဝန်မှ ရပ်စဲ လိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံးက အမိန့် ကြေ ညာ ချက် ထုတ် ပြန် လိုက် သည် ။ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲလဲ့မော် ကို မတ် လ ၁၀ ရက် နေ့ ည နေ ၃ နာရီ ခွဲ ခန့် က ကော့သောင်း ရဲစခန်း တွင် ဖမ်း ဆီး ထိန်း သိမ်း ထား ကြောင်း ခိုင် မာ တဲ့ သတင်း အရင်း မြစ် မှ စုံစမ်း သိ ရ ပါ တယ် ။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ သည် ဘုတ်ပြင်း မြို့နယ် ၊ ပြည်ကြီး မဏ္ဍိုင်မြို့တွင် ဒေသခံ များ နှင့် တွေ့ဆုံ ပွဲ ပြုလုပ် ပြီး ချိန် မှာ ရဲ တပ် ဖွဲ့ က ဖမ်းဆီး ထိန်း သိမ်းလိုက် တာ ပါ ။

“ ပြည်ကြီး မဏ္ဍိုင်မြို့ က ဒေသခံ တွေ နဲ့ တွေ့ဆုံပွဲ အပြီး မှာ ထိန်းသိမ်း လိုက် တယ် ။ သူတစ်ယောက် တည်း ကို ကား နဲ့ ကော့သောင်းကို ခေါ် သွား တယ် ။ ကရသူရိမြို့ က တွေ့ဆုံ ပွဲ မှာ တော့ ဝန်ကြီးချုပ် မပါတော့ဘူး ၊ အစိုးရ အဖွဲ့ ဝန်ကြီးတွေ နဲ့ ပဲ တွေ့ဆုံပွဲ လုပ် ခဲ့ တယ် ။ အခု ဝန်ကြီးချုပ်ကို မြို့နယ် ရဲမှူး အခန်း ထဲ မှာ ထိန်း သိမ်း ထား တယ် ” လို့ ကော့သောင်း မြို့နယ် ဒေသခံ တစ်ဦး က ပြော ပါ တယ် ။
ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် နှင့် တာဝန် ရှိ သူ များ အဂတိ လိုက်စားမှု ရှိ သည် ဟု ဆို ကာ စုံစမ်း စစ်ဆေး ပေး ရန် ထားဝယ် နှင့် မြိတ် တို့မှ ဒေသခံ ၁၀၀ ကျော် က နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည် ၊ နိုင်ငံတော် သမ္မတ နှင့် NLD ဗဟိုတိုင်ကြားစာ ဌာန သို့ တိုင်ကြားစာများ ပေးပို့ တာ ကြောင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ၁၄ ဦး က လည်း ဒေသခံ များ ရဲ့ တိုင် ကြား ချက် ကို အ ထောက် အ ထား များ ပေး ပို့ တင် ပြ တာ ကြောင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် မှ စစ်ဆေး မှု များပြု လုပ် ပြီး ပြစ်မှု ထင်ရှား တာ ကြောင့် ဖမ်းဆီး ထိန်းသိမ်း လိုက် ကြောင်း သိရ ပါ တယ်။

Credit : မြတ်ထွဋ် (မြိတ်)

23 Shares

Add a Comment

Your email address will not be published. Required fields are marked *