မကြာမီ ကမောက်ကမ ဖြစ်တော့မည့် လွှတ်တော်ကြီးအား တပ်မတော်သားအမတ်များက ထိန်းကျောင်းဖို့လိုမည်ဖြစ်ကြောင်း သူရဦးရွှေမန်းပြော

မကြာမီ ကမောက်ကမ ဖြစ်တော့မည့် လွှတ်တော်ကြီးအား တပ်မတော်သားအမတ်များက ထိန်းကျောင်းဖို့လိုမည်ဖြစ်ကြောင်း သူရဦးရွှေမန်းပြော
===============================================

ပြီးခဲ့တဲ့ ရက်ပိုင်းက ရုတ်သိမ်းခြင်းခံခဲ့ရသည့် ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မကြာမီ ကမောက်ကမ ဖြစ်တော့မည့် လွှတ်တော်ကြီးကို တပ်မတော်သား အမတ်များ ထိန်းကျောင်းဖို့လိုကြောင်း မီဒီယာတစ်ခုနှင့် ၎င်း၏ နေအိမ်တွင်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

မီဒီယာနဲ့တွေ့ဆုံစဉ် မကြာမီမှာ လွှတ်တော်အတွင်း ဖွဲ့စည်းပုံပြင်ဆင်းရေးနှင့်ပတ်သက်ပြီး အဖွဲ့ချုပ်၏ ဥပဒေကိုလျစ်လျှူရှုလုပ်ဆောင်နေမှုများနှင့် နာယက မူမုန်မှုများကြောင့် လွှတ်တော်တွင် မမောက်မက ဖြစ်လာမည့်အရိပ်အယောင်များ မြင်တွေ့နေရကြောင်း ဒီလိုအခြေအနေမျိုးမှာ တပ်မတော်အနေနှင့် အမုန်းခံပြီး လူကြမ်းဝင်လုပ်မှသာလျှင် ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆက်လက်ပြီး သူရဦးရွေှ့မန်းမှ “ဥပဒေပြုရေးဆိုတာ လွှတ်တော်တစ်ခုရဲ့အဓိကလုပ်ငန်း တာဝန်ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတွေရဲ့လွှတ်တော် တွေမှာ ဥပဒေပြုရေး အာဏာရှိသလို၊ ကွန်မြူနစ်နိုင်ငံများ၊ တစ်ပါတီစနစ်နဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံများရဲ့ လွှတ်တော်များ မှာလည်း ဥပဒေပြုရေး အာဏာရှိတယ်။ သို့သော် တစ်ပါတီစနစ်မှာတော့ အတိုက်အခံ ရယ်လို့ မရှိတဲ့အတွက် အစိုးရ သို့မဟုတ် ပါတီက တင်သွင်းသမျှ ဥပဒေကြမ်းတွေဟာ အတည်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီလိုလွှတ်တော်မျိုးကို ရာဘာတံဆိပ်တုံး လွှတ်တော်လို့ ခေါ်လေ့ရှိတယ်။ ဒါပေမယ့် ဒီမိုကရေစီစနစ်မှာလည်း လွှတ်တော်ထဲမှာ တစ်ပါတီ တည်းက အများစုရထားတဲ့အခါမှာလည်း အတိုက်အခံ ပါတီ ရှိနေပေမယ့် အာဏာရပါတီ တင်သမျှ ဥပဒေကြမ်းတွေက အတည်ဖြစ်ဖို့များတယ်။ မြန်မာနိုင်ငံမှာ ဖဆပလ အာဏာ ရစဉ်ကာလမှာ ဒီလိုပဲဖြစ်ခဲ့ဘူးတယ်။ သို့သော် ဘာပဲဖြစ်ဖြစ် ဥပဒေ ပြုရေးဟာ လွှတ်တော်တစ်ခုရဲ့ အဓိကလုပ်ငန်း ဖြစ်တဲ့အတွက် ဥပဒေပြုရေးတာဝန်မှ မရှိဘူးဆိုရင် ဒါဟာ အတိုင်ပင်ခံ သက်သက်၊ ရုပ်ပြသက်သက်ပဲ ဖြစ်မှာပါ။ အရှင်းဆုံးဥပမာပြရရင် ကိုလိုနီခေတ်က ဘုရင်ခံအတိုင်ပင်ခံ ကောင်စီလိုမျိုး ဖြစ်တယ်။ ဒါပေမယ့် လာမယ့် လွှတ်တော်တွေမှာ ဥပဒေပြုမယ့်သူအများစုဟာ လွှတ်တော်ပြင်ပနိုင်ငံရေးတွေသာလုပ်ခဲ့ပြီး အတွေ့အကြုံ လုံးဝမရှိသူများ၊ ဥပဒေနဲ့ မနီးစပ်သူများနဲ့ ပညာအရည်အချင်း အားနည်းသူတွေ အများစု ဖြစ်နေတာကို အားလုံးမြင်တွေ့ခဲ့တာပဲ။ ကျွန်တော် တို့တာဝန်ယူခဲ့တဲ့ ပထမအကြိမ် လွှတ်တော်မှာတုန်းက အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်သူတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ အများအပြားပါခဲ့တာကြောင့် အပြောင်းအလဲကို ဣနြေ္ဒရရနဲ့ ထိန်းသိမ်းနိုင်ခဲ့တယ်။ ဒါပေမယ့် လက်ရှိလွှတ်တော်တွင်း ပါတဲ့သူတွေဟာ အခုမှ အခြေခံဥပဒေဖတ်ပြီး၊ သင်တန်းတက်နေရတဲ့ သင်တန်းသားများ ဖြစ်တာကြောင့် ခြေဥပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လွှတ်တော်တွင်းမှာ ကမောက်ကမတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကို တပ်မတော်သားတွေအနေနဲ့ အမုန်းခံပြီး ထိန်းကျောင်းမှသာ နိုင်ငံအတွက် အဆင်ပြေမယ်” ဟု၎င်းက ဆိုသည်။

#သူရဦးရွှေမန်း
#ThuraOo
Credit ;

45 Shares

Add a Comment

Your email address will not be published. Required fields are marked *